ပါရာဂွေးနှင့်ပွဲစဉ်သည် နိုင်ငံတကာကစားသမားဘ၀ နောက်ဆုံးပွဲဖြစ်ကြောင်း ဆွာရက်ဇ်အတည်ပြု

International News Sports
ပါရာဂွေးနှင့်ပွဲစဉ်သည် နိုင်ငံတကာကစားသမားဘ၀
နောက်ဆုံးပွဲဖြစ်ကြောင်း ဆွာရက်ဇ်အတည်ပြု
Luis Suarez (URU) during the World Cup match between Ghana v Uruguay , in Doha, Qatar, on December 2, 2022.
NO USE POLAND (Photo by Foto Olimpik/NurPhoto via Getty Images)

အင်တာမိုင်ယာမီတိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်က လာမည့်စနေနေ့တွင် ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် ပါရာဂွေးနှင့်ရင်ဆိုင်ရမည့်ပွဲစဉ်သည် ၎င်း၏နိုင်ငံတကာကစားသမားဘ၀ နောက်ဆုံးပွဲဖြစ်ကာ ထိုပွဲအပြီး၌ ဥရုဂွေးလက်ရွေးစင်အသင်းကို နှုတ်ဆက်တော့မည်ဟု ဝမ်းနည်းကြေကွဲစွာ ထုတ်ဖော်ပြောဆိုလိုက်ပြီဖြစ်သည်။

ဆွာရက်ဇ်သည် လက်ရှိအချိန်တွင် (၃၇)နှစ်ရှိပြီဖြစ်ပြီး ၎င်းကိုယ်တိုင်က လာမည့်ကမ္ဘာ့ဖလားပြိုင်ပွဲ၌ ပါဝင်နိုင်ရေးမှာ အင်မတန်ခက်ခဲကြောင်း ခံစားသိရှိရမှုနှင့်အတူ အနားယူရန် ဆုံးဖြတ်ခဲ့ကြောင်းဖွင့်ဟပြောဆိုသွားခဲ့ခြင်း ဖြစ်သည်။

ဆွာရက်ဇ်က “လာမယ့်စနေနေ့အထိ နိုင်ငံအသင်းအတွက် အရာအားလုံးကို ပေးဆပ်ခဲ့ပြီးပြီဖြစ်လို့ စိတ်အေးအေးထားထားပါတယ်။ ကျွန်တော့်အနေနဲ့ နောင်တမရပါဘူး။ ကျွန်တော် နိုင်ငံအသင်းကနေအနားယူမယ်လို့ ကြေညာပါတယ်။ ဘာကြောင့်လဲဆိုရင် ကျွန်တော် နောက်တစ်လှမ်း ဆုတ်ချင်လို့ပါ။ ကျွန်တော်က (၃၇) နှစ်ရှိပြီး လာမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ကစားဖို့ဆိုတာ အင်မတန်ခက်ခဲပါတယ်။ ကျွန်တော် သိတယ်။ ဒဏ်ရာကြောင့် အနားယူတာမဟုတ်ပါဘူး။ ဒီလိုအနားယူခြင်းက ကျွန်တော့်အတွက် အများကြီးသက်သာပါတယ်။ ဒီအဆင့်ကို ဖယ်ထားလိုက်ရင် အဆင်သင့်ဖြစ်နေတယ်လို့ခံစားရတယ်။ပြီးတော့ နောက်ဆုံးပွဲအထိ စိတ်အေးအေးနဲ့ခရီးဆက်မှာပါ”ဟု ဖွင့်ဟခဲ့ခြင်းဖြစ်သည်။

ဆွာရက်ဇ်သည် ဥရုဂွေးအသင်းနှင့်အတူ ကမ္ဘာ့ဖလားပြိုင်ပွဲလေးကြိမ်တိုင် ပါဝင်ကစားထားခဲ့ပြီး ကိုပါအမေရိကဖလားကို ၂၀၁၁ ခုနှစ်တွင် ရယူနိုင်ခဲ့ပြီး စုစုပေါင်း ၁၄၂ ပွဲပါဝင်ကစားကာ ၆၉ ဂိုးသွင်းယူခဲ့ပြီးနိုင်ငံ၏ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်နေသူဖြစ်သည်။

ရေးသားသူ –Standard Daily News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...