မစိုက်အပ်သောအပင်များနှင့်အင်္ဂ၀ိဇ္ဇာပညာ

Astrology
မစိုက်အပ်သောအပင်များနှင့်အင်္ဂ၀ိဇ္ဇာပညာ

ဒီနေ့လောကီပညာများအားစိတ်၀င်စားလေ့လာနေကြသောမိတ်ဆွေ၄ျားအတွက်မိမိတို့အိမ်ခြံ၀င်းအတွင်းမစိုက်အပ်အလေ့ကျပေါက်ရောက်လာလည်းဖယ်ရှားအပ်သောအပင်များကိုဖေါ်ပြပေးသွားပါမယ်။

အိမ်တအိမ်၏အိမ်ထောင်ဦးစီးသည်မိသားစုအတွက်အလွန်အရေးပါသောသူတစ်ဦးဖြစ်သည်ကိုရူ့ထောင့်အမျိုမျိုးးကကြည့်၍သိနိုင်ပါသည်။
အိမ်ထောင်ဦးစီး၏နေ့နံသည်တနင်္ဂနွေဖြစ်နေမယ်ဆိုရင်ထိုတနင်္ဂနွေသားနေထိုင်ရာအိမ်ခြံ၀အတွင်း၌ခွေးတောက်ပင်၊ကတက်ပင်၊ကြခတ်ပင်များမစိုက်အပ်သလိုရှိမနေသင့်ပါဘူး။

တနင်္လာသားအိမ်ထောင်ဦးစီး၏အိမ်ခြံ၀င်းအတွင်း၌
ညောင်အုန်းပင်ကိုမစိုက်အပ်သလိုရှိလည်းမနေသင့်ပါဘူး။

အင်္ဂါသာများအတွက်အိမ်ခြံ၀င်းအတွင်း၌ရင်းခတ်ပင်၊၀က်သစ်ချ၊ရှောက်ချိုပင်တို့မစိုက်အပ်သလိုရှိနေဖို့လည်းမသင့်တော်ပါဘူး။

ဗုဒ္ဓဟူးသားများအိမ်ခြံ၀င်းအတွင်း၌ပင်စိမ်းပင်၊ပုန်းညှက်ပင်၊မုန်ညှင်းပင်းတို့မစိုက်အပ်၊ရှိမနေသင့်ပါဘူး။

ကြာသပတေးသားသမီးများအိမ်ခြံ၀င်းအတွင်း၌
သရက်ပင်၊သလဲသီးပင်၊သံပုရာပင်၊သံလွင်ပင်တို့မစိုက်အပ်၊မရှိအပ်ပါဘူး။

သောကြာသားသမီးများအိမ်ခြံ၀င်းအတွင်း၌တမာပင်၊ဒန်းပင်၊နံ့သာဖြူပင်တို့မစိုက်အပ်၊ရှိနေဖို့မအပ်ပါဘူး။

စနေသားသမီးများအိမ်ခြံ၀င်းအတွင်း၌အင်ပင်၊ကသစ်ပင်တိုမစိုက်အပ်သလိုရှိနေဖို့လည်းမသင့်တော်ပါဘူး။

ထိုဖေါ်ပြပါအပင်များရှိနေလျင်သော်၎င်း၊စိုက်မိခဲ့သော်အကျိုးထက်အဆိုးကိုခံစားရတတ်ပါတယ်။စီးပွားလာဘ်လာဘတွေပိတ်နေတတ်ခြင်း။အိမ်တွင်းရေးများအဆင်မပြေဖြစ်ခြင်း။ကျန်းမာရေးအတွက်ဗျာများရခြင်း။အမူအခင်းများတွေ့ကြုံရတတ်ခြင်းစသည်တို့ကြုံတွေ့ရတတ်ပါသည်။

ထိုကြောင့်လောကီပညာသိမြင်သောရှေ့လူကြီူများမှဓါတ်ခိုက်စေသောအမြစ်အညွှန့်အပင်များကို
မိမိတို့အိမ်ခြံ၀င်းအတွင်းမစိုက်မိစေရန်နှင့်ရှိမနေစေရန်မှာကြားရေးသားထားခဲ့သည်ကိုပြန်လည်ဖေါ်ထုတ်ရေးသားတင်ပြလိုက်ရပါတယ်ခင်ဗျာ။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...