ပယောဂ ဖြစ်ရခြင်းနှင့်လက္ခဏာများ အိမ်မက်များ

Astrology
ပယောဂ ဖြစ်ရခြင်းနှင့်လက္ခဏာများ အိမ်မက်များ

✡တစ္ဆေ မြေဘုတ် စုန်း ကဝေ အောက်လမ်းတို့၏
ပြုစားဖမ်းစား အတိုက်ခိုက်ခံရခြင်း အကြောင်းတရားများကို
ပြန်လည် အကျဉ်းချုပ်၍ ရေးသားဖေါ်ပြရသော်✡
✳၁။ ချစ်၍ ပြုစား ဖမ်းစားခံရခြင်း
၂။ မုန်း၍ ပြုစား တိုက်ခိုက်ခံရခြင်း
၃။ အမြင်ကပ်၍ ပြုစား တိုက်ခိုက်ခံရခြင်း
၄။ မနာလို၍ ပြုစား တိုက်ခိုက်ခံရခြင်း
၅။ ပြောဆိုနေထိုင်မှား၍ ပြုစား ဖမ်းစား တိုက်ခိုက်ခံရခြင်း
၆။ လက်တည့်စမ်း၍ ပြုစား ဖမ်းစားခံရခြင်း
၇။ ဘဝဟောင်းမှ ဆက်နွယ်၍ ပြုစား ဖမ်းစားခံရခြင်း
၈။ ကံနိမ့် ဂြိုလ်နိမ့် ဇာတာနိမ့်၍ ပြုစား တိုက်ခိုက်ခံရခြင်း✳

(၁) ချစ်၍ ပြုစား ဖမ်းစားခံရခြင်း –
ဤသည်မှာ အမျိုးသမီးပျိုများ၌ အဖြစ်များတတ်သည်။
စွဲလမ်းချစ်ခင်စုံမက်ခြင်းကို ပြသသော်လည်း
လစ်လျှူရှုခံရခြင်း မသိကျိုးကျွံဖြင့် ဥပေက္ခာပြုခံရခြင်းကြောင့် ပြန်လည်ချစ်ခင်ဆုံမက်လာစေရန် ပြုစား ဖမ်းစားခြင်းဖြစ်သည်။
ဤတွင် ကိုယ်တိုင်သော်၎င်း အခကြေးငွေပေး၍သော်၎င်း
ပြုလုပ်တတ်ကြလေသည်။

(၂) မုန်း၍ ပြုစား တိုက်ခိုက်ခံရခြင်း –
ခိုက်ရန်ဒေါသကြောင့် မိသားစုချင်းသော်၎င်း
တစ်ဦးတစ်ယောက်ချင်းသော်၎င်း စကားများရန်ဖြစ်ရာမှ
အငြိုးအတေးထား၍ ပြုစားခြင်း တိုက်ခိုက်ခြင်းဖြစ်သည်။
ဤတွင်လည်း ကိုယ်တိုင်၎င်း အခကြေးငွေပေး၍သော်၎င်း
ပြုလုပ်တတ်ကြလေသည်။

(၃) အမြင်ကပ်၍ ပြုစား တိုက်ခိုက်ခံရခြင်း –
သူတစ်ပါးကိစ္စပြဿနာကိုသော်၎င်း စည်းပွားရေးသော်၎င်း
အချစ်ရေး အိမ်ထောင်ရေး ကိစ္စများကိုသော်၎င်း
ကြားဝင်ပတ်သက်မိခြင်းကြောင့်
အမြင်ကပ်၍ ပြုစား တိုက်ခိုက် ခံရခြင်းဖြစ်သည်။
ဤနည်းတွင်လည်း
ကိုယ်တိုင်သော်၎င်း အခကြေးငွေပေး၍သော်၎င်း
ပြုလုပ်တတ်ကြလေသည်။

(၄) မနာလို၍ ပြုစား တိုက်ခိုက်ခံရခြင်း –
စီးပွားရေးမှာသော်၎င်း လူမှုရေးမှာသော်၎င်း
အချစ်ရေးမှာသော်၎င်း တစ်ဘက်လူတွေထက်
အမြဲအောင်မြင် သာလွန်နေခြင်းကြောင့်
မနာလို၍ ပြုစား တိုက်ခိုက် ခံရခြင်းဖြစ်သည်။
ဤနည်တွင်လည်း
ကိုယ်တိုင်သော်၎င်း အခကြေးငွေပေး၍သော်၎င်း
ပြုလုပ်တတ်ကြပြန်သည်။

(၅) ပြောဆိုနေထိုင်မှား၍ ပြုစားဖမ်းစား တိုက်ခိုက်ခံရခြင်း –
တောင်ပို့ သစ်ဆိုး မြေဆိုး တောဆိုး
တောင်ဆိုး မြစ်အိုင်ချောင်းဆိုး အထင်ကရများ၌
ကျင်ငယ် ကျင်ကြီးစွန့်မိခြင်း မဖွယ်မရာပြုလုပ်ခြင်း
ကိုယ်အင်္ဂါနှင့်တိုင်းထွာ ရိုင်းပြဆဲရေးခြင်း၎င်း
ပညာသည်၏ သစ်ပင် သစ်သီးဝလံများကို
အရှင်မသိ ခူးယူဆွတ်ချူခြင်း ခိုးယူခြင်း ဖျက်ဆီးခြင်းနှင့်
အိမ်ယာ ခြံမြေ အဝန်းအဝိုင်း၌
ကျင်ငယ် ကျင်ကြီးစွန့်မိခြင်း မဖွယ်မရာပြုလုပ်မိခြင်း
ကိုယ်အင်္ဂါနှင့်တိုင်းထွာ ရိုင်းပြဆဲရေးမိခြင်းတို့ကြောင့်၎င်း
ပြုစား ဖမ်းစား တိုက်ခိုက်ခံရခြင်းဖြစ်သည်။
ဤနည်းကား ကိုယ်တိုင်ပြုသောနည်းတည်း။

(၆) လက်တည့်စမ်း၍ ပြုစား ဖမ်းစားခံရခြင်း –
ဇနပ္ပဒ ဂန္ဓာရီ အောက်မှော်(၉၉)မျိုး အတတ်မှ
တစ်နည်းနည်းကို လိုက်စားကျင့်ကြံနေစဉ်
မိမိပညာ၏ အဆင့်ကို၎င်း ပညာစဉ် အသွားအလာကို၎င်း
သုံးနည်းသုံးဟန် ထိရောက်ပုံနည်းကို၎င်း
သိလို မြင်လို၍ လက်တည့်စမ်းပြုစား ဖမ်းစားခြင်း ဖြစ်သည်။
ဤနည်း၌လည်း ပညာသည် ကိုယ်တိုင်ပြုစားသော နည်းတည်း။

(၇) ဘဝဟောင်းမှ ဆက်နွယ်၍ ပြုစား ဖမ်းစားခံရခြင်း –
ဤသည်ကား သိုက်တို့နှင့်ဆက်နွယ်ခြင်းကများသည်။
ဘဝဟောင်း ဘုမ္မိယသိုက်တို့နှင့်၎င်း
ရေနေအနွယ်သိုက် ဘုရားစေတီပုထိုးပျက်သိုက်
သိုက်အမျိုးပေါင်း ၁၀၀ကျော်တို့မှ တစ်ခုခုနှင့်
အမျိုးအဆွေတော် ပတ်သက်ခဲ့ပြီး ပြန်ခေါ်လို၍၎င်း
အမိအဖ ဆွေမျိုးမောင်နှမတို့ သေလွန်ပြီးသော်
အစွဲအလန်းကြောင့် ဇနပ္ပဒမိစ္ဆာနတ်မျိုး၌ဖြစ်ပြီး
သား သမီး လင် မယား မောင်နှမ ဆွေမျိုးတို့၏
နီးစပ်ရာ၌ ပြန်လည်တွယ်ကပ်၍
သူ့အလိုသို့ပါစေရန် ပြုစား ဖမ်းစားခြင်း ဖြစ်သည်။

(၈) ကံနိမ့် ဂြိုလ်နိမ့် ဇာတာနိမ့်၍ ပြုစား တိုက်ခိုက်ခံရခြင်း –
မိမိ မိသားစု တစ်အိမ်တည်း အမြဲအတူနေ အမိအဖ
မိမိအဆွေအမျိုး မိမိမောင်နှမတို့အား မလိုလား၍
ထိလိုသူထိ ခိုက်လိုသူခိုက် ဟု သတ်မှတ်၍
မိသားစုလုံး အတိုက်အခိုက် ဖမ်းစား ပြုစားရာတွင်
ကုသိုလ်ကံ နည်းပါးနိမ့်ကျချိန် ဂြိုလ်စီး ဇာတာနိမ့်ချိန်
တစ်ဦးတည်းထိ၍ ပြုစား တိုက်ခိုက် ခံရခြင်းဖြစ်သည်။
ဤနည်တွင်
ကိုယ်တိုင်သော်၎င်း အခကြေးငွေပေး၍သော်၎င်း
ပြုလုပ်တတ်ကြသည်။

{ ပယောဂ တို့၏ သဘောလက္ခဏာများ }

အမြဲတမ်း မှိုင်ခြင်း၊ ထမင်းကောင်းစွာ မစားခြင်း၊
စကားကောင်းစွာ မပြောခြင်း၊ ညနေပိုင်းတွင်ငိုခြင်း။
အော့အန်နေတတ်ခြင်း။ ရေအသောက်များခြင်း၊
ည ဘက်ချွေးစီးပျံခြင်း ရင်ဘတ်အောင့်ခြင်း
ဝမ်းဗိုက်တစ်ဝိုက် မခံမရပ်နိုင်အောင့်ခြင်း နာခြင်း။
သူတပါးမျက်နှာ ရဲရဲ မကြည့်ရဲခြင်း။
ခြေလက် ကုပ်ခြင်း၊ ရုန်းခြင်း လူးခြင်း တက်ခြင်း။
ပူးခြင်း ကပ်ခြင်း ငိုခြင်း ရယ်ခြင်း တဖျတ်ဖျတ် လူးလိမ့်နေခြင်း
ကိုယ်အမြဲပူခြင်း။ ညီးတွားနေတတ်ခြင်း
မျက်လုံးနီမြန်း၍ ကြောင်တောင်ကြည့်တတ်ခြင်း
လူစိတ်ပျောက်၍ ပူးကာ ငိုငို ရီရီ ဖြစ်ခြင်း။
အသားအရေ အလွန်ယားယံခြင်း
ခြေလက်များကို ကြမ်းတမ်းစွာ အမြဲတမ်းပွတ်သပ်နေတတ်ခြင်း
တစ်အိမ်သားလုံး တစ်ယောက်ပြီးတစ်ယောက် ဖျားနာခြင်း မတော်တဆထိခိုက်မှုများ ဆင့်ကဲ ဖြစ်တတ်ခြင်း
အလုပ်ကိုင်များ ပျက်ယွင်းခြင်း ပြသနာပေါ်တတ်ခြင်း
အလုပ်များက သိသာစွာ ပျက်စီး၍
မအောင်မြင်မှု များသထက်များလာခြင်း
ခြေလက်များ တုံတုံရီရီဖြစ်ခြင်း
မကြာခဏဆိုသလို ကြက်သီးမွေးညှင်းများထခြင်း
တစ်နေရာရာသို့ ငေးမော မှိုင်တွေနေတတ်ခြင်း
ရံဖန်ရံခါ တစ်ယောက်တည်း စကားများပြောနေတတ်ခြင်း
လူသာမာန်တို့ မမြင်ရ / မမြင်အပ် သည်များကို
မကြာခဏ မြင်တွေ့ထိပ်လန့်နေတတ်ခြင်း
လူနှစ်ယောက် မ ချီ မနိုင်အောင် လေးလံခြင်း
အလိုလိုနေရင်း ပတ်ဝန်းကျင်ကို ထိပ်လန့်တုန်လှုပ်နေခြင်း
ကျင်ကြီးကျင်ငယ် မထိမ်းနိုင်ခြင်း တအီအီ ငိုနေတတ်ခြင်း။
ကိုယ်လက်အင်္ဂါများ အရိုးအဆစ်များ နာကျင်ကိုက်ခဲနေတတ်ခြင်း
ဘာလုပ်လုပ် အစဉ်မပြေဖြစ်နေတတ်ခြင်း။

[ ခွေးသော်၎င်း ကြောင်သော်၎င်း ငှက်သော်၎င်း
ရုတ်တရက် နေအိမ်(သို့)ခြံစည်းရိုး တစ်ခုခုသို့
ဝင်တိုက်၍ ကျသေခြင်း လဲကျသေခြင်း ]
[ ခွေးသော်၎င်း ကြောင်သော်၎င်း ငှက်သော်၎င်း
အကောင်းအတိုင်းလာ၍ မိမိခြံ/အိမ်ရောက်မှ
ရုတ်တရက် လဲကျသေဆုံးသွားခြင်း ]
(ချက်ချင်း စစ်ဆေး ကုသရန်လိုသည်)
{ ပယောဂ ကြောင့် ဖြစ်တတ်သောအိပ်မက်များ }

အိပ်မက်ဆိုးများ ဆက်တိုက်မက်တတ်ခြင်း
ခွေး ကြောင် မြွေတို့မှ ဒေါသဖြင့်ကိုက်ခံရသည်ဟုမြင်မက်ခြင်း
ရေနှစ်ခံရခြင်း ကန်းပါးယံမှတွန်းချခံရခြင်းတို့ကို
မကြာခဏ အိပ်မက်ခြင်း
ကျွဲမှ လိုက်ခတ်သည်ဟု၎င်း ကျွဲခတ်ခံရသည်ဟု၎င်း မြင်မက်ခြင်း
ခွေးနီ၎င်း ခွေးနက်၎င်း ကိုက်သည်မြင်မက်ခြင်း
အဝတ်နီဝတ်ဆင်၍ ပန်းနီပန်သောသူ၎င်း
အဝတ်အနက်ဝတ်ဆင်သူ၎င်း အိမ်သို့ဝင်ရောက်ပြီး
မျက်ထောက်နီနဲ့ကြည့်ခံရခြင်း ဖနောင့်စောင့်ပြခြင်း
တောက်ခတ်ပြခြင်းများ မြင်မက်ခြင်း
နေအိမ်သို့ ခဲလုံးများဖြင့် ပြစ်ခံရသည် မက်ခြင်းတို့
ဖြစ်လေသည်။

အထက်ပါ အကြောင်းအရာပါ လက္ခဏာများ ဖြစ်ပေါ်နေပြီး ဆေးရုံ(သို့)ဆေးခန်းနဲ့ ပြသကုသခဲ့ပါလျှက်
သက်သာပျောက်ကင်းခြင်း မရှိဘူးဆိုလျှင်တော့
နီးစပ်ရာ ပယောဂဆိုင်ရာ ဆရာတွေကို ပြောပြပြီး
အကူအညီတောင်းခံ၍ ကုသတာ အကောင်းဆုံးပါပဲ။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...