ယခုလအတွင်း မြို့ခုနစ်မြို့၌ မိုးရေချိန်စံချိန်သစ်တင်

Local News
ယခုလအတွင်း မြို့ခုနစ်မြို့၌ မိုးရေချိန်စံချိန်သစ်တင်

ယခုစက်တင်ဘာလအတွင်း မြို့ခုနစ်မြို့၌ မိုးရေချိန်စံချိန်သစ်တင်ခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနက ယနေ့ (စက်တင်ဘာ ၁၁ ရက်)တွင် ထုတ်ပြန်သည်။

ယင်းမြို့များမှာ မန္တလေးတိုင်းရှိ သာစည်နှင့်ရမည်းသင်းမြို့၊ ရှမ်းပြည်နယ်၊ ပအို့ဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ပင်လောင်းမြို့၊ ကရင်ပြည်နယ်၊ ဘားအံမြို့၊ ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ လွိုင်လင်မြို့၊ တောင်ကြီးမြို့နှင့် နေပြည်တော်ကောင်စီနယ်မြေရှိ တပ်ကုန်းမြို့တို့ဖြစ်ကြောင်း မိုးဇလကထုတ်ပြန် ထားသည်။

ယနေ့(စက်တင်ဘာ ၁၁ ရက်)တွင် သာစည်(လှိုင်းတက်)စခန်းမှတိုင်းတာချက်အရ မိုးရေချိန်စံချိန်သစ် အနေဖြင့် ၃၀၂ မီလီမီတာ ၁၁ ဒသမ ၈၉ လက်မ ရှိပြီး မိုးရေချိန်စံချိန်အဟောင်းအနေဖြင့် ၁၉၇၈ ခုနှစ်၊ စက်တင်ဘာ ၂၆ ရက်တွင် ၁၂၂ မီလီမီတာ ၄ ဒသမ ၈ လက်မရှိကြောင်း၊ ရမည်းသင်း စခန်းမှတိုင်းတာချက်အရ မိုးရေချိန်စံချိန်သစ်အနေဖြင့် ၂၈၅ မီလီမီတာ ၁၁ ဒသမ ၂၂ လက်မ ရှိပြီး မိုးရေချိန်စံချိန်အဟောင်းအနေဖြင့် ၂၀၁၂ ခုနှစ်၊ စက်တင်ဘာ ၅ ရက်တွင် ၁၁၃ မီလီမီတာ ၄ ဒသမ ၄၅ လက်မရှိကြောင်းသိရသည်။

ပင်လောင်းစခန်းမှတိုင်းတာချက်အရ မိုးရေချိန်စံချိန်သစ်အနေဖြင့် ၂၁၈ မီလီမီတာ ၈ ဒသမ ၅၈ လက်မရှိပြီး မိုးရေချိန်စံချိန်အဟောင်းအနေဖြင့် ယခုနှစ် စက်တင်ဘာ ၁၀ ရက်တွင် ၁၀၆ မီလီမီတာ ၄ ဒသမ ၁၇ လက်မရှိကြောင်း၊ ဘားအံ(စိုက်ပျိုးရေးမိုးလေဝသ)စခန်းမှတိုင်းတာချက်အရ မိုးရေချိန်စံချိန်သစ်အနေဖြင့် ၁၈၇ မီလီမီတာ ၇ ဒသမ ၃၆ လက်မရှိပြီး မိုးရေချိန်စံချိန်အဟောင်းအနေဖြင့် ယခုနှစ်စက်တင်ဘာ ၁၀ ရက်တွင် ၁၈၁ မီလီမီတာ ၇ ဒသမ ၁၂ လက်မရှိကြောင်းသိရသည်။

ထို့ပြင် လွိုင်လင်စခန်းမှတိုင်းတာချက်အရ မိုးရေချိန်စံချိန်သစ်အနေဖြင့် ၁၆၅ မီလီမီတာ ၆ ဒသမ ၅ လက်မရှိပြီး မိုးရေချိန်စံချိန်အဟောင်းအနေဖြင့် ၁၉၉၅ ခုနှစ်၊စက်တင်ဘာ ၂၅ ရက်တွင် ၁၁၂ မီလီမီတာ ၄ ဒသမ ၄၁ လက်မရှိကြောင်း၊ တောင်ကြီးစခန်းမှတိုင်းတာချက်အရ မိုးရေချိန်စံချိန်သစ်အနေဖြင့် ၁၅၅ မီလီမီတာ ၆ ဒသမ ၁၁ လက်မရှိပြီး မိုးရေချိန်စံချိန်အဟောင်းအနေဖြင့် ၁၉၈၇နှစ်၊ စက်တင်ဘာ ၈ ရက် တွင် ၁၀၆ မီလီမီတာ ၄ ဒသမ ၁၇ လက်မရှိကြောင်းသိရသည်။

တပ်ကုန်းစခန်းမှတိုင်းတာချက်အရ မိုးရေချိန်စံချိန်သစ်အနေဖြင့် ၁၀၇ မီလီမီတာ ၄ ဒသမ ၂၁ လက်မ ရှိပြီး မိုးရေချိန်စံချိန်အဟောင်းအနေဖြင့် ၁၉၉၈ ခုနှစ်စက်တင်ဘာ ၁၂ ရက်တွင် ၈၄ မီလီမီတာ ၃ ဒသမ ၃၁ လက်မရှိကြောင်း ထုတ်ပြန်ချက်အရသိရသည်။

 

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...