ရန်ပြဿနာတွေ ဒီယတြာလေးနဲ့ ဖြေရှင်းလိုက်ပါ

Astrology
ရန်ပြဿနာတွေ ဒီယတြာလေးနဲ့ ဖြေရှင်းလိုက်ပါ

ဘဝမှာကိုယ်က ဘယ်လောက်ပဲကောင်းအောင်နေနေ ကိုယ့်ကိုမကောင်း မြင်တဲ့သူတစ်ဖတ်သတ် ရန်စစော်ကားချင်သူတွေနဲ့ တစ်ခါတစ်ရံ တွေကြုံရတက်ပါတယ်။ တစ်ခါတစ်လေ ကိုယ့်ကို စော်ကားတာတွေလည်း အမှန်ပဲ။ ဂတ်တို့ ရုံးတို့တိုင်လို့မရတဲ့ အကြောင်းမျိုးတွေပေါ့ခင်ဗျာ။

အဘမင်းသိင်္ခပြောဖူးတဲ့ အကြောင်းလေး တစ်ခုရှိပါတယ်။
“တစ်ခါတုံးက ကျုပ်ဆီမိန်းမတစ်ယောက်လာဖူးတယ်။ မျက်နှာခြင်းဆိုင်အိမ်က မိန်းမက သူ့ကိုမြင်ရင် ထမိန်မလိုက်၊ တံတွေးထွေးလိုက် ဖနောက်စောင့်လိုက်လုပ်တယ်။အဲ့ဒိကိစ္စ ဂတ်ကိုတိုင်လို့မရဘူး။ ရပ်ကွက်လူကြီး သွားတိုင်တော့လည်း ပါးစပ်နဲ့ဆဲရင်တော့ ကျုပ်တို့အရေးယူလို့ရတယ်။
ဒီလိုလုပ်ပြတာတော့ အရေးယူလို့မရဘူးပြောတယ်။အမှန်က ဒီလိုလုပ်ပြတာ ဆဲတာထက်တောင်နာသေးတာပေါ့။

မိတ်ဆွေတို့ဘဝမှာ ရန်အတိုက်အခံ အခက်အခဲတွေအထစ်အငေါ့တွေ
ကြုံလာရင် ညအိပ်ယာဝင်ခါနီးမှာ ကျောက်မီးသွေးမှုန့်ကို ဘယ်ဘက်ခြေဖဝါးကို ပွတ်ရပါမယ်။ ပွတ်တဲ့အခါမှာလည်း မိမိကို အနှောက်အယှက်ပေးသူရဲ့ မျက်နှာကို အာရုံထဲမှာ မြင်အောင်ကြည့်ရပါမယ်။ ပြီးရင်အဲ့ခြေဖဝါးကိုရေမဆေးပဲ နာရီဝက်ထားပါ ပြီးမှခြေဆေးပြီး အိပ်ယာဝင်ပါ။

၉ရက်ဆက်တိုက်လုပ်ပါ။အဆင်ပြေသွားပါလိမ့်မယ်။
အထူးသတိပြုဖို့ ဒီယတြာလုပ်သူက မှန်ကန်ဖို့အရေးကြီးပါတယ်။
သူတစ်ပါးကို ဒုက္ခပေးဖို့သက်သက်သုံးမိရင်တော့ ကိုယ်ဒဏ်ကိုယ် ခံရတက်ပါကြောင်း

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...