မရမရှိလိုတရစေသောစာရွက် (မင်းသိင်္ခ)

Astrology
မရမရှိလိုတရစေသောစာရွက် (မင်းသိင်္ခ)

တစ်နေ့သ၌ ကျွန်ုပ်ထံသို့ မိန်းကလေးတစ်ဦးရောက်လာ လေ၏။ ထိုမိန်းကလေးသည် ကျွန်ုပ်နှင့် တွေ့လျှင်တွေ့ချင်း –
“သမီးယောက်ျားဟာ လောင်းကစားတွေ လုပ်ပြီး မလျော်နိုင်လို့ ထွက်ပြေးသွားတယ်၊ နောက်တစ်ခုက သမီး ကြိုးပမ်းထားတာတွေ ဘာမှဖြစ်မလာဘူး၊ သမီးသူငယ်ချင်း တွေနဲ့အတူ တယ်လီဖုန်း လျှောက်ထားတယ်၊ သူတို့ အကုန်လုံးရတယ်၊ သမီးမရဘူး . . .”
ဟု ပြောလေ၏။ ကျွန်ုပ်လည်း ‘လိုတရ’ စာရွက် တစ်ရွက် ရေးပေးလိုက်၏။ ထိုသို့ရေးပေးပြီးနောက် –
“အဲဒီစာရွက်မှာ ကွက်လပ်ကလေး (၆) ခု ပါတယ်၊ အဲဒီ ကွက်လပ်ထဲမှာ သမီးရဲ့နေ့နံကို ရေးထည့်ရမယ်၊ သမီးက ဘာနေ့ သမီးလဲ . . .”
ဟု မေးလိုက်ရာ ၄င်းက –
“တနင်္လာသမီးပါ အဘ . . .
ဟု ပြောလေ၏။
“အဲလိုဆိုရင် ကွက်လပ်ထဲမှာ (၂)ဂဏန်းလေးတွေ ရေးရမယ်၊ ပြီးတော့မှ ဖယောင်းတိုင်မှာ ပတ်ပြီး မီးထွန်းရမယ်၊ အောက်က ပန်းကန်ပြားခံပြီး မီးထွန်းရမယ်၊ (၉) ရက် ထွန်း ရမယ် . . .၊ ဒီစာရွက်ကလေးကို မိတ္တူကိုးစောင် ကူးလိုက်ပေါ့ . . .”
ဟု ကျွန်ုပ်က မှာကြားလိုက်လေ၏။ ထိုမိန်းကလေး လည်း ပြန်သွားလေ၏။ တစ်ပတ်ခန့် ကြာသောအခါ ကျွန်ုပ်ထံသို့ ပြန်၍ ရောက်လာ၏။

“အဘပြောတဲ့အတိုင်းလုပ်လိုက်တာ တယ်လီဖုန်းရတယ် အဘရေ. . . ၊ အဲဒီတော့ ယောက်ျား လျှော်ရမယ့် ငွေတွေစိုက်ပြီး လျော်လိုက်တယ်၊ အဲဒီတော့ ယောက်ျားလည်း အိမ်ပြန်ရောက် နေပြီ. . .”
ဟု ဝမ်းသာအားရ ပြောလေ၏။

ထို့နောက် ကျွန်ုပ်စားရန်ဟုဆိုကာ မုန့်လက်ကောက်နှင့် ထန်းလျှက်ရည်များ ပေးသွားလေတော့၏။ ကျွန်ုပ်လည်း မုန့်လက်ကောက်ကို မကြိုက်သော်လည်း သာဓု သုံးကြိမ် ခေါ်လိုက် ရလေတော့သတည်း။
ပုံစာခရက်ဒစ်~မင်းသိင်္ခဗေဒင်စာမျက်နှာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...