ဘုရားကျောင်းစောင်မှာ ပျားအုံလာဖွဲ့နေပြီလား

Astrology
ဘုရားကျောင်းစောင်မှာ ပျားအုံလာဖွဲ့နေပြီလား

ဘုရားကျောင်းစောင်မှာ ပျားအုံလာဖွဲ့တယ်ဆိုပြီး လာဘ်ကောင်းတယ် စီးပွားတတ်မယ်လို့မထင်လိုက်နဲ့နော် ပေးထားတဲ့ ငွေတွေအားလုံးဆုံးရှုံးလိမ့်မည် ။ တော်တော့်ကိုဒုက္ခရောက်မယ် နာလံထူမှာ မဟုတ်ပေ။

အသက်ကယ်ခဲ့သော…ကြာဇံကြော်

ဒီယတြာလေးကတော့ စာရေးသူကိုယ်တိုင် ကြုံတွေ့ခဲ့ရ လက်တွေ့ပြုလုပ်ပေးခဲ့တဲ့ ယတြာတစ်ခုဖြစ်ပါတယ် ။ စာရေးသူ၏ အဒေါ်ကင်ဆာအသည်းအသန်ဖြစ်ပြီး သွေးတောက်လျောက် သွင်းနေရတဲ့ ဆိုးရိမ်ရတဲ့ အခြေအနေမှာ ဆန်းယတြာတွေ ပြုလုပ်ပေးခဲ့တဲ့ပြင် ဒီယတြာလေးကိုပါတွဲလုပ်ပေးခဲ့ပါတယ် ။ ဒီယတြာလေးလုပ်ပြီး ၃လေးရက်အတွင်းမှာ အဒေါ်က ဆိုးရိမ်ရတဲ့ အခြေအနေကနေ လွတ်ကင်းခဲ့ပါတယ် ။

တစ်ယောက်နှင့် တစ်ယောက် ကုသိုလ်ကံက မတူပါဘူး။ ဒါပေမဲ့ ဒီယတြာလေးက ကံဆပ်ခဲ့မယ်ဆိုရင် အထောက်အကူဖြစ်အောင် ရေးသားတင်ပြအပ်ပါသည် ။ ကြာဇံထုပ် တစ်ထုပ်နှင့် ကြက်ဥ ၁၀လုံးကို လူနာမေးသွားရင် ယူဆောင်သွားပါ ။ ထိုကြာဇံနှင့် ကြက်ဥကို ယူဆောင်လာကြောင်း လူနာအားပြသပါ ။ ထို့နောက် ထိုကြာဇံနှင့် ကြက်ဥ၁၀လုံးကို လူနာရှင်မှ အိမ်တွင် ကြာဇံကြော်ပါ ။ထိုကြာဇံကို နံနက် ဆွမ်းခံကြွသော ဘုန်းကြီး သံဃာအား အကုန်လောင်းလှု ဆုတောင်းပါ ။ အိမ်သားများမှ မစားရပါ။ များမကြာမှီ လူနာပြန်လည်ထူထောင်လာတာ တွေ့မြင်ရပါလိမ့်မည်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...