ပြည်တွင်းပုဂ္ဂလိကဘဏ်ချေးငွေအတိုးနှုန်းတွေ ၂ ရာခိုင်နှုန်းဝန်းကျင်တက်

Local News
ပြည်တွင်းပုဂ္ဂလိကဘဏ်ချေးငွေအတိုးနှုန်းတွေ ၂ ရာခိုင်နှုန်းဝန်းကျင်တက်
People queue as they wait to withdraw money from automated teller machines (ATM) of AYA Bank in Yangon on March 18, 2021, amid strained banking operations due to the mass protests against the February military coup. (Photo by STR / AFP) (Photo by STR/AFP via Getty Images)

ပြည်တွင်းမှာရှိတဲ့ ပုဂ္ဂလိကဘဏ်တွေရဲ့ ဘဏ်ချေးငွေအတိုးနှုန်းတွေ ဒီနေ့ စက်တင်ဘာ ၁ ရက်ကစပြီး ချေးငွေ အမျိုးအစားပေါ်မူတည်ကာ ၂ ရာခိုင်နှုန်းဝန်းကျင်တိုးမြှင့်သတ်မှတ်လိုက်တယ်လို့ ဘဏ်တချို့ရဲ့hotlineနဲ့ ဝန် ဆောင်မှုရယူထားသူတွေဆီကနေသိရပါတယ်။

ဘဏ်ဘက်က အတိုးနှုန်းတိုးမြှင့်သတ်မှတ်တယ်ဆိုတဲ့အကြောင်း စာတိုနဲ့အရင်အကြောင်းကြားလာတယ်လို့ ရန်ကုန်မြို့က အိမ်ရာချေးငွေယူထားသူတစ်ဦး ဘီဘီစီကိုပြောပါတယ်။

“ဘဏ်ကပြောတာတော့ အများကြီးတက်တာ မဟုတ်ဘူး။တစ်နှစ်တာ ပျမ်းမျှချရင် ပေးနေကျ ထက် သောင်းဂဏန်းပဲ ပိုမယ်လို့တော့ ပြောတယ်။ အခု မီတာခလည်း တိုးကောက်လာ၊ ဘာပဲဖြစ်ဖြစ် တိုးလာ၊ လစာက မတိုးလာ၊ ပေးရမယ့်အကြွေးက တိုးလာတော့ စိတ်တွေညစ်ပါတယ်”လို့ သူကပြောပါတယ်။

အိမ်ရာချေးငွေအပါအဝင် ဘဏ်ချေးငွေအပေါ် အတိုးနှုန်းတိုးမြှင့်သတ်မှတ်လိုက်သလို ဘဏ်အပ်ငွေအမျိုးအစား ပေါ်မူတည်ပြီးလည်း အတိုးနှုန်းတိုးမြှင့်ပေးမှာဖြစ်တယ်လို့ ပုဂ္ဂလိကဘဏ်တချို့က ထုတ်ပြန်ကြေညာထားပါတယ်။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...