ပုဂံမှာ မိုးကြီးလို့ ရှေးဟောင်းဘုရားတချို့ပြိုကျ

Local News
ပုဂံမှာ မိုးကြီးလို့ ရှေးဟောင်းဘုရားတချို့ပြိုကျ

ပုဂံမှာ မိုးသည်းတာကြောင့် ဆင်က ဘုရားပြိုကျခဲ့ပြီး ငှက်ပစ်တောင်ပေါ်က သီဟိုဌ် ပုံဘုရား အောက်ခြေပေါက်ထွက်တာအပြင် ရှေးဘုရားတွေရဲ့ တံတိုင်းအစိတ်အပိုင်းတစ်ချို့ အုတ်ချပ်ကွာတာ၊ ပြုတ်ကျတာတွေရှိနေတယ်လို့ ပုဂံရှေးဟောင်း ယဥ်ကျေးမှုနယ်မြေ ရှေးဟောင်းသုတေသဌာန အရာရှိတစ်ဦးက ပြောပါတယ်။

‘’ဆင်က ဂူဘုရား ပြိုကျ သွားတယ်၊ တစ်ခြမ်းလောက်နီးနီးရှိတယ်။ ငှက်ပစ်တောင်က သီဟိုဌ် ပုံဘုရား ကတော့ အောက်ခြေ ဖောင်းရစ် ပေါက်ထွက်သွားတယ်။ မြေစိုက်စေတီပုံ ဆိုတော့ ပန္နက်ခုံအပေါ်က ဖောင်းလိုင်း ပွင့်သွားတယ်။ …’’ လို့ အဲဒီအရာရှိက ပြောပါတယ်။

ပုဂံမှာ မြစ်ရေမတက်ပေမဲ့ မနေ့တစ်နေ့တည်းမှာတင် မိုးရေချိန် ၉ လက်မအထိ ရွာသွန်းခဲ့တာကြောင့် ပုဂံမြို့ဟောင်းထဲက သရပါဂိတ်အနီးနားက ကျုံးမှာရေတွေ ပြည့်နေခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ရှေးဟောင်းသုတေသန ပညာရှင် ဦးဇေမျိုးလင်းကတော့ ဆင်ကအုတ်တိုက်ရှည် ဘုရားနဲ့ ငှက်ပစ်တောင်ပေါ်က စေတီတို့ဟာ ၁၃ ရာစုလက်ရာ ၁၂ ရာစုလက်ရာတွေဖြစ်ပြီး မိုးများတဲ့ဒဏ်ကြောင့် အခုလို ပြိုကျခဲ့တာလို့ လူမှုကွန်ရက်မှာ ရေးသားပါတယ်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...