သိုက်ပြစ်သိုက်ဒါဏ်သင့်နေသူ

Astrology
သိုက်ပြစ်သိုက်ဒါဏ်သင့်နေသူ

သိုက်အဆက်တော်များများ တစ်ခါတစ်လေမှာ ကြုံတွေ့ရတက်ပါတယ်။ အဲဒါကဘာလဲဆိုရင် သိုက်ပြစ်သိုက်ဒါဏ် သင့်ခြင်းပဲဖြစ်ပါတယ်။

ဘာကြောင့်သိုက်ပြစ်သိုက်ဒါဏ်သင့်ရလဲ ဆိုရင်အချို့သိုက်ဆက်များဟာ သိုက်မှာပေးခဲ့တဲ့ကတိ သိုက်ကမကြိုက်တဲ့အမှား ခွင့်ပြုမထားတဲ့အရာတွေ ပြုလုပ်နေထိုင်မိပြီဆိုရင် မိမိတော်ဆပ်ရာသိုက်မှ အကြီးအကဲ အကိုအမ တွေဟာ ပြစ်ဒါဏ်ပေးတက်ကြပါတယ်။

သိုက်ပြစ်သိုက်ဒါဏ်သင့်နေတဲ့သိုက်ဆက်များမှာ ကြုံတွေ့ရတဲ့ အချက်လေးတွေကိုပြောပြပေးပါမယ်။
ဘာပဲလုပ်လုပ် အဆင်မပြေခြင်း။ မည်သည့်အရာကိုမှစိတ်ဘဝင်မကျပဲ အမြဲတမ်းစိတ်ရှုပ်ထွေးခြင်း စိတ်ညစ်ခြင်း ‌အလိုအလျှောက်ဒေါသထွက်နေခြင်းစီးပွားရေးလုပ်ငန်းများသိသိသာသာကျဆင်းလာခြင်း အိမ်ထောင်ရေးပြဿနာမိသားစုပြဿနာ ခနခနဖြစ်နေတက်ခြင်း ကျန်းမာရေးညံ့ခြင်း ဆေးထိုးဆေးသောက်ပြုလုပ်သော်လဲ သက်သာမလာပဲ ခဏသာသက်သာပြီး မထူးခြားပဲဖြစ်နေတက်ခြင်း

အလုပ်အကိုင်အဆင်မပြေပဲ အပြောင်းအလဲများခြင်း
ရေနစ်ခြင်းမြွေလိုက်ခြင်းထိတ်လန့်ဖွယ်ရာအိမ်မက်ဆိုများမကြာမကြာမြင်မက်နေတက်ခြင်း ဘီးလူးစီးသလိုဖြစ်ပြီး ကောင်းစွာအိပ်စက်၍မရခြင်း။

သူတစ်ပါးအထင်မှားအမြင်မှားခံရခြင်း ပြဿနာတစ်ခုပြီးတစ်ခုဖြစ်နေတက်ခြင်း လာဘ်ပိတ်ခြင်း ဝင်သမျှငွေအကုန်ထွက်ပြီး ဝင်ငွေလျော့နဲသွားခြင်းနှင့် အမည်မသိရောဂါခံစားရပြီး ဆေးမတွေ့ခြင်း ရောဂါတွေ့သော်လည်းဆေးမတိုးခြင်း။

စသည်ဖြင့်ဖြစ်တက်ကြပါတယ်။ ဒီလိုမျိုးတွေဖြစ်လာပြီဆို ‌သေချာစစ်ဆေးပြီး သိုက်ပြစ်သိုက်ဒါဏ်ကြေအောင်ပြုလုပ်မှသာ ပြန်လည်အဆင်ပြေတက်ပါတယ်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...