ငွေကြေးအကျပ်အတည်းမှ အဆင်ပြေသည့် ယတြာ

Astrology
ငွေကြေးအကျပ်အတည်းမှ အဆင်ပြေသည့် ယတြာ

ငွေကြေးအကျပ်အတည်းမှ အဆင်ပြေစေပါတယ်။

မိမိတို့ဝင်ငွေထဲမှ ပံ့သကူစွန့်မည့်ငွေကို သီးသန့်ဖယ်ထားပါ။
ညအိပ်ခါနီးအချိန်တွင် “နမောတေ”ဂါထာ(၇)ခေါက်ရွတ်ပြီးသိမ်းထားပါ။
တနင်္လာနေ့မနက်စောစောတွင် လမ်းမှာပံ့သကူစွန့်ပေးပါ၊(ငွေကြေးအခက်အခဲများမှ ပြေလည်ကြပါစေ)ဟု စိတ်ထဲမှ ဆုတောင်း၍ ပံ့သကူစွန့်ပါ။
တစ်ပတ်လျှင်တစ်ကြိမ် ပြုလုပ်ပေးပါ၊

ငွေကြေးအကျပ်အတည်းမှ အဆင်ပြေစေပါတယ်။
နမောတေ ဗုဒ္ဓ ဝီရတ္ထု၊
ဝိပမုတ္တော သိ သဗ္ဗဓိ၊
သမ္ဗာဓပ္ပဋိ ပန္နောသမိ၊
တဿ မေ သရဏံ ဘဝ။

လုပ်ငန်းတွေ…အေးသွားပြီလား?

လုပ်ငန်းလေးတွေ လုပ်ရင်းကိုင်ရင်း မိမိရောင်းနေကျ ဖောက်သည်တွေ ပြန်လာ မဝယ်တော့တာတွေ ကြုံဖူးကြ ပါလိမ့်မည်။ဒါ့အပြင် ပြင်ပအလုပ် လာအပ်သူတွေလည်း ဘာကြောင့်မှန်းမသိ နည်းသွားတယ် ကျဲပါးသွားတာ ၊အပြင်က ဝယ်နေကျမိတ်ဆွေတွေ ပျက်သွားခြင်းများအတွက် ကံပြန်ပွင့်အောင် ပြုလုပ်ရပါမည်။ ။ မူရင်းရေးသားသူ ဆရာ ကျော်ဘိုဘိုဟိန်းကို လည်း Credit ပေးပါသည်။

တန်ခိုးကြီး ဘုရားတစ်ဆူတွင်—
တနင်္ဂနွေသားသမီး- ကြာသပတေးထောင့်
တနင်္လာသားသမီး-ဗုဒ္ဓဟူးထောင့်
အင်္ဂါသားသမီး-သောကြာထောင့်
ဗုဒ္ဓဟူးသားသမီး -တနလာင်္ထောင့်
ကြာသပတေးသားသမီး-တနင်္ဂနွေထောင့်
သောကြာသားသမီး-အင်္ဂါထောင့်
စနေသားသမီး-ရာဟုထောင့်
ရာဟုသားသမီး-စနေထောင့် တွေမှာ ရေသက်စေ့ မကြာခဏလောင်းလှုဆုတောင်းပေးခြင်းဖြင့် ကံများပြန်ပွင့်လန်းလာပြီး လုပ်ငန်းလေးတွေ လည်ပတ်ကောင်းမွန် လာပါလိမ့်မည်။ အကြိမ်ကြိမ်လောင်းလှု ဆုတောင်းပေးဖို့တော့ လိုအပ်ပါသည်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...