တစ်ဒေါ်လာ ၅၀၀၀ ကျပ်အောက်ပြန်ကျ

Local News
တစ်ဒေါ်လာ ၅၀၀၀ ကျပ်အောက်ပြန်ကျ

ယခုရက်ပိုင်းအတွင်း ဒေါ်လာဈေးနှုန်းဆက်တိုက်ကျဆင်းလာပြီး ယနေ့ (စက်တင်ဘာ ၂၇ ရက်) နံနက် ၁၀ နာရီခွဲတွင် တစ်ဒေါ်လာ ၅၀၀၀ ကျပ်အောက်ကျဆင်းလာကြောင်း နိုင်ငံခြားငွေကြေး ဈေးကွက်အတွင်းမှသိရသည်။

ယနေ့(စက်တင်ဘာ ၂၇ ရက်) နံနက်ပိုင်းတွင် တစ်ဒေါ်လာရောင်းဈေး ၄၉၀၀ ကျပ်၊ ဝယ်ဈေး ၄၈၀၀ ကျပ်၊ ယမန်နေ့(စက်တင်ဘာ ၂၆ ရက်) နံနက် ၁၁ နာရီဝန်းကျင်တွင် တစ်ဒေါ်လာရောင်းဈေး ၅၀၂၀ ကျပ်၊ ဝယ်ဈေး ၄၉၂၀ ကျပ်ဖြစ်ကြောင်း နိုင်ငံခြားငွေကြေးဈေးကွက်အတွင်းမှ သိရသည်။

အွန်လိုင်းဒေါ်လာဈေးကွက်တွင်မူ ယနေ့မွန်းလွဲပိုင်းတွင် ၄၇၀၀ ကျပ်မှ ၄၉၀၀ ကျပ်ကြားတွင် အရောင်းအဝယ်ဖြစ်ကြောင်းသိရသည်။

လက်ရှိဒေါ်လာဈေးကျပြီး ကုန်ဈေးနှုန်းမကျခြင်းကိုကြည့်ပါက ပစ္စည်းပြတ်လပ်နိုင်သည်ကိုပြနေသည့် အညွှန်းကိန်းဖြစ်ကြောင်း၊ စက်သုံးဆီလည်း အလုံအလောက်မရှိသေးသကဲ့သို့ ဆေးဝါးပြတ်လပ်မှုများလည်း တွေ့နေရသေးသောကြောင့် လက်ရှိဒေါ်လာဈေးနှုန်းကျဆင်းမှုအား လအတန်ကြာ ထိန်းထားနိုင်မည့် ပုံစံသိပ်မရှိကြောင်း စီးပွားရေးပညာရေးပညာရှင်တစ်ဦးက လူမှုကွန်ရက်တွင်မှတ်ချက်ပေးရေးသားထားသည်။

ယခု စက်တင်ဘာလဆန်းပိုင်းတွင် ဒေါ်လာဈေးသည် တစ်ဒေါ်လာရောင်းဈေး ၅၆၀၀ ကျပ် ကျော်ရှိခဲ့ပြီး၊ စက်တင်ဘာ ဒုတိယအပတ်တွင် ၅၄၀၀ ကျပ်အောက်သို့ ထပ်မံကျဆင်းခဲ့ကာ ယနေ့ (စက်တင်ဘာ ၂၇ ရက်) တွင် ၅၀၀၀ အောက်သို့ ကျဆင်းလာခြင်းဖြစ်သည်။

ပြီးခဲ့သည့် သြဂုတ် ဒုတိယအပတ်အတွင်း တစ်ဒေါ်လာကျပ် ၇၀၀၀ ကျော်အထိ စံချိန်တင်မြင့်တက်ခဲ့သည်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...