ရှောင်ကျဉ်အပ်တဲ့…မျက်နှာလှည့်

Astrology
ရှောင်ကျဉ်အပ်တဲ့…မျက်နှာလှည့်

သင့် အိမ်…စျေးဆိုင်…အလုပ်အတွက် ဆိုင်ခန်းတွေ…ကုမ္ပဏီတွေ ဖွင့်တော့ တည်ထောင်တော့မယ်ဆိုရင် နေ့သားသမီးအလိုက် ရှောင်ကျဉ်အပ် (ဘုမ္မိအရပ်) သော မျက်နှာစာများကို ရေးသားအပ်ပါသည် ။

တနင်္ဂနွေသားသမီး-တောင်အရပ်
တနင်္လာသားသမီး-အနောက်တောင်အရပ်
အင်္ဂါသားသမီး-အနောက်အရပ်
ဗုဒ္ဓဟူးသားသမီး -အနောက်မြောက်အရပ်
ကြာသပတေးသားသမီး-အရှေ့မြောက်အရပ်
သောကြာသားသမီး-အရှေ့တောင်အရပ်
စနေသားသမီး-မြောက် အရပ်တို့ကို မျက်နှာမူခြင်းကို အထူးရှောင်ကျဉ်အပ်ပါသည် ။

အကယ်၍ မိမိ ၊ အိမ်ထောင်ဦးစီး ၊ အိမ်မှာ စီးပွားကို ဦးဆောင်ရှာဖွေသူက အထက်ပါ အရပ်များကို မျက်နှာမူသော အိမ်…စျေးဆိုင်…အလုပ်အတွက် ဆိုင်ခန်းတွေ…ကုမ္ပဏီတွေ ဖွင့်ခဲ့လျှင် စီးပွားရေးတွင် ရှာဖွေရခက်ခဲခြင်း ၊ကျန်းမာရေးညံ့ဖျင်းခြင်း ၊ မိသားစုအတွင်း အေးချမ်းသာယာမှုနည်းပါးခြင်းများကို ကြုံတွေ့ရတတ်ပါသည်။

အကယ်၍ထိုအရပ်ကိုမှာ မိမိက မျက်နှာမူတည်ဆောက်မိခဲ့တယ်ဆိုလျှင် …ထိုအခိုက်အညံ့မှကင်းလွတ်အောင် မိမိရဲ့ အမြစ်အညွန့်ပင်များကို မိမိအိမ်ရှေ့မှာစိုက်ပျိုးပေးထားခြင်းဖြင့် အညံ့အခိုက်မှ ကင်းလွတ်ပါလိမ့်မည်…

တနင်္ဂနွေသားသမီးဆိုပါက ဒါန်းကြီးပင်။
တနင်္လါ သားသမီးဆိုပါက ဩဇာပင်။
အင်္ဂါ သားသမီးဆိုပါက ခရေပင်။
ဗုဒ္ဓဟူး သားသမီးဆိုပါက စံပါယ်ပင်။
ကြာသပတေး သားသမီးဆိုပါက လောက်သေပင်။
သောကြာ သားသမီးဆိုပါက ပိန္နဲ သို့မဟုတ် ပိတောက်။
စနေ သားသမီးဆိုပါက သင်အူပင် တို့ကို စိုက်ပျိုးပေးထားခြင်းဖြင့် အဆင်ပြေကြလိမ့်မည်ဖြစ်ပါသည်….

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...