ညှို့ယူခေါ်ထား…ချစ်ချင်းများ…

Astrology
ညှို့ယူခေါ်ထား…ချစ်ချင်းများ…

လူများများကိုယ့်ကို ချစ်မှခင်မှ ချစ်ခင်မှုတွေနဲ့ အလုပ်လုပ်ကြရသော အနုပညာရပ်ဝန်းမှ ပုဂ္ဂိုလ်များ၊လူများများ နှင့် အလုပ်လုပ်ကိုင်သော ပွဲစားများ ၊ Model များ၊ စျေးကွက်အရောင်းချဲ့ထွင်ရေးအလုပ်သမားများ ၊ ကိုယ့်ကို အကြောင်းမဲ့ကြည့်မရ မျက်မုန်းကြိုးနေချင်းများအတွက် ကောင်းမွန်သော ယတြာလေးတခုကို ရေးသားအပ်ပါ သည်။

ချစ်ချင်းတွေကို ညှို့ယူဖို့အတွက် နှင်းဆီပန်းကိုးပွင့်ပါသော ပိုစတာ သို့မဟုတ် မရှိခဲ့လျှင် နှင်းဆီပန်းကိုးပွင့်ကို A4ဆိုက် ပုံထုတ်ပါ။ ထို့နောက် မိမိရဲ့ ပတ်စပိုစ့်အရွယ် ဓါတ်ပုံကိုးပုံကို ထိုနှင်းဆီပွင့်များပေါ်လိုက်ကပ်ပါ။

ထိုကပ်ထားသော ဓါတ်ပုံကို ပလတ်စတစ်လောင်းပြီး မိမိမွေးနေ့ မနက် ၉း၄၅မှာ မိမိဧည့်ခန်းမှာ ချိတ်ဆွဲပြီး မေတ္တာသုတ်လေးရွတ်ပြီး ရေမွှေးဖြန်းဖြန်းပေးရင်းမျက်နှာမြင် ချစ်ခင်စေဖို့ လေးလေးနက်နက် ဆုတောင်းပါ။ မကြာခင် မိမိကိုထောက်ခံသူပေါများလာပြီး ချစ်ခင်မှုတွေနဲ့ အောင်မြင်ကြော်ကြားလာပါလိမ့်မည် ။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...