စကားလုံး အရာမှာ ဧကရာဇ် တစ်ပါးကဲ့သို့ အောင်မြင်စေပြီး လက်ညှိုးညွန်ရာ ရေဖြစ်စေမယ့် ယတြာ

Astrology
စကားလုံး အရာမှာ ဧကရာဇ် တစ်ပါးကဲ့သို့ အောင်မြင်စေပြီး
လက်ညှိုးညွန်ရာ ရေဖြစ်စေမယ့် ယတြာ

အကြွေး တောင်းတဲ့နေရာ၊ အလုပ် လျှောက်တဲ့နေရာ၊ မိမိ အိမ်ထောင်ဖက် သို့မဟုတ် ချစ်သူ မိမိ စကား နားထောင်စေချင်သော အခါ အောက်ပါ ယတြာကို ပြုလုပ်ပါ။
မိမိစီမှ အကြွေးယူသူ သို့မဟုတ် မိမိ ချစ်သူ / အိမ်ထောင်ဖက် နေ့သားသမီး သိရန်တော့ လိုပါတယ်ရှင်။

မိမိစီမှ အကြွေးယူသူ သို့မဟုတ် မိမိ ချစ်သူ / အိမ်ထောင်ဖက်သည်
တနင်္ဂနွေ သားသမီးများ

တနင်္ဂနွေနေ့ နေ့ခင်း ၁ နာရီခွဲမှ ၃ နာရီအတွင်း ဖက်သန်းသား လက်တစ်ဆစ်ကို ဆောင်ပြီး အကြွေး သွားတောင်းပါ ဒါမှမဟုတ် မိမိ ချစ်သူ / အိမ်ထောင်ဖက်နဲ့ မတွေ့ခင် ဆောင်သွားပါ။

တနင်္လာ သားသမီးများ

တနင်္လာနေ့ နေ့ခင်း ၁ နာရီခွဲမှ ၃ နာရီအတွင်း သနပ်သား လက်တစ်ဆစ်ကို ဆောင်ပြီး အကြွေး သွားတောင်းပါ ဒါမှမဟုတ် မိမိ ချစ်သူ / အိမ်ထောင်ဖက်နဲ့ မတွေ့ခင် ဆောင်သွားပါ။

အင်္ဂါ သားသမီးများ

အင်္ဂါနေ့ နေ့ခင်း ၁ နာရီခွဲမှ ၃ နာရီအတွင်း ထန်းသား လက်တစ်ဆစ်နှင့် အုန်းသား လက်တစ်ဆစ် ပူးချည်၍ ဆောင်ပြီး အကြွေး သွားတောင်းပါ ဒါမှမဟုတ် မိမိ ချစ်သူ / အိမ်ထောင်ဖက်နဲ့ မတွေ့ခင် ဆောင်သွားပါ။

ဗုဒ္ဓဟူး သားသမီးများ

ဗုဒ္ဓဟူးနေ့ နေ့ခင်း ၁ နာရီခွဲမှ ၃ နာရီအတွင်း အင်ကြင်းသား လက်တစ်ဆစ်ကို ဆောင်ပြီး အကြွေး သွားတောင်းပါ ဒါမှမဟုတ် မိမိ ချစ်သူ / အိမ်ထောင်ဖက်နဲ့ မတွေ့ခင် ဆောင်သွားပါ။

ကြာသပတေး သားသမီးများ

ကြာသပတေးနေ့ နေ့ခင်း ၁ နာရီခွဲမှ ၃ နာရီအတွင်း ကန်စွန်း လက်တစ်ဆစ်ကို ဆောင်ပြီး အကြွေး သွားတောင်းပါ ဒါမှမဟုတ် မိမိ ချစ်သူ / အိမ်ထောင်ဖက်နဲ့ မတွေ့ခင် ဆောင်သွားပါ။

သောကြာ သားသမီးများ

သောကြာနေ့ နေ့ခင်း ၁ နာရီခွဲမှ ၃ နာရီအတွင်း ဇောင်းလျားသား လက်တစ်ဆစ်ကို ဆောင်ပြီး အကြွေး သွားတောင်းပါ ဒါမှမဟုတ် မိမိ ချစ်သူ / အိမ်ထောင်ဖက်နဲ့ မတွေ့ခင် ဆောင်သွားပါ။

စနေ သားသမီးများ

စနေနေ့ နေ့ခင်း ၁ နာရီခွဲမှ ၃ နာရီအတွင်း လက်ပံသား လက်တစ်ဆစ်ကို ဆောင်ပြီး အကြွေး သွားတောင်းပါ ဒါမှမဟုတ် မိမိ ချစ်သူ / အိမ်ထောင်ဖက်နဲ့ မတွေ့ခင် ဆောင်သွားပါ။

(၇)ရက် သားသမီးများ စိတ်၏ချမ်းသာ၊ ကိုယ်၏ကျန်းမာခြင်း တို့ဖြင့် ပြည့်စုံကြပါစေ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...