အပြောင်းအရွှေ့မူဝါဒသဘောထားကွဲလွဲမှုကြောင့် အိုးလ်ထရက်ဖို့ဒ်သို့ တူချယ် မရောက်ရှိလာနိုင်

International News Sports
အပြောင်းအရွှေ့မူဝါဒသဘောထားကွဲလွဲမှုကြောင့် အိုးလ်ထရက်ဖို့ဒ်သို့
တူချယ် မရောက်ရှိလာနိုင်

ချယ်လ်ဆီးမန်နေဂျာဟောင်း သောမက်စ်တူချယ်သည် မန်ယူကို ကိုင်တွယ်ခွင့်ရရှိမည့် အခွင့်အရေးနှင့်ပတ်သက်၍ အပြောင်းအရွှေ့ဆိုင်ရာသဘောထားကွဲလွဲမှုများကြောင့် ပယ်ချခဲ့ကြောင်း သတင်းများထွက်ပေါ်လာသည်။

မန်ယူသည် ပြီးခဲ့သည့်ရာသီက ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် အဆင့် (၈)နေရာ၌ ပြီးဆုံးခဲ့ပြီးနောက် တန်ဟတ်၏အနာဂတ်ကို ကျယ်ကျယ်ပြန့်ပြန့်ချင့်ချိန်ခဲ့သော်လည်း နောက်ဆုံးအက်ဖ်အေဖလား ဆွတ်ခူးရယူနိုင်ခဲ့မှုနှင့်အတူ နယ်သာလန်သား မန်နေဂျာကို စာချုပ်သစ်ထပ်မံချုပ်ဆိုကာ အိုးလ်ထရက်ဖို့ဒ်တွင်ထပ်မံထားရှိခဲ့ခြင်းလည်းဖြစ်သည်။

သို့သော် သတင်းများ၏အဆိုအရ မန်ယူတာဝန်ရှိသူများသည် အဆိုပါ ဆုံးဖြတ်ချက်မတိုင်မီ တူချယ်နှင့် ပြင်သစ်နိုင်ငံ မိုနာကို၌ တွေ့ဆုံမှုများရှိခဲ့ပြီး တန်ဟတ်၏နေရာတွင် အစားထိုးရန် အလွန်ပင်နီးစပ်ခဲ့သော်လည်း ဂျာမနီသား မန်နေဂျာနှင့် ကလပ်တာဝန်ရှိသူများကြား အပြောင်းရွှေ့ဆိုင်ရာသဘောထား ကွဲလွဲမှုများကြောင့် နောက်ဆုံးတွင် ပျက်ယွင်းခဲ့ရကြောင်း သိရှိလာရခြင်းဖြစ်သည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဂျာမနီအစီအစဉ်တင်ဆက်သူ မာဆယ်ရစ်ဖ်က “ကျွန်တော် မကြာသေးမီက အဲဒီကိစ္စနဲ့ အင်မတန်မှနီးစပ်တဲ့လူတစ်ဦးနဲ့စကားပြောဖြစ်တယ်။ သဘောတူညီမှု ရလုနီးပါးပါပဲ။ ဒါပေမဲ့ အသင်းအတွက် ထည့်သွင်းစဉ်းစားပုံချင်းက မတူခဲ့ဘူး”ဟု ဖော်ထုတ်ပြောဆိုခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ၎င်းက တူချယ်အနေဖြင့် အနာဂတ်တွင် မန်ယူမန်နေဂျာဖြစ်လာနိုင်ခြေနှင့်ပတ်သက်၍လည်း မဖြစ်နိုင်တော့ကြောင်းကို “သူက မီးသတ်သမားမဟုတ်ဘူး။ သူက တစ်ခုခုကို တည်ဆောက်ချင်တယ်။ အဲဒီဒါကြောင့် သူ့အတွက်အပြည့်အဝ ဆုံးဖြတ်နိုင်တဲ့အပြောင်းအရွှေ့ကာလတစ်ခုလိုတယ်။ အရာရာကို ပြောင်းလဲဖို့လိုတယ်”ဟုဆက်လက်ဖွင့်ဟခဲ့သည်။ တူချယ်သည် ချယ်လ်ဆီး၊ ဒေါ့မွန်နှင့် ဘိုင်ယန်တို့တွင် အပြောင်းအရွှေ့မူဝါဒနှင့်ပတ်သက်၍ဘုတ်အဖွဲ့ဝင်များနှင့် ထိပ်တိုက်တွေ့ဆုံမှုများရှိခဲ့ပြီး ၎င်း၏ရာထူးကို စွန့်လွှတ်ခဲ့သူဖြစ်သည်။

ရေးသားသူ –The Standard Time Daily

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...