ဦးရွှေအိုးဘုရားထုလုပ်ပူဇော်ချင်သူများအတွက်ဦးရွှေအိုးဘုရား
အခု ကျွန်တော့်ပို့စ်မှာပြထားတဲ့ ဦးရွှေအိုးဘုရား( ၀ါ စိမ်း နီ ဘုရား )ကို ဦးရွှေအိုးလို ချမ်းသာကြွယ်ဝတဲ့ ဓာတ်ကိုလိုချင်ရင်တော့ ဗားမဲ့ဆရာတော်ဘုရားရဲ့နည်းအတိုင်း မိမိဇာတာအရ အကျိုးပေးသစ်သားနဲ့ ထုလုပ်ပူဇော်တာ အကောင်းဆုံးပါ ။ ဒီလိုထုလုပ်ပူဇော်ခြင်းဖြင့် ( “#လာဘ်လာဘပေါကြွယ်ဝတဲ့အပြင်အိမ်ထောင်ရေးအညံ့အခိုက်တွေမှန်သမျှကိုပါမုချကင်းဝေးစေ” )ပါတယ် ။ ဘုရားထုလုပ်ကိုးကွယ်တဲ့အခါမှာ ဘုရားအပြင် ရှင်သီ၀လီ နှင့် ရှင်ဥပဂုတ္တကိုပါ ထုလုပ်ပူဇော်ရင် ပိုလို့ကောင်းမွန်ပြီး စီးပွားလာဘ်လာဘတွေ တက်ပြီး ဘေးအန္တရာယ် ကင်းစေပါတယ်ဗျာ ။
ဦးရွှေအိုးဘုရားသမိုင်းအကျဉ်း
အင်းဝခေတ်က ဗားမဲ့ဆရာတော်သည်လောကီပညာများကို တတ်ကျွမ်းပါသည် ။
အင်း၀ မန်ကျည်းတန်းနေ ဦးရွှေအိုးဆိုသော သူဆင်းရဲကြီးတစ်ဦးသည် ဆရာတော်ကျောင်းသို့ အစဉ်သဖြင့် သွားရောက်၍ ဆရာတော်ကို နင်းနှိပ်ပေးနေလေသည် ။ ကြာသောအခါ ဦးရွှေအိုး၏ တံတောင်ဆစ်တို့သည် ကျွဲပခုံးများ ထ၍နေပေတော့၏ ။
တစ်နေ့သ၌ မင်းသားတစ်ပါးသည် ဆရာတော်ထံသို့ရောက်လာပြီးလျှင် “ဆရာတော်ဘုရား အခုအခါမှာ နယ်စားကြီး ရာထူး လစ်လပ်နေပါတယ် ။ တပည့်တော်တို့မင်းသားက သုံးပါးရှိပါတယ် ။ အဲဒီနေရာကို တပည့်တော် လိုချင်ပါတယ်ဘုရား”ဟု လျှောက်ထား လိုက်လျှင် “ကောင်းပြီဒကာ”ဟု ဆိုကာကွမ်းရွက်ပေါ်တွင် ထုံးဖြင့် စမရေး၍ ထိုမင်းသားအား ပေးလိုက်လေ၏ ။
ထိုသို့ပေးပြီးနောက် “သုံးရက်အတွင်း ဒကာလိုချင်တဲ့ ရာထူးကိုရလိမ့်မယ်” ဟုလည်း မိန့်မှာတော်မူလိုက်လေ၏ ။
ထိုနောက် အမတ်တစ်ဦး ရောက်လာပြန်၏ ။ ထိုအမတ်ကလည်း “ဆရာတော်ဘုရား အမတ်ချုပ်ရာထူး လစ်လပ်နေပါပြီ ။ တပည့်တော်တို့ငါးဦးဟာ အဲဒီနေရာကို ချိန်ရွယ်နေကြပါတယ်ဘုရား ။ တပည့်တော်ဟာ အဲဒီနေရာကို အလွန်ပဲ လိုချင်ပါတယ်ဘုရား”ဟု လျောက်ထားလျှင် ဆရာတော်သည် ထိုအမတ်အား သပြေညွန့်ခုနစ်ညွန့်ကို ဂါထာခုနှစ်အုပ် စုပ်၍ ပေးလိုက်၏ ။
ထို့နောက် “ဒါယကာအမတ် ငါးရက်အတွင်း အမတ်ချုပ်ရာထူးရလိမ့်မယ် ။ သွားပေတော့”ဟု ပြောလိုက်လေ၏ ။
မကြာမီ၌ပင် ကုန်သည်တစ်ဦး ရောက်လာလေ၏ ။ ထိုကုန်သည်သည်လည်း ဆရာတော်အား“ဆရာတော်ဘုရား တပည့်တော်ဟာ ကုန်သည်လေးဖြစ်ပါတယ်ဘုရား ။ တပည့်တော်ဟာ လုံ့လဝီရိယလည်း ရှိပါတယ် ။ ကုန်သည်ကြီး ဖြစ်လိုလို့ ဆရာတော်ဘုရားကယ်မတော်မူပါ” ဟုလျောက်ထားပြန်လေ၏ ။
ဆရာတော်က ထိုကုန်သည်အား အင်းတစ်ချပ် ချီးမြင့်လိုက်ပြီးလျှင် “ကဲ…ကုန်သည်ဒါယကာလေးရေ ။ ဒီတစ်ပတ်အတွင်းမှာပဲ ကုန်တွေ အဆမတန် မြတ်စွန်းပြီး ကုန်သည်ကြီးဖြစ်သွားလိမ့်မယ်”ဟု မိန့်မှာတော်မူကာ လွတ်လိုက်လေ၏ ။ ကုန်သည်လေးသည် ၀မ်းမြောက်၀မ်းသာနှင့် ပြန်သွားလေ၏ ။
ရက်မကြာမီ၌ မင်းသားသည်လည်းကောင်း အမတ်သည်လည်းကောင်း ကုန်သည်သည်လည်းကောင်း လှူဖွယ်ပစ္စည်းအစုစုဖြင့် ဗားမဲ့ဆရာတော်ကျောင်းသို့ပြန်လည် ရောက်ရှိလာကြလေ၏ ။ မင်းသားကလည်း နယ်စားကြီးဖြစ်ကြောင်း အမတ်ကလည်း အမတ်ချုပ်ဖြစ်သွားပြီ ဖြစ်ကြောင်း ၊ ကုန်သည်လေးကလည်း ဆရာတော် ပြောသည့်အတိုင်း တစ်ခေါက်ထဲ၌ပင်
ကုန်သည်ကြီးဘ၀သို့ရောက်သွားပြီ ဖြစ်ကြောင်းပြောလေ၏ ။ ထို့နောက် ဆရာတော်အား ကန်တော့၍ ပြန်သွားကြလေ၏ ။
ထိုအခါ ဆရာတော်၏ကျောကို တတောင်ဖြင့် ကျိတ်ပေးနေသော ဦးရွှေအိုးက “အရှင်ဘုရားကို တတောင်နဲ့ကျိတ်ပေးလို့တပည့်တော် တံတောင်ဟာ ကျွဲပုခုံးတွေ ဖြစ်နေပါပြီ ။ တပည့်တော်လောက်ဆင်းရဲတဲ့လူဟာ အင်း၀တစ်ပြည်လုံးမှာတောင်မဟုတ်ဘူး ။ မန်ကျည်းတန်း တစ်တန်းလုံးမှာလည်း တပည့်တော်အဆင်းရဲဆုံးပါပဲ ။ ဆန်ကွဲနဲ့ မန်ကျည်းရွက်နဲ့ ပြုတ်သောက်နေရတာ ကြာပါပြီဘုရား ။ တပည့်တော်ကို ကြီးပွားချမ်းသာအောင် ဘာလို့မလုပ်ပေးတာလဲဘုရား”ဟု ရဲဝံ့ပြတ်သားစွာ လျှောက်တင်လေ၏ ။
ထိုအခါဗားမဲ့ဆရာတော်က “နင်ငါ့ဆီမှာဘယ်နှစ်ခါများတောင်းဖူးသလဲ ။ နင့်ဟာနင် နင်းပေးတယ် ။ နှိပ်ပေးတယ် ။ အဲဒီအတွက်နင် ကုသိုလ်တွေ ရနေပြီပဲ ။ တို့လောကီပညာက မတောင်းရင်မပေးရဘူး ။ နင်မတောင်းတော့ငါကမပေးဘူးပေါ့”ဟု မိန့်လိုက်လျှင် ဦးရွှေအိုးက “တောင်းမှ ပေးမယ်ဆိုရင်လည်း အခုပေးပါ ။
တပည့်တော် သူဌေးဖြစ်ချင်ပါတယ်ဘုရား” ဟုပြောလေ၏ ။ ထိုအခါ ဗားမဲ့ ဆရာတော်က ပြုံးရယ်လျက် “အေးအေး နင့်ဘုရားကျောင်းမှာ ကျွန်းသားနဲ့ဘုရားဆင်းတုတော်ထုပါ ။ အနည်းဆုံး(၆ )လက်မ ရှိရမယ် ။
အဲဒီ ဆင်းတုတော်မှာ သင်္ကန်းတော်ကိုအနီရဲရဲ ဆေးပြန်ခြယ် ။
~ပလ္လင်တော်ကိုတော့ အစိမ်းရောင်တောက်တောက်ဆေးခြယ် ။
~ခေါင်းတော်မျက်နှာတော် လက်ဝါးတော်ကိုတော့ တတ်နိုင်ရင်ရွှေချ ။ မတတ်နိုင်ရင် အဝါရောင် တောက်တောက်ကိုခြယ် ။ ပြီးတော့ ……
#
ါဠိ
” ဧဝံ အစိန်တိယာ ဗုဒ်ဓါ
ဗုဒ်ဓဂုဏာ အစိန်တိယာ
အစိန်တိယေ ပသန်နနံ
ဝိပါကော ဟောတု
မမ အစိန္တိယော”
မြန်မာပြန်
“ ဧဝံ အစိန်တိယာ ဗုဒ်ဓါ
ဗုဒ်ဓဂုဏာ အစိန်တိယာ
အစိန်တိယေ ပသန်နနံ
ဝိပါကောဟောတု
မမ အစိန္တိယော။´´
ဒီဂါထာကို (၂၇)ခေါက်ရွတ်ပြီး နေ့စဉ် ရေချမ်း ဆွမ်းတော် အမွှေး ၊ ပန်း စသည်တို့ကို ကပ်လှူပြီး ချမ်းသာအောင်ဆုတောင်းပေတော့ဟု မိန့်လိုက်လေ၏ ။
ဦးရွှေအိုးလည်း ထိုစကားကိုကြားလျှင် ဆရာတော်အားကန်တော့ဦးချ၍ အိမ်သို့ပြန်ပြေးလေ၏ ။ အိမ်သို့ပြန်ရောက်လျင်ဆရာတော်မှာ လိုက်သည့်အတိုင်း အဝါ ၊ အစိမ်း ၊ အနီတို့ကိုချယ်ရန် ဆေးချယ်တတ်သူထံသို့ သွားရောက်၍ အကူအညီတောင်းလေ၏ ။ ဆေးချယ်တတ်သူလည်း ဦးရွှေအိုးအားသနား၍ အခမဲ့ချယ်သပေးလိုက်လေ၏ ။
ထိုနေ့မှစ၍ ဦးရွှေအိုးသည် ဆရာတော်မှာသည့် အတိုင်းပြုလုပ်၍ ဆင်းတုတော်ကို ကိုးကွယ်ခဲ့လေသည် ။ တစ်ပတ်မျှ ကြာသောအခါ မည်သို့ဖြစ်သည်မသိ ။ ငွေကြေးရှိသူတို့သည် ဦးရွှေအိုးကြီးအား ယုံကြည် စိတ်ချရသည်ဆိုကာ ငွေများပေး၍ အလုပ်များစေခိုင်းကြလေ၏ ။ ဤသို့နှင့်ပင်ဦးရွှေအိုးကြီးသည် အလုပ်နှင့်ငွေများ ရရှိလာလေ၏ ။
အကျိုးပေးကား မြန်လှ၏ ။ သုံးနှစ်မျှ ကြာသောအခါ အင်း၀မန်ကျည်းတန်းတွင် ဆန်ကွဲကြို၍ သောက်နေရသော သူဆင်းရဲကြီးငရွှေအိုးအား သူကြွယ်ကြီး ဦးရွှေအိုးဘွဲ့ကိုအင်း၀ဘုရင်ကိုယ်တိုင် ချီးမြင့်ခဲ့လေ၏ ။
ဦးရွှေအိုးမှဆင်းသက်သော မျိုးဆက်ခုနှစ်ဆက်တိုင်တိုင် ထိုဆင်းတုတော်ကို ကိုးကွယ်ခဲ့ကြလေ၏ ။ ထိုခုနစ်ဆက်လုံးအားလည်း ဘုရင်မင်းမြတ်သည် သူကြွယ်ဘွဲ့ကို ချီးမြင့်ခဲ့ရသည်ချည်းဖြစ်၏ ။
(၇) ရက်သားသမီးအပေါင်း ကျန်းမာချမ်းသာ၍
လိုအင်ဆန္ဒတွေ ပြည့်ပါစေ…
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
https://t.me/moenatminmedia
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။