ONE Friday Fight 81 ပြိုင်ပွဲတွင် စိုးလင်းဦးနှင့် နာဘေးလ်၊ သန့်ဇင်နှင့် တာခဲရုတို့ ယှဉ်ပြိုင်ထိုးသတ်မည်

International News Sports
ONE Friday Fight 81 ပြိုင်ပွဲတွင် စိုးလင်းဦးနှင့် နာဘေးလ်၊
သန့်ဇင်နှင့် တာခဲရုတို့ ယှဉ်ပြိုင်ထိုးသတ်မည်

ဝမ်းချန်ပီယံရှစ်အဖွဲ့အစည်း၏ ONE Friday Fight 81 ပြိုင်ပွဲတွင် မြန်မာ့ရိုးရာလက်ဝှေ့ကျော် စိုးလင်းဦး၊ သန့်ဇင်တို့ ပါဝင်ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်ကြောင်း သိရသည်။
စိုးလင်းဦးအနေဖြင့် ဘင်တန်ဝိတ်မွေထိုင်းအဖြစ် ထိုင်းဖိုက်တာနာဘေးလ်နှင့်လည်းကောင်း၊ သန့်ဇင်သည် ဖလိုင်းဝိတ်ကစ်ဘောက်ဆင်အဖြစ် ဂျပန်ဖိုက်တာ တာခဲရုနှင့်လည်းကောင်း ယှဉ်ပြိုင်ထိုးသတ်မည် ဖြစ်သည်။

ယင်းပြိုင်ပွဲကို စက်တင်ဘာ ၂၇ ရက်တွင် ထိုင်းနိုင်ငံ ဗန်ကောက်မြို့ရှိ လုမ္ဗဏီအားကစားရုံတွင် ကျင်းပမည်ဖြစ်ပြီး တွဲဆိုင်း ၁၂ ဆိုင်း ပါဝင်ကြောင်း သိရသည်။
ရိုးရာလက်ဝှေ့ကျော် စိုးလင်းဦးအနေဖြင့် ONE Championship ONE တွင် သုံးပွဲထိုးသတ်ကာ သုံးပွဲစလုံးကို အလဲထိုးဖြင့် အနိုင်ရရှိထားပြီး ဝမ်းချန်ပီယံရှစ်နှင့် ဒေါ်လာတစ်သိန်းတန်စာချုပ်ချုပ်ဆိုအပြီး ထိုင်းနာမည်ကြီးဖိုက်တာ နာဘေးလ်နှင့်ယှဉ်ပြိုင်ထိုးသတ်မည့်ပွဲလည်းဖြစ်သည်။

အသက် (၂၀) သာရှိသေးသော နာဘေးလ်သည် မွေထိုင်း၊ ကစ်ဘောက်ဆင်၊ ကရာတေး၊ တိုက်ကွမ်ဒိုပညာရပ်များကို ကျွမ်းကျင်စွာကစားနိုင်သူဖြစ်ပြီး ကရာတေးတွင် 1st Dan ၊ တိုက်ကွမ်ဒိုတွင် ခါးပတ်နက်ရရှိထားသူဖြစ်သည်။

မွေထိုင်းပွဲ ၄၂ ပွဲ ထိုးသတ်ထားရာတွင် ၃၆ ပွဲနိုင်၊ တစ်ပွဲသရေ၊ ငါးပွဲရှုံးနိမ့်ထားပြီး ပြီးခဲ့သည့် ဩဂုတ်လအတွင်းကျင်းပသည့် ONE Fight Night 24 ပြိုင်ပွဲတွင် ဘရာဇီးလ်ဖိုက်တာ ဖိလစ်ပီလိုဘိုနှင့်ယှဉ်ပြိုင်ထိုးသတ်ခဲ့ရာ အမှတ်ဖြင့် အနိုင်ရထားသည်။


သန့်ဇင်အနေဖြင့်မှု ONE Friday Fight တွင် နှစ်ပွဲထိုးသတ်ထားရာ နှစ်ပွဲစလုံးကို အလဲထိုးဖြင့် အနိုင်ရရှိထားပြီး ပြိုင်ဘက်ဂျပန်ဖိုက်တာတာခဲယုမှာ ONE ဖလိုင်းဝိတ်ကစ်ဘောက်ဆင် အဆင့်သတ်မှတ်ချက်၌ နံပါတ်နှစ်နေရာတွင် ရပ်တည်နေသူဖြစ်ကြောင်း သိရသည်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...