အင်းလေးကန်ထဲက ရွာပေါင်း ၂၀၀ ကျော် ရေဘေးသင့်နေ

Local News
အင်းလေးကန်ထဲက ရွာပေါင်း ၂၀၀ ကျော် ရေဘေးသင့်နေ

ဓာတ်ပုံ ပုံစာ,စက်တင်ဘာ ၁၃ ရက်နေ့က မြင်ရတဲ့ အင်းလေးဖောင်တော်ဦးဘုရား
ရှမ်းပြည်နယ်တောင်ပိုင်းက နာမည်ကျော် အင်းလေးကန်ထဲက ရွာပေါင်း ၂၀၀ ကျော် ရေဘေး သင့်နေတယ်လို့ မြေပြင်သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

အင်းလေးကန်ထဲမှာ ရွာပေါင်း ၄၀၀ နီးပါးရှိပြီး ရေပြန်ကျဖို့ ၂လ နီးပါးကြာနိုင်တယ်လို့လည်း အင်းလေးဒေသခံတွေက ဘီဘီစီ ကို ပြောပါတယ်။

“ဖောင်တော်ဦးဘုရားပွဲတောင် လုပ်ဖြစ်ဖို့တောင်မသေချာလောက်ဘူး၊ ဘုရားအောက်ခြေက ဆိုင်တွေ ရော၊ ဟိုတယ်တွေကော ရေမြုပ်နေပြီ။ ဘုရားက ရွာစဥ်ကြွတာ ရွာတွေမှာရှိတဲ့ ဘုန်းကြီးကျောင်းတွေလည်း ရေမြုပ်နေပြီလို့” အင်းလေးကန် အင်းခြံရွာ သူတစ်ဦး က ဘီဘီစီကို ပြောပါတယ်။

အောက်တိုဘာလမှာလုပ်တဲ့ ဖောင်တော်ဦးဘုရားပွဲတော်ရက် နားနီးရင် အင်းလေးကန် ထဲမှာ ရေ ၄ ၊ ၅ ပေတက်လေ့ရှိပေမဲ့ ဒီနှစ်မှာတော့ ၁၃ ပေ ကျော်အထိ ရေတက်နေတယ်လို့လည်း ‌ပြောပါတယ်။

“အစ်မတို့အိမ်ဆို ခြေတန်ရှည်အိမ် ၁၃ ပေကျော် မြင့်တယ်။ အဲဒီအမြင့်တောင် အိမ်အောက် ထပ် မြုပ်တယ်” လို့ အင်းလေးကန်ထဲက အင်းခြံရွာမှာနေထိုင်တဲ့ အမျိုးသမီးတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

စက်တင်ဘာလ ၁၇ ရက် အထိ အင်းလေးရေဘေးသင့်ဒေသခံတွေကို အကူအညီသွားပေးနေတဲ့ တစ်ဦးကတော့ အင်းလေးကန်ထဲမှာ လျှပ်စစ်မီးနဲ့ ဖုန်းလိုင်းတွေ ပြတ်တောက်နေပြီး ရေတက်သေးတယ်လို့ ဘီဘီစီ ကို ပြောပါတယ်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...