ဓာတုဆိုးဆေး အခြေခံနည်းပညာသစ်တစ်မျိုးဖြင့် အရေပြားကို
ထွင်းဖောက်ကြည့်ရှုနိုင်
အစားအစာဆိုးဆေးတစ်မျိုးကို အသုံးပြုထားတဲ့ ဆန်းသစ်တဲ့နည်းပညာတစ်ရပ်ဟာ အရေပြားကိုထွင်းဖောက်မြင်နိုင်တဲ့ ကြည်လင်တဲ့အရေပြားအဖြစ် ပြောင်းလဲပေးနိုင်တယ်လို့ သိရပါတယ်။
အမေရိကန်ပြည်ထောင်စု စတန်းဖို့ဒ်တက္ကသိုလ်က သိပ္ပံပညာရှင်တွေဟာ တာထရာဇိုင်း(Tartrazine)လို့ခေါ်တဲ့ အစားအစာဆိုးဆေးတစ်မျိုးအသုံးပြုထားတဲ့ အဲသည့်နည်းပညာကိုသုံးပြီး ကြွက်တွေရဲ့အရေပြားကို ဖောက်ထွင်းမြင်နိုင်တဲ့ အရေပြားအဖြစ် ပြောင်းလဲနိုင်ခဲ့ပါတယ်။
သည်နည်းပညာကြောင့် ဆေးပညာရှင်တွေအနေနဲ့ အပေါ်ယံတစ်သျှူးလွှာတွေကို ထွင်းဖောက်မြင်နိုင်တဲ့ တစ်သျှူးလွှာတွေအဖြစ် ပြောင်းလဲပြီး ကိုယ်တွင်းအင်္ဂါတွေကို စစ်ဆေးနိုင်ဖို့အတွက် လမ်းစပွင့်လာနိုင်တယ်လို့ အမေရိကန်သိပ္ပံပညာရှင်တွေကဆိုပါတယ်။
ဒါပေမဲ့ တာထရာဇိုင်းလို အစားအစာဆိုးဆေးတွေဟာ ဘေးဥပဒ်ရှိနိုင်တဲ့အတွက် အဲ့သည့်နည်းပညာကို အမေရိကန်သိပ္ပံပညာရှင်တွေက လူသားတွေနဲ့တော့ လက်တွေ့စမ်းသပ်မှု မလုပ်ကြရသေးပါဘူး။ တာထရာဇိုင်းဟာ သကြားလုံးတို့လို၊ အားဖြည့်အချိုရည်တို့လို အစားအစာတွေမှာ အတွေ့ရများတဲ့ဓာတုဆိုးဆေးတစ်မျိုးပဲဖြစ်ပါတယ်။
အမေရိကန်သိပ္ပံပညာရှင်တွေဟာ တာထရာဇိုင်းဆိုးဆေးကို အခြေခံတဲ့ နည်းပညာကိုသုံးပြီး ကြွက်တွေရဲ့ ဦးခေါင်းနဲ့ ဝမ်းဗိုက်ပိုင်းအရေပြားတွေကို ထွင်းဖောက်တွေ့မြင်နိုင်တဲ့ အရေပြားအဖြစ် ပြောင်းလဲနိုင်ခဲ့ပါတယ်။
ရေးသားသူ –The Standard Time Daily
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။