ဂမ္ဘီရကြက်ခြေ (သို့) မှော်ကြက်ခြေ

Astrology
ဂမ္ဘီရကြက်ခြေ (သို့) မှော်ကြက်ခြေ

မှော်ကြက်ခြေသည် နှလုံးလမ်းကြောင်းနှင့်
ဦးခေါင်းလမ်းကြောင်းကြားတွင် တွေ့ရတတ်သည်။
ထိုအမှတ်သားသည် နှလုံးလမ်းကြောင်းနှင့်ဦးခေါင်းလမ်းကို မထိစပ်ပဲ အလွတ် ရှိနေရသည်။
တွေ့ရခဲသော အမှတ်အသားလည်း ဖြစ်သည်။
များသောအားဖြင့်တော့ စနေဂြိုလ်ခုံအောက်တွင်
အတွေ့ရ များသည်။

မှော်ကြက်ခြေပါရှိရင် ထိုသူတွေမှာ ဉာဏ်ရည်ထက်မြက်ကြသည်။ လျှို့ဝှက် နက်နဲသော ပညာရပ်တွေကို နားလည်မြန်သည်။ မှော်ကြက်ခြေတည်နေရာအလိုက် ပညာရပ်တွေကို
ထူးချွန်နိုင်သည့် ပါရမီရှင်များ ဖြစ်ကြသည်။

၁။ ကြာသပတေး မှော်ကြက်ခြေ
ကြာသပတေးဂြိုလ်ခုံအောက်တွင် မှော်ကြက်ခြေ
ပါရှိနေရင် သစ္စာ မေတ္တာ သမားဖြစ်သည်။
စိတ်ကောင်း နှလုံးကောင်း ရှိသည်။ လူတို့အပေါ်
သဘောထားပြည့်ဝစွာ လုပ်ကိုင်တတ်သဖြင့်
လူ့အဖွဲ့အစည်းတွေနှင့် ပတ်သတ်ပြီး ထူးချွန်ကာ
အောင်မြင်မည်။ ဘာသာတရားနှင့်ပတ်သတ်ပြီး
ပါရမီပါတာကြောင့် ပေါက်မြောက်နိုင်သည်။

၂။ စနေ မှော်ကြက်ခြေ
စနေဂြိုလ်ခုံအောက် မှော်ကြက်ခြေပါရှိရင်
လျှို့ဝှက်နက်နဲတဲ့ ပညာရပ်တွေအပေါ် စိတ်ပါဝင်စားမည်။ ဂမ္ဘီရ နယ်ပယ်တွင် ပါရမီပါကာ
ထူးချွန်မည်။ စုန်း၊ နတ်၊ မှော်၊ အောက်လမ်း၊ အထက်လမ်း၊ သရဲ၊ ဝိဇ္ဇာ စသည့်ပညာရပ်တွေကို
လေ့လာ သင်ယူ လုပ်ကိုင်မည်။ မသေနိုင်သော
ပညာရပ်တွေ ထူးဆန်းသောနည်းတွေနဲ့ချမ်းသာနည်းများ ရှာဖွေပြီး အောင်မြင်တတ်သည် ။

၃။ တနဂ်နွေ မှော်ကြက်ခြေ
တနဂ်နွေဂြိုလ်ခုံအောက် မှော်ကြက်ခြေပါရှိရင်
မိမိအောင်မြင် ကျော်ကြားဖို့အတွက် ကြံစည်နေတတ်မည်။ ဆေးဝါးနှင့် ဗေဒင် လက္ခဏာ
ပါရမီပါ ထူးချွန်မည်။ အောင်မြင်မည်။

၄။ ဗုဒ္ဓဟူး မှော်ကြက်ခြေ
ဗုဒ္ဓဟူးဂြိုလ်ခုံအောက် မှော်ကြက်ခြေပါရှိရင်
အပြောအဆိုကောင်းမည်။ စီးပွားဉာဏ် ပြည့်ဝမည်။ တီထွင်ဖန်တီး နိုင်စွမ်း ရှိမည်။
စီးပွားရေးလုပ်ငန်းများတွင် သူမတူအောင်
တွေးခေါ်လုပ်ကိုင်နိုင်ခြင်း၊ သိပ္ပံပညာရပ်များ
တွင် အထူးကျွမ်းကျင်ခြင်းကြောင့် ထင်ရှားအောင်မြင်တတ်သည်။
မည်သည့် ပညာရပ် အသက်မွေးကျောင်းမဆို
အဆုံးအစွန်ထိ သင်ယူတတ်ကျွမ်းနိုင်သော
အမှတ်အသားလည်း ဖြစ်သည်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...