သီတင်းကျွတ်လအတွက် အကောင်းဆုံးယတြာ

Astrology
သီတင်းကျွတ်လအတွက် အကောင်းဆုံးယတြာ

သီတင်းကျွတ်လဆန်း(၁)ရက်နေ့ (3.10.2024) မှသီတင်းကျွတ်လကွယ်(31.10.2024)တစ်လတာလုံး

“​ မြေဆီမီးခွက် ၏အလယ်ထဲတွင် “ဝ” အက္ခရာကို
ဆော့ပင်ဖြင့်ရေးလိုက်ပါ။ထိုမြေခွက်ထဲ၌ #အုန်းဆီ
နှင့် #ပဲဆီ တွဲဖြည့်ပြီး ဂွမ်းအနည်းငယ်ကို မီးစသဏ္ဍာန်
ပြုလုပ်ကာ ဆီထည့်ထားသော မြေခွက်တွင် မီးစကို
ထည့်နှစ်ပြီး ၎င်းမြေဆီမီးခွက်ကို #ဆန်အပြည့်နီးပါး
ထည့်ထားသောပန်းကန်ပြားပေါ်တွင် တင်ထားပေးပါ။

ထို့နောက်ဆီမီးကိုထွန်းညှိ၍ဘုရားကျောင်းဆောင်ရှိ
မြတ်စွာဘုရားရှင်အား‌ နေ့စဉ်ပူ‌ဇော်ပေး‌နေရပါမည်။

ယခုလတစ်လတာတွင်စပျစ်သီးများ ကို နေ့စဥ်
မြတ်စွာဘုရားရှင်အား ကပ်လှူပေးနေခြင်းဖြင့်လည်း
မိမိအတွက်ထူးခြားမှူဖြစ်စဥ်များ၊ကောင်းကျိုးများစွာ
ကို ရရှိခံစားနေရမည်ဖြစ်သည်။

ကံချေကန်တော့ခြင်းကို လုပ်ဆောင်ဖို့ရန် မမေ့ပါနှင့်။
နေ့စဥ်အောက်ဖော်ပြပါဂုဏ်တော်များကိုရွတ်ဖတ်ပါ။*
ဣတိပိသောဘဂဝါ ဗုဒ္ဓေါ=၆ခေါက်
ဣတိပိသောဘဂဝါ ဝိဇ္ဇာစရဏသမ္ပန္နော=၁၇ခေါက်
ဣတိပိသောဘဂဝါ လောကဝိဒူ=၁၉ခေါက်

သီတင်းကျွတ်လနေ့စဥ်လာဘ်ပွင့်အရပ်မျက်နှာများ

◾️တနင်္ဂနွေနေ့=မြောက်အရပ်
◾️တနင်္လာနေ့=တောင်အရပ်
◾️အင်္ဂါနေ့=အရှေ့အရပ်
◾️ဗုဒ္ဓဟူးနေ့=အနောက်ရပ်
◾️ကြာသပတေးနေ့=အရှေ့အရပ်
◾️သောကြာနေ့=မြောက်အရပ်
◾️စနေနေ့=တောင်အရပ်

အထက်ပါအတိုင်းနေ့အလိုက်နေ့စဥ်အရပ်မျက်နှာမူ
ဧဟိလာဘံ ဟူ၍(၂၇)ခေါက်တိတိရွတ်ပေးရပါမည်။

ဆုတောင်းစာ

“အကျွန်ုပ်နှင့်တကွ အကျွန်ုပ်၏တစ်မိသားစုလုံး
သီတင်းကျွတ်လတစ်လတာအတွင်းကိုယ်ရောကျန်းမာ၊
စိတ်ရောချမ်းသာစွာဖြင့် မကောင်းသော အညံ့အပ၊အတိုက်အခိုက် များ မှန်သမျှ ကင်းရှင်းစေပြီး
ကောင်းခြင်းမင်္ဂလာအဖြာဖြာတို့ဖြင့် အေးချမ်းစွာ
စီးပွါးလာဘ်လာဘများ ဖွံ့ဖြိုးတိုးတက်နေရပါလို၏။’’

ယတြာလုပ်ဆောင်ရာ၌ အသုံးပြုခဲ့သော ဆန်များကို
ငါးရက်လျှင် ပြန်လည်ချီးမြှင့်ပြီး ခိုစာ၊ငှက်စာအဖြစ်
ကျွေး၍ ဒါနပြုပေးလိုက်ပါ

ဤယတြာအစီအရင်ကို သုံးရက်လျှင် တစ်ကြိမ်စီ
အထက်ပါနည်းအတိုင်း သတိတရလေးနှင့် တိကျစွာ
ပြန်လည်၍ ပြုလုပ်ပေးနေခြင်းဖြင့် သီတင်းကျွတ်လ
အတွင်း ကံကောင်းခြင်းများ ရယူပိုင်ဆိုင်လိုက်ပါဗျ။

ဤယတြာကို သီတင်းကျွတ်လ တစ်လတာလုံး၌
မည်သည့်နေ့ရက်မှမဆို စတင်၍လုပ်ဆောင်နိုင်သည်။

ဤယတြာအစီအရင်သည် အလွန်အစွမ်းထက်
ထိရောက်သောကြောင့် ယုံယုံကြည်ကြည်လုပ်ပါက
သီတင်းကျွတ်လ တစ်လတာလုံး အတွင်း၌ မိမိသည်
အတိုက်အခိုက် အနှောင့်အယှက်များ ကင်းဝေးစေ၍
စီးပွား လာဘ်ရွှင် သုခ ချမ်းသာခြင်းများ ရရှိပါမည်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...