ဆီမီးလေးများအကြောင်း
ညချမ်းရောက်တဲ့ အချိန်တိုင်းမှာ မြတ်စွာဘုရားကို ဆီမီးထွန်းညှိပူဇော်ခြင်းဖြင့် မိမိတို့ ကြုံတွေ့ရင်ဆိုင်ရတဲ့ အခက်အခဲများ ၊အနှောက်အယှက်များ ၊ကိုဖယ်ရှားပေးပြီး ကောင်းမြတ်သင့်တော်သော လမ်းများကို ရရှိစေဖို့ မြတ်စွာဘုရားထံပါးမှာ ဆုတောင်းရခြင်းမျိုးပဲဖြစ်ပါသည်။ ထိုသို့ကပ်လှူပူဇော်ရာမှာ အလင်းတိုင်ကပ်လှူ ကြတဲ့သူတွေရှိသလို…ဆီမီးခွက်ကလေးတွေနဲ့မှ ကပ်လှူပူဇော်တဲ့သူများလည်း ရှိပါတယ် …
နောက်ပြီး အဲဒိထဲကမှဆီမီးကို ထွန်းညှိရာမှာ အသုံးပြုလို့ရတဲ့ ဆီကလေးတွေရဲ့ အစွမ်းသတ္တိ အမျိုးမျိုးအကြောင်းကို ပြောပြမယ်…ဗဟုသုတအဖြစ်ပေါ့ …ဒါ့အပြင် အောက်ပါအခက်အခဲလေးတွေကြုံတွေ့တော့လည်း လက်တွေ့အသုံးပြုလို့ရတာပေါ့နော် ….
(၁)ဆီမီးလေးများ၏ စွမ်းအင်သတ္တိ
က။အတိုက်အခိုက်များလွန်းခြင်း ၊ကြွေးမှီများကြောင့် စိတ်မွန်းကျပ်ခြင်း ၊ အိ်မ်တွင်းရေး ပူလောင်ခြင်းများ ၊ မကောင်းသောဂြိုလ်စီးနင်းခြင်းခံရချိန်များတွင် နှမ်းဆီကို အသုံးပြုပါ။
ခ။ မိမိအားအထင်မြင်လွဲမှားခြင်း ၊စီးပွားလာဘ်လာဘများ ပွင့်လန်းအောင်မြင်စေရန် ပဲဆီကို အသုံးပြုပေးပါ။
ဂ။ပညာရေး၊အင်တာဗျူး အခက်အခဲများအောင်မြင်စေရန် နေကြာဆီ သို့မဟုတ် အုန်းဆီကို အသုံးပြုပေးရပါမည်။
ဃ။ကျန်းမာရေးများ ကောင်းမွန်စေရန် ၊လာဘ်လာဘများ ငွေကြေးများ ကောင်းမွန်စေရန်အတွက် ထောပတ်ဆီကို အသုံးပြု ပေးရပါမည် ။
(၂)ဆီမီးပူဇော်ရန် အချိန်ခါကောင်းများမှာ နံနက် စောစော၊ညနေစောင်း (၄နာရီ မှ ၆နာရီ) အချိန် များတွင် ထွန်းညှိလှူဒါန်းနိုင်ပါသည် ။
(၃)ဆီမီးခွက် ဘယ်လောက်ထွန်းရမလဲ…?
ဆီမီးခွက် တခွက်ထွန်းလျှင် အသင့်အတင့် ကောင်းမွန်မှုကို ခံစားရစေပါသည်။
ဆီမီးခွက် နှစ်ခွက်ထွန်းလျှင် မိသားစု စည်းလုံးညီညွတ်မှုများကို ခံစားရစေတတ်ပါသည်။
ဆီမီးခွက် သုံးခွက်ထွန်းလျှင် မိမိရင်သွေးက ကောင်းကျိုးပေးခြင်းကို ခံစားရစေတတ်ပါသည်။
ဆီမီးခွက် လေးခွက်ထွန်းလျှင် မြေယာကိစ္စများ၊လုပ်ငန်းသုံးသတ္တဝါများအတွက်မကောင်းမှုကို ခံစားရစေတတ်ပါသည်။
ဆီမီးခွက် ငါးခွက်ထွန်းလျှင် မကောင်းမှုများဘေးမှသက်သာရာရပြီး၊ရွှေငွေများတိုးပွားရရှိခြင်းကောင်းကျိုးကို ခံစားရစေတတ်ပါသည်။
(၄)ဆီမီးပူဇော်ပြီးလာဘ်လာဘ ပွင့်လန်းစေရန် အောက်ပါ ဂါထာကို မိမိသက်စေ့ရွတ်ဆိုပြီးမှ လှူဒါန်းပေးပါ။
ဧဟိ မိတ္တိ ၊ဧဟိ ဓနံ ၊ဧဟိလာဘံ
ဧဟိ သုခံ၊ဧဟိ ဇေယျ ၊ ဧဟိ မင်္ဂလံ
သဗ္ဗသိဒ္ဓိ ဒေဟိ ဒေဟိ
ဆီမီးလေးများ ထွန်းညှိပူဇော်ပြီး မိမိလိုအင်ဆန္ဒများ အမြန်ဆုံးပြည့်ဝ ကြပါစေလို့ မဇာမှ ဆုမွန်ကောင်းများ တောင်းပေးအပ်ပါသည်….
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။