ရေကြီးလို့ ဂေါ်ဖီတထုပ် ၁၀၀၀၀ ဖြစ်သွားတဲ့ တညင်းကုန်းစျေးကြီး (ရေဘေးကြောင့် ကုန်စျေးနှုန်းတွေ တက်ပါတော့မယ်)

Local News
ရေကြီးလို့ ဂေါ်ဖီတထုပ် ၁၀၀၀၀ ဖြစ်သွားတဲ့ တညင်းကုန်းစျေးကြီး
(ရေဘေးကြောင့် ကုန်စျေးနှုန်းတွေ တက်ပါတော့မယ်)

ဒီနေ့ တညင်းကုန်းဈေးသွားတာ အရင်က ကုန်စိမ်း တောင်ပုံရာပုံကနေ အခုရေကြီးလို့ ကားတွေ မဝင်လို့တဲ့.. ဟိုနား ကုန်နည်းနည်း ဒီနားကုန်နည်းနည်း ပဲတွေ့ရတယ်.. အချို့ဆိုင်တွေက လုံးဝပိတ်ထားတယ်..။

ဂေါ်ဖီထုပ် သေးသေးလှီလှီလေး တစ်ထုပ်ကို ၁၀၀၀၀ တဲ့.. ဒါ‌တောင် ရောင်းတဲ့သူရှေ့ဂေါ်ဖီလေး ဆယ်လုံးလောက် အပုံလေးပဲ ရှိတော့တာ.. ဝယ်ချင်ဝယ် မဝယ်ချင်နေဆိုတဲ့ အထာတွေနဲ့..။

ပန်းဂေါ်ဖီ၊ ရွှေပဲ၊ တရုတ်နံနံ၊ ပန်းငရုတ်ပွ တစ်ဈေးလုံး ပစ္စည်းမရှိဘူး။
ငရုတ်သီးစိမ်း တစ်ပိဿာ ၁၀၀၀၀
ခရမ်းချဉ် ၅၀၀၀
ဘိုစားပဲ ၁၂၀၀၀
မုန်ညင်းထုပ် အကျန်လေး တစ်ပိဿာ ၁၂၀၀၀ (အရင်က ရှိလှ ၃၀၀၀၊ ၄၀၀၀ တန်တွေ)
ကန်စွန်းရွက်လွဲလို့ အကုန်အကုန်ဈေးတက်။ ဈေးတက်ပြီး ဘာပစ္စည်းမှ လက်ကျန်သိပ်မရှိ ဖြစ်နေတယ်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...