အာဆင်နယ်နှင့်ပွဲတွင် ကွင်းလယ်ကစားသမား ရိုဒရီ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ခြင်းကြောင့် မန်စီးတီးအသင်းအတွက် ထိုးနှက်ချက်ဖြစ်လာ

International News Sports
အာဆင်နယ်နှင့်ပွဲတွင် ကွင်းလယ်ကစားသမား ရိုဒရီ ဒဏ်ရာပြင်းထန်စွာ
ရရှိခဲ့ခြင်းကြောင့် မန်စီးတီးအသင်းအတွက် ထိုးနှက်ချက်ဖြစ်လာ

စပိန်ကွင်းလယ်ကစားသမား ရိုဒရီသည် အာဆင်နယ်နှင့် နှစ်ဂိုးစီသရေကျခဲ့သော ပြီးခဲ့သည့်ပရီးမီးယားလိဂ်ပွဲစဉ်၌ ဒဏ်ရာရရှိသွားခဲ့ခြင်းကြောင့် မန်စီးတီးအတွက် ထိုးနှက်ချက်ဖြစ်လာခဲ့ရသည်။ ရိုဒရီသည် ယခုနှစ် ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း၌ အဆိုပါ အာဆင်နယ်နှင့်ပွဲစဉ်မှသာ ပွဲထွက်ပါဝင်ကစားခဲ့ခြင်းဖြစ်သော်လည်း ပွဲချိန်မိနစ် ၂၀ ၌ပင် ဒဏ်ရာကြောင့် ကွင်းပြင်သို့ ပြန်လည်ထွက်ခွာခဲ့ရခြင်းဖြစ်သည်။

ရိုဒရီသည် အဆိုပါပွဲစဉ်၏ ပွဲချိန် ၁၆ မိနစ်၌ပင် အာဆင်နယ်ကစားသမား သောမတ်စ်ပါတေးနှင့် ထိပ်တိုက်ရင်ဆိုင်ခဲ့မှု၌ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး ကွင်းအတွင်း မိနစ်အတော်ကြာ သေးကုသမှုခံယူခဲ့ရခြင်းလည်းဖြစ်သည်။

မန်နေဂျာ ဂွါဒီယိုလာကမူ လက်ရှိအချိန်တွင် ၎င်း၏ကစားသမားရရှိခဲ့သော ဒဏ်ရာအခြေအနေကို အတိအကျမသိနိုင်သေးကြောင်း ဖွင့်ဟခဲ့သော်လည်း ရိုဒရီသည် ကွင်းအတွင်း လဲကျသွားချိန်ကတည်းက ပေါင်ကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားခဲ့ပြီး ဆေးကုသမှုခံယူနေချိန်တွင်လည်း စိတ်ပျက်လက်ပျက်ဖြစ်နေခဲ့ကာနောက်ဆုံး၌ ပွဲကိုဆက်လက်ကစားနိုင်ခြင်းမရှိခဲ့၍ ကစားဖော် ကိုဗာဆစ်နှင့်လူစားလဲခဲ့ရခြင်းဖြစ်၍ ဒဏ်ရာမှာ ပြင်းထန်မှုရှိနိုင်ကြောင်း သတင်းများကသုံးသပ်ဖော်ပြခဲ့သည်။

ရိုဒရီသည် စပိန်အသင်းနှင့် ပါဝင်ပတ်သက်မှုများကြောင့် ကလပ်သို့နောက်ကျမှ ပြန်လည်ရောက်ရှိလာသူဖြစ်ပြီး ယင်းပွဲမတိုင်မီ ဘရန့်ဖို့ဒ်နှင့်ပွဲ၌ ၄၅ မိနစ်နှင့် အင်တာမီလန်နှင့်ပွဲ၌ မိနစ် ၉၀ သာပါဝင်ကစားခဲ့ရပြီးနောက် ယခုကဲ့သို့ ဒဏ်ရာရရှိသွားခဲ့ခြင်းဖြစ်သည်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...