နေ့ထပ် – ချစ်သူစုံတွဲ/အိမ်ထောင်စုံတွဲများတွက် သီးသန့် ယတြာနည်းလမ်းများ

Astrology
နေ့ထပ် – ချစ်သူစုံတွဲ/အိမ်ထောင်စုံတွဲများတွက်
သီးသန့် ယတြာနည်းလမ်းများ

ငွေကုန်ကျ မခံနိုင်သူများတွက် ယတြာကောင်း နေ့ထပ်ချစ်သူ/အိမ်ထောင် စုံတွဲလေးများ အချစ်ရေး/လူမှု့ရေး/အိမ်ထောင်ရေး စီးပွားရေး နှင့် ကျန်းမာရေး စသည်များ
သိသိသာ ညံ့နေလျှင် အောက်ပါယတြာများ သေချာ ပြုလုပ်ပေးပါ။

နေ့ထပ်ဆိုသည်မှာ
တနင်္ဂနွေ+တနင်္လာ
တနင်္လာ+ အင်္ဂါ
အင်္ဂါ +ဗုဒ္ဓဟူး
ဗုဒ္ဓဟူး+ကြာသပတေး
ကြာသပတေး+သောကြာ
သောကြာ+စနေ
စနေ+တနဂ်နွေ
နေ့ထပ် စုံတွဲတွေလို့ခေါ်ပါတယ်။
ထိုစံုတွဲများ ကံဇာတာနိမ့်‌ေနရင်
နဝင်းဆီမီး ပူဇော်နည်းပူဇော်ပါ။

အဓိဌာန် ၉ရက်ဆက်တိုက်ပြီးလျှင် ၅ရက်နား
၉ရက်ဆက်တိုက် ပြန်ဝင်ပါ အကျိုးထူးပါမယ်။
တနင်္ဂနွေနေ့က အဓိဋ္ဌာန်စပြုရပါမယ်။
အရေအတွက်လိုက် ဖယောင်းတိုင် ပူဇော်ရမည်။

တနဂ်နွေနေ့ ဖယောင်းတိုင် ၈တိုင်
တနင်္လာနေ့ ဖယောင်းတိုင် ၉တိုင်
အင်္ဂါ နေ့ ဖယောင်းတိုင် ၁၀တိုင်
ဗုဒ္ဓဟူး ဖယောင်းတိုင် ၁၁တိုင်
ကြာသပတေး ဖယောင်းတိုင် ၁၂တိုင်
သောကြာ ဖယောင်းတိုင် ၁၃တိုင်
စနေ ဖယောင်းတိုင် ၁၄တိုင်
တနင်္ဂနွေနေ့ ဖယောင်းတိုင် ၁၅တိုင်
တနင်္လာနေ့ ဖယောင်းတိုင် ၁၆တိုင်
အရပ်၈ မျက်နှာကိုယ်စားပြု ၈တိုင်မှစပြီး
တစ်ညတစ်တိုင်ကျ တိုးပြီး
၉ညပြည့်လျှင် ၁၆တိုင်ဖြစ်ပါတယ်
၉ညပြည့်လျှင် ၁၀၈တိုင်ဖြစ်ပါမယ်။

လှုတဲ့အခါ
ဣမံဒီပဇာလံ ပူဇေမိ ” လို့
ရွတ်ဖတ်ပူဇော်ပါ
ပူဇော်စဉ် ငါးပါးသီလ ဆောက်တည်ပါ။
မေတ္တာသုတ် ၉ခေါက်ရွတ်ပါ။
ပဋ္ဌာန်း ၂၄ ပစ္စည်း ၉ခေါက်ရွတ်ပါ
ဂုဏ်တော်ကိုးပါးကို
ဂုဏ်တော်တစ်ခု ပုတီးတစ်ပတ်နှုန်းဖြင့်
ဂုဏ်တော်ကိုးပါးအတွက် ၉ ပတ်စိတ်ပါ။
အခက်ခဲဘေးဒုက္ခများ ကင်းလွတ်ပြီး
အဆင်ပြေအေးချမ်းစွာ
ဘဝခရီးမှာ ပျော်ရွှင်ရပါလိမ့်မည်။
ဆရာဒဂုန် ရဲ့ နည်း ဖြစ်ပါသည်။

စုံတွဲများ ဘဝခရီးအဆင်ပြေအေးချမ်းကြပါစေ
ငွေကုန်တဲ့ယတြာမဟုတ်ဘဲ
ဘုရားယတြာအဓိဋ္ဌာန်မို့
မိမိဘက်ကဘဝအရေးမို့
အချိန်ပေးပြီးလုပ်ပေးဖိူ့ကတော့ လိုအပ်ပါတယ်။
ဘယ်အရာမှ ဥုံဖွဆိုပြီး
ကံကောင်းခြင်းတွေရောက်မလာပါ
ကြိုးစားအားထုတ်မှုလိုအပ်ပါတယ်
အဆင်ပြေအေးချမ်းကြပါစေ။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...