ကယန်းလက်ဝှေ့မယ် ဘရော်နီကာ ဝမ်းချန်ပီယံရှစ်နှင့် စာချုပ်ချုပ်ဆိုမည်

Local News Sports
ကယန်းလက်ဝှေ့မယ် ဘရော်နီကာ ဝမ်းချန်ပီယံရှစ်နှင့် စာချုပ်ချုပ်ဆိုမည်

ကယန်းလက်ဝှေ့မယ် ဘရော်နီကာအနေဖြင့် လာမည့်နှစ်အတွင်း ဝမ်းချန်ပီယံရှစ်(One Championship) အဖွဲ့အစည်းနှင့် စာချုပ်ချုပ်ဆိုသွားမည်ဟု သတင်းထွက်ပေါ်လျက်ရှိကြောင်းသိရသည်။

ဘရော်နီကာအနေဖြင့် ယခုနှစ်တွင် Thai Fight ဖြင့် စာချုပ်သက်တမ်းပြည့်မည်ဖြစ်ရာ ဝမ်းချန်ပီယံရှစ်၏ ကမ်းလှမ်းချက်အရ စာချုပ်ချုပ်ဆိုသွားဖွယ်ရှိနေခြင်းဖြစ်သည်။
ဘရော်နီကာအနေဖြင့်လည်း Thai Fight နှင့် စာချုပ်သက်တမ်းပြည့်ပါက ဝမ်းချန်ပီယံရှစ်နှင့် လက်တွဲ၍ ပြိုင်ပွဲများထိုးသတ်ရန် စိတ်ဝင်စားနေကြောင်း သိရသည်။
ပြိုင်ပွဲများနှင့် ကာလကြာကင်းကွာနေသည့် ဘရော်နီကာသည် ပြီးခဲ့သည့် ဩဂုတ်လက Thai Fight မှ အာဂျင်တီးနားဖိုက်တာ Florencia ကို အလဲထိုးဖြင့် အနိုင်ရရှိထားကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီလအတွင်း ဘရော်နီကာအနေဖြင့် အမေရိကန်နိုင်ငံသို့ မထွက်ခွာမီ ရက်ပိုင်းအလို၌ ကချင်တိုင်းရင်းသားဖိုက်တာ အောင်လအင်န်ဆန်း၊ ချင်းတိုင်းရင်းသားဖိုက်တာ တီယန်ထန်တို့နှင့် တွေ့ဆုံမည်ဆိုသည့်အကြောင်း ရေးသားမျှဝေရာမှတစ်ဆင့် ဝမ်းချန်ပီယံရှစ်နှင့် လက်တွဲတော့မည့်သတင်း ပိုမိုပျံ့နှံ့လာခဲ့ခြင်းဖြစ်သည်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...