လက်ပုံစံ(၇)မျိုး

Astrology
လက်ပုံစံ(၇)မျိုး

(၁) အခြေခံလက်။

တိုပြီးတုတ်သည်။ လက်ဝါးပြင်ထူသည်။ လက်ချောင်းများတိုကာ မလှမပသောလက်သည်းရှိသည်။
ရုပ်ပိုင်းဆိုင်ရာသဘောတရားများကို အလေးထားသူဖြစ်ပြီး၊ အတွေးအခေါ်အားနည်းလှသော သူများမှာတွေ့ရတတ်တယ်။ စိတ်ကို လုံးဝမချုပ်တည်းနိုင်သူတွေကများပြီးသူတို့တွေက၊ကာမရမက်ဇောကြီး သူတွေဖြစ် တယ်၊ ဘာလုပ်လုပ်အဆင်အခြင်မဲ့ လုပ်ရပ်တွေကို လုပ်ကိုင်တတ်သူများဖြစ်တယ်။ အထူးသဖြင့် ရာဇဝတ်တရားရုံးတော်မှာ ပြစ်ဒဏ်ချခံရတဲ့လူတွေရဲ့ ၆၀% လောက်က ဒီလိုလက်ပုံစံတွေဖြစ်တာကို တွေ့ရတယ်။

(၂)လေးဒေါင့်လက်

လက်ဝါးပြင်နှင့်လက်ချောင်းအရင်းမှအဖျားက
လေးထောင့်ပုံရှိသည်။
သစ္စာရှိသော သူများနှင့် စည်းစနစ်ကြီးမား သူများတွင်တွေ့ရတတ်တဲ့ လက်ဖြစ်တယ်။ ဒီလူတွေက ရုပ်ဝါဒသမားတွေဖြစ်ပြီး လက်တွေ့ကျကျ ကိုယ်တိုင်ကိုယ်ကျသိလိုက်ရမှ ၊တွေ့လိုက်ရမှ၊လုပ်ကြည့်ရမှ ယုံကြည်သူများ ဖြစ်ကြတယ်။ ရှေးရိုးစွဲ ဝါဒသမားများ၊ ရိုးရာဓလေ့များကို အသက်ထက်ဆုံး စောင့်သိသူများ ၊ဖြစ်ကြတယ်။ ဒီလိုလက်ပိုင်ရှင်တွေဟာ ရိုးရာဓလေ့တွေ၊ဥပဒေနှင့် အမိန့်၊စတာတွေကိုတိတိကျကျ ကောင်းစွာလိုက်နာ ခံယူတတ်တယ်။လုပ်ငန်းကို စနစ်တက်ပြီး စည်းကမ်းကောင်းတာကြောင့်နာမည်ကောင်း ရတတ်သူတွေဖြစ်ကြတယ်။

(၃)
ရင်းကျဥ်းဖျားကျယ် လက်
အရင်းမှအဖျားဖြစ်စေ
အဖျားမှအရင်းဖြစ်စေ ကျဉ်းရာမှ ကျယ်ကြသည်။
စိတ်ကူးကောင်းတဲ့သူတွေဖြစ်တယ်။ ဒါကြောင့်လည်း ကမ္ဘာသမိုင်းမှာရှိတဲ့ ခေတ်သစ်တီထွင်း ဆန်းသစ်သူအတော်များများရဲ့လက်တွေဟာ ဒီလိုပုံစံတွေဖြစ်နေတတ်တယ်။ဒီလိုလူတွေကလေးဒေါင့်လက်သမားတွေလို မဟုတ်ဘူး၊သူတို့က ရှေးရိုးမစွဲတတ်ဘူး၊ဥပဒေနှင့် အမိန့်တွေကိုလည်း တိတိကျကျလိုက်နာချင်မှလိုက်နာကြတာ။ ဘာသာရေးနှင့် အယူဝါဒများကိုလည်း သေချာလေ့လာပြီးမှ ယုံကြည်တတ်သူများဖြစ်တယ်။

(၄)
ဒသနလကျ
လက်ဝါးပြင်ရှည်သလို လက်ချောင်းများရှည်သည်။
လက်ဆစ်များမှာ ဖုထစ်ပြီး မလှမပရှိကြသည်။
နာမ်ဝါဒကို အခြေခံသော လက်ပိုင်ရှင် တွေဖြစ်တယ်လို့ဆိုရမှာဘဲ၊ဒီလက်ပိုင်ရှင်တွေဟာ ဆက်စပ်တွေးခေါ်ခြင်းသဘောတရားတွေရှိတယ်။ဒါကြောင့်လည်း ဒသနလက်လို့ခေါ်တာဖြစ်တယ်။ဒီလိုလက်ပုံစံကို ပိုင်ဆိုင်တဲ့သူတွေကတော့ တရားဓမ္မကို ရှာဖွေသူများဖြစ်တယ်။အိန္ဒိယနိုင်ငံက ဆာဒူး လို့ခေါ်တဲ့ သူတော်စင်များမှာ တွေ့ရတဲ့လက်ပုံစံမျိုး ဖြစ်ပါတယ်။ဒီလိုလူတွေက စီးပွားချမ်းသာခြင်းဆိုတာထက် လောကကို အရှိအတိုင်းမြင်တတ် ကြသူများဖြစ်ကြပါတယ်။ လင်ကွန်း၊ ရှယ်လီ၊ စသည့်ခေါင်းဆောင် အတော်များများကတော့ ဒသနလက်ပိုင်ရှင် တွေဖြစ်ကြပါတယ်။

(၅)ကတော့ချွန်လက်

လှပလုံးသွယ်သောလက်ချောင်းရှိသည်။
အဖျားတွင် ကတော့ကဲ့သို့ ချွန်နေသည်။
စိတ်အလွန်နုသူများအဖြစ်သူတို့ကိုတွေ့ကြရပါတယ်။ ဖော်ရွေသူများဖြစ်ပြီး အနုပညာဘက်မှာ အားကောင်းကြသူတွေပါ။ တေးဂီတပညာရှင်များ၊ သရုပ်ဆောင်သူများ၊ဒါရိုက်တာများ၊စာရေးဆရာများ၊ဇတ်အဖွဲ့များ စသညနယ်ပယ်လောကတွေမှာတော့ ကတော့ချွန်လက်ပုံစံရှိသူတွေကို အများဆုံး တွေ့ရတတ်ပါတယ်။ ဒီပုဂ္ဂိုလ်တွေကတော့ ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်ခြင်းကို မခံစားနိုင်သူများဖြစ်ကြတယ်၊

(၆)စိတ်ကူးယဉ်လက်

လက်ဝါးပြင်ရှည်သည်၊ဗျက်ကျဥ်းသည်။
သွယ်သောလက်ချောင်းရှိသည်။
။ဒီလက်အမျိုးအစားကို ပိုင်ဆိုင်သူတွေကတော့ စိတ်စွမ်းအားအလွန်နည်းပါးတဲ့သူများ မှာတွေ့ရပါတယ်။ယဉ်ကျေးသူများဖြစ်ကြပြီး ခံစားလွယ်သူများဖြစ်တယ်။ သစ္စာရှိပြီး လူတိုင်းပြောသမျှကို ယုံလွယ်သူများလည်းဖြစ်ကြပြန်ပါတယ်။ဒါကြောင့်လည်း စီးပွားရေးလုပ်ငန်းတွေကို ဒီလိုလူတွေဦးဆောင်တဲ့အခါ ဆုံးရှုံးကြရတာများပါတယ်။ လူလိမ်ခံကြရပြီဆိုရင်တော့ ဒီလိုလက်ပိုင်ရှင်တွေက ထိပ်ကပါတတ်တယ်။ လုပ်ငန်းများ လုပ်ကိုင်ရာမှာတော့ များစွာမျှော်လင့်စိတ်ကူးယဉ်သော်လည်း လက်တွေ့လုပ်ပါဆိုတဲ့အခါ ထလုပ်လိုက်တာမျိုးအလွန်အားနည်းတဲ့သူတွေ ဖြစ်ကြတယ်။

(၇) ရောထွေးစုပေါင်းလက်
လေးထောင့်၊ကတော့ချွန်၊စိတ်ကူးယဥ်၊အတွေးအခေါ်လက်တွေ ရောထွေးနေသော လက်ကို
ေခါ်သည်။
ဒီလိုလက်ပိုင်ရှင်တွေကတော့ လူမျိုးပေါင်းစုံ၊ဘာသာပေါင်းစုံဖြင့် ရောထွေးစုပေါင်းနေထိုင် ရမယ်ဆိုရင်လည်း သူတို့ပျော်နေကြတယ်။နေလည်းနေကြပါတယ်။ တစ်နယ်ကနှေတစ်နယ်ကို ပြောင်ရွေးတတ်ကြသည်။အဲဒီလိုပြောင်းရတာကိုလည်း နှစ်သက်ကြတာများတယ်။သူတို့ဘဝဟာ ထူးခြားတဲ့ ရည်ရွယ်ချက်၊ရည်မှန်းချက်ဆိုတာတွေ တိတိကျကျမရှိတတ်ဘူး။ဖြစ်လာမှ ကြည့်လုပ်တတ်သူတွေဖြစ်တယ်။ ဘာလုပ်ငန်းလုပ်လုပ် လုပ်ငန်းသဘောတရားအရ ခက်ခဲလာမယ်၊ဆိုရင် ဇွဲလျှော့တတ်ပြီး နောက်တစ်ခုကို အလွယ်ပင်ပြောင်းလဲလုပ်ကိုင် တတ်ကြတယ်။ ပေါ့ပေါ့ပါးပါးနေတတ်သူတွေဖြစ်ပြီး လောကဒဏ်ကိုခံစားရပါကလည်း များစွာစိတ်မညစ်သူတွေဖြစ်တယ်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...