အသက်ဘေးမှ လွတ်မြောက်စေခဲ့သော ဂါထာတော်

Astrology Religion
အသက်ဘေးမှ လွတ်မြောက်စေခဲ့သော ဂါထာတော်

အစ ကြိုးကြာ …ဆယ့်ခြောက်ခါ နှင့်၊ ဟင်္သာ ကိုးဖြစ် ၊ ခြောက်ဖြစ်ကားခို ၊ ကျီးညိုသုံးခါ ၊ သံသာကျူးဟိတ် …ကရဝိတ် ငါး ၊ လေးကား ကိန္ဒရီ ၊ စာမရီ ဆယ့်ငါး ၊မျောက်ကားတစ်ဆယ်၊ ဆင်ဝယ်ဆယ့်တစ် ၊ နွားဖြစ် ဆယ့်လေး၊ ဧကေး သိန္ဓ၀ ၊ ကျွဲအဌနှင့်၊ သံသာသံညောင်း ဥဒေါင်း နှစ်ခါ ၊ သာလိကာ သတ္တ၊ ဒွာဒသ ကြက်၊ ဝက်ကားဆယ်သုံး ပေါင်းရုံးများစွာ တရာသုံးဆယ့်ခြောက်ဝယ်၌ ၊ အန္တရယ်မငြိ….ဘေးမရှိသည့် ၊…မုနိမြတ်လောင်း ဖြစ်တော်ပေါင်းဟု…အောက်မေ့သဒ္ဓါ….ကြည်ညိုစွာဖြင့် …ခါခါမြတ်နိုး လက်စုံမိုး၍ ၊ ရှိခိုးပူဇော် ဖူးမြော်မာန်လျှော့ ….ကန်တော့အပ်ပါ၏ အရှင်ဘုရား….။

အင်းအဖြစ်လည်း ချကြလေ့ရှိပါတယ်။ အတည့် ၊ ဒေါင်လိုက် ၊ ဇောင်းဖြတ် ဘယ်လိုပေါင်းပေါင်း ဂဏန်းတူ ၃၄ ပဲ ရပါတယ်။

ကျန်တာတွေ မညွှန်းလိုပါ။
ကျွန်တော် ၂၀၀၀/၀၁ လောက်..အသက်အားဖြင့် ၂၄ထဲမှာ အသက်ဘေးနဲ့ သုံးလေးကြိမ်မက ကြုံပါတယ်။
အရက်ဘယ်လောက်သောက်ထားထား….ဒီဘုရားရှိခိုးဂါထာလေးကိုတော့ နှုတ်တိုက်အမြဲရွတ်လေ့ရှိပါတယ်။ ခုလည်း ….မရွတ်တာကြာတာတောင် …အလွတ်ရနေဆဲပါ။
ဘေးဥပါဒ်အန္တရယ်များကနေ ကိုယ်တွေ့…လက်တွေ့လွတ်မြောက်ခဲ့တဲ့
အသက်ကယ်ဂါထာလေးမို့…..
တင်ပေးလိုက်ပါတယ်ခင်ဗျား။
ချမ်းသာကြပါစေ။

 

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...