ချစ်သူစုံတွဲများ အဆင်ပြေရန် အထူးအစီအမံ

Astrology
ချစ်သူစုံတွဲများ အဆင်ပြေရန် အထူးအစီအမံ

တခါတလေ ချစ်သူနှစ်ယောက်ကြားမှာ ကြားလူ အနှောင့်အယှက်ကြောင့် ချစ်ရသူနှင့် အထင်လွဲ အမြင်လွဲ ဖြစ်ရခြင်း ၊ ရန်ငြိုးထား အမုန်းပွား၍ မိမိအပါးမှ ရှောင်တိမ်းသွားခြင်း စသော ကိစ္စများအတွက် ယတြာဖြစ်ပါတယ် ။

မိမိချစ်ရသူက တနင်္ဂနွေသားသမီး ဖြစ်ခဲ့သော်…
ဒန့်ညွန့် (၂၅)ညွန့်ကို အဝါရောင် ဖဲကြိုးနှင့် စည်း၍ အိမ်ရှိဘုရားကျောင်းဆောင်တွင် ပန်းအိုးထိုး၍ လိုရာဆုတောင်းပါ ။

မိမိချစ်ရသူက တနင်္လာသားသမီး ဖြစ်ခဲ့သော်…
သြဇာညွန့် (၁၄)ညွန့်ကို ထန်းခေါက်ဖာတွင် ထည့်၍ မိမိအိပ်ရာတွင်ထားပေးပါ ။

မိမိချစ်ရသူက အင်္ဂါသားသမီး ဖြစ်ခဲ့သော်
ခရေ(၃၁)ညွန့် ၊ အုန်းညွန့် တစ်ညွန့်ကို အနီရောင် ကြိုးဖြင့် (၁၈)ပတ် တိတိ စည်းနှောင်၍ ဖန်ခွက်တစ်ခုတွင် ထည့်၍ အမြင့်တစ်နေရာတွင် ထားပေးပါ ။

မိမိချစ်ရသူက ဗုဒ္ဓဟူးသားသမီး ဖြစ်ခဲ့သော် ….
ချစ်သူဓာတ်ပုံ နှင့်အတူ စိန်ပန်း(၁၈)ညွန့်ကို ပန်းရောင် ကြိုးနှင့်စည်း၍ မိမိ အိပ်ရာတွင်ထားပေးပါ ။

မိမိချစ်ရသူက ကြာသပတေးသားသမီး ဖြစ်ခဲ့ သော်…
ရွက်လှ(၁၇)ညွန့် ၊ စံပယ်(၃)ညွန့်တို့ကို ကြိုးအစိမ်းနှင့်စည်း၍ အိမ်ရှိ ဘုရားကျောင်းဆောင်တွင် ပန်းအိုး ထိုးပေးပါ ။

မိမိချစ်ရသူက သောကြာသားသမီး ဖြစ်ခဲ့သော်…
သီဟိုဠ်(၂၁)ညွန့်ကို အစိမ်းရောင် ဖန်ပုလင်းတွင် ရေနှင့်အတူ ထိုးစိုက်၍ အိမ်ရှိဘုရားကျောင်းဆောင်တွင် ထား၍ လိုရာ ဆုတောင်းပါ ။

မိမိချစ်ရသူက စနေသားသမီး ဖြစ်ခဲ့သော်….
အုန်းညွန့်(၆)ညွန့် ၊ နှင်းဆီပန်း(၁၉)ပွင့်တို့ကို နှီးဖြင့် စည်းနှောင်း၍ စနေထောင့် ဘုရားတွင် သွားရောက် လှူဒါန်း၍ လိုရာဆုတောင်းပါ ။

လိုအပ်သောသူများ အဆင်ပြေပါစေလို့ဆုတောင်း ပေးလိုက်ပါတယ်ဗျာ ။ မိတ်ဆွေအချင်းချင်း သဘောထားကွဲလွဲရင်လည်း အခုယတြာကို ပြုလုပ်နိုင်ပါတယ် ။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...