ပုလွေသံလေး…သာသာယာ…
လူသားတိုင်းဟာ စိတ်ညစ်ညူးမှု ၊စိတ်မချမ်းသာမှု ၊ ပူပင်သောကများနေတဲ့ အချိန်လေးများမှာ ငြိမ့်ညောင်း အေးချမ်းသော ဂီတသံလေးများကို ကြားလိုက်ရရင် မိမိတို့ရဲ့ပူပန်သောကများ ပြေပျောက်ပြီး …အေးချမ်းပျော်ရွှင်ချမ်းမြေ့ခြင်းကို ခံစားလိုက်ရတတ်ပါတယ်….
ဒီလိုပါပဲ ပုလွေဆိုတဲ့တူရိယာလေးက မထင်မှတ်လောက်အောင်ကို အောက်ပါ အခက်အခဲများကို ပြေပျောက်စေသော စွမ်းအင်များလည်း ရှိနေပါတယ် ….
၁။ မိမိလုပ်ကိုင်သော လုပ်ငန်းခွင်အတွင်း အောက်လက်ငယ်သား တော်လှန်ခြင်း ၊ မိမိပြောသမျှ အဆင်မပြေခြင်းများ…
၂။ မိမိ၏ အချစ်ဆုံးသူများ မိသားစုတွင်း၊လုပ်ငန်းခွင်တွင်း သစ္စာဖောက်ခံရခြင်းများ ကြုံတွေ့ရခြင်း…
၃။ အလိုလိုနေရင်း ဘေးပတ်ဝန်းကျင်မှ မကောင်းသတင်းလွှင့်ခြင်းများ ၊စွတ်စွဲပုတ်ခတ် စော်ကားခြင်းများ ခံစားရခြင်း…
၄။ အလိုလိုနေရင်း ကျန်းမာရေးညံ့ခြင်း ၊ ကောင်းစွာအိပ်စက်မရခြင်းများ…
၅။ ဝင်ငွေနှင့် ထွက်ငွေမညီမျှခြင်းများကို ခံစားလာရခြင်း… စသော မကောင်းကျိုးများ ခံစားလာရလျှင် လွယ်ကူထိရောက်ပြီး မြန်မြန်အဆင်ပြေစေသည့် ပုလွေယတြာလေးကို ပြုလုပ်သင့်ပါသည် ။
ဘုရားစောင်းတန်းမှ မှုတ်လို့ရသော အသံထွက်သော ဝါး ၊သစ်သား ၊သံ ၊ကြေး မိမိအဆင်ပြေရာ ပုလွေ ၂ချောင်းကို ဝယ်ပါ ။ ပုလွေမှုတ်သည့် အနားတွင် အနီရောငဖဲကြိုးလေးများချည်နှောင်ပါ ။ ထိုပုလွေများကို လင်ဗန်းတချပ်ထဲထည့်ပြီး နေရောင် လရောင်ပြပါ။ ထိုပုလွေများကို အနီရောင်ကြိုးလေးများနှင့် ချည်နှောင်ချိတ်ဆွဲပါ ။ ချိတ်ဆွဲရာတွင် ပုလွေမှုတ်သည့် အပေါက်ကို အောက်ဘက်တွင်ထားပြီး ခပ်စောင်းစောင်းလေး ဖြင့်
ချိတ်ဆွဲထားပေးပါ။
ငွေလာဘ်ရွှင်ချင်လျင် အလုပ်လုပ်သော စားပွဲနံရံဘေးတွင်ချိတ်ပါ ။
အိမ်၊အလုပ်အေးချမ်းချင်လျှင် အိမ် ၊အလုပ်၏ဧည့်ခန်းတွင် ချိတ်ဆွဲပေးပါ။
အပူတွေငြိမ်းချမ်းချင်လျှင် မိမိအိမ် ၊အလုပ်၏ တုတ်တန်းနဲ့ အနီးဆုံးနေရာမှာ ချိတ်ဆွဲထားပေးပါ။ဇနီးမောင်နှံတို့ ချစ်ခြင်းမေတ္တာတိုးပွားလိုလျှင် အိပ်ခန်းခေါင်းရင်းတွင် ချိတ်ဆွဲထားပေးပါ ။
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။