အထက်လူကြီး နဲ့ အဆင်ပြေဖို့။

Astrology
အထက်လူကြီး နဲ့ အဆင်ပြေဖို့။

သင့်အလုပ်ထဲက သူဌေး၊ Boss, Suprerviser, အလုပ်ကြပ် မည်သူဖြစ်စေ သင့်အပေါ် အမြင်မကြည်တာ သို့မဟုတ် ပင်ကိုယ်သဘာ၀ အရ အပြစ်ရှာတတ်သူ၊ ဆက်ဆံရခက်သူများ နဲ့ ကြုံနေ ရင် အောက်ပါ နည်းလေး သုံးကြည့်ပါ။

* အသုံးပြု နိုင်တာက။
-ကရဝေးရွက် သို့မဟုတ်
– သစ်ကြပိုးခေါက် သို့မဟုတ်
– စာရွက် အပိုင်းအစ လေး တခု ပါဘဲ။
အဲဒီလူ ရဲ့ နာမည်ကို သင်အသုံးပြုမယ့် ပစ်စည်းပေါ်မှာ ရေးပါ။
အဲဒီ နာမည်ပေါ် မှာ သင့်ရဲ့ တံတွေးအနည်းငယ် ဆွတ်လိုက်ပါ။
လက်ညိုးကို ပါးစပ်ထဲ ငုံပြီး နာမည်ပေါ် သုတ် လိုက်ရင် ရပါပြီ။
ပြီးရင်တော့ အဲဒီ နာမည်ရေး ထားတဲ့ အရွက် သို့မဟုတ် အခေါက် သို့မဟုတ် စာရွက်လေးကို သင်အလုပ်သွားတဲ့ အခါ သုံးနေကျ အိတ် သို့မဟုတ် ပိုက်ဆံအိတ်ထဲ ထည့်သွားပါ။

နောက်တနည်း လည်း ရှိပါသေးတယ်။
ဒါပေမဲ့ ဒီနည်းက တော့ တခါသုံး သဘောမျိုးပါ။
အများစုကတော့ အရေးတကြီးတွေ့စရာ ရှိတဲ့ လူ ရှိရင် သို့မဟုတ် ပြသာနာ ရှိလို့သွား ဖြေရှင်းရမဲ့ အခါ တွေမှာ သုံးနိုင်ပါတယ်။

* သင့်ညာဖက်လက်က လက်ညိုးကို ပါးစပ်ထဲ ထည့် တံတွေးပေ လာပြီ ဆိုရင် သင့် ညာဖက်နားရွက် အနောက်ဖက်လေးကို လက်ညိုး နဲ့ ပွတ်ပါ သင့်အထက်လူကြီး နာမည်ကို လည်း တိုးတိုးငြင်သာ ရွတ်ဆိုပါ။

သုံးကြိမ်ကနေ ခုနှစ်ကြိမ် အထိ နာမည် ခေါ်တာ နဲ့ နားရွက်နောက်ကို ပွတ်တာ လုပ်နိုင်ပါတယ်။
ဒီနည်း က တော့ လိုတဲ့ အခါ သုံး ရင် ပိုစွမ်းပါတယ်။ နေ့စဉ် လို နေရင်တော့ နေ့စဉ်လုပ်လည်း ရပါတယ်။
၇ရက်သားသမီးအားလုံး ကျန်းမာကြပါစေ

 

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...