သင်ဘယ်အိမ်လှည့်မှာနေထိုင်သလဲ

Astrology
သင်ဘယ်အိမ်လှည့်မှာနေထိုင်သလဲ

ကျွန်တော်တို့ မြန်မာအယူအဆမှာ အိမ်တစ်အိမ် ဝယ်ယူတော့မယ်ဆိုရင် အိမ်ရှင်နဲ့ ပွဲစားကို မေးလေ့ရှိတဲ့ စကားတစ်ခွန်းရှိပါတယ် ။ ဒါကတော့ “ ဒီအိမ်က ဘယ်အရပ် လှည့်တာလဲ ” ဆိုတဲ့ မေးခွန်းမျိုးပါ ။

အကြမ်းဖျင်းအားဖြင့် အရှေ့ ၊ အနောက် ၊ တောင် ၊ မြောက် အရပ်ဆိုပြီး အရပ် လေးမျက်နှာနဲ့ ခွဲလေ့ရှိပေမယ့် တကယ်တမ်းကျတော့ မြန်မာ့ရိုးရာ အရပ်မျက်နှာ (၈) မျက်နှာရှိပါတယ် ။ အရပ်ထဲမှာတော့ အနောက်ဖက်နဲ့ တောင်ဖက်ယွန်းယွန်းကျတဲ့ အရပ်ကို အနောက်အရပ် (သို့) တောင်အရပ်လို့ ခေါ်လေ့ရှိကြပါတယ် ။ အနောက်တောင်အရပ်လို့ တိတိကျကျ ခေါ်ဝေါ်လေ့မရှိကြပါဘူး ။

ပရိဝါရ =အခြံအရံများခြင်း။
👉အာယု = အသက်ရှည်ခြင်း။
👉နာဂရ = မြို့ပြပြည်ရွာ တည်ဆောက်ရာအရပ်။
👉ဘုမ္မိ =သင်္ချိုင်း အညစ်အကြေးတို့ စွန့်ရာ သွန်👉ရာအရပ် (မကောင်းသော အရပ်)။
👉ဂဟပတိ =ကျီကြ ဘဏ္ဍာ ဥစ္စာ ထားသောအရပ်။
👉တေဇ = ဘုန်းကံတန်ခိုး ပွင့်လင်းရာအရပ်။
👉ဌာန = တည်ရာ၊ စွဲမြဲရာ အရပ်။
👉သီရိ = ကျက်သရေမင်္ဂလာနှင့်ဆိုင်သောအရပ် ။(ဥယျာဉ်ပန်းမန် စိုက်ပျိုးရာအရပ်။)

မြန်မာတို့ရဲ့ အရပ်(၈)မျက်နှာ သတ်မှတ်ခေါ်ေ၀ါ်ပုံကတော့…..

👉၁။(တနင်္ဂနွေထောင့်) = အရှေ့မြောက်အရပ်။
👉၂။(တနင်္လာထောင့်) = အရှေ့အရပ်။
👉၃။(အင်္ဂါထောင့်) = အရှေ့တောင်အရပ်။
👉၄။ (ဗုဒ္ဒဟူးထောင့်) = တောင်အရပ်။
👉၅။ (ကြာသပတေးထောင့်) = အနောက်အရပ်။
👉၆။ (သောကြာထောင့်) = မြောက်အရပ်။
👉၇။ (စနေထောင့်) =အနောက်တောင်အရပ်။
👉၈။ (ရာဟုထောင့်) = အနောက်မြောက်အရပ်။ လို့အတိအကျ သတ်မှတ်လို့ရပါတယ်။

အိမ်တစ်အိမ် ဝယ်ယူဖို့ဆိုရင် အရင်ဦးဆုံး အိမ်ထောင်ဦးစီးရဲ့နေ့နံနဲ့ တွက်ချက်ဝယ်ယူရမှာ ဖြစ်ပါတယ် ။ အိမ်ထောင်ဦးစီးဆိုတိုင်း ယောကျာ်းသားမဟုတ်ဘဲ အိမ်ကိုဦးစီး စီမံနေတဲ့ မိန်းမသားဖြစ်ခဲ့ရင်လည်း အဲဒီမိန်းမသား အိမ်ထောင်ဦးစီးရဲ့ နေ့နံနဲ့ပဲ ဝယ်ယူ ငှားရမ်း နေထိုင်သင့်ပါတယ် ။

ဆိုကြပါစို့ … အိမ်ထောင်ဦးစီးက တနင်္ဂနွေသားဖြစ်ခဲ့မယ်ဆိုရင် တနင်္ဂနွေက (၁) ဖြစ်တဲ့အတွက်ကြောင့် ……
၁။(အရှေ့မြောက် အရပ်) = ပရိဝါရ – အခြံအရံများခြင်း (အခြွေအရံနှင့်ဆိုင်သော အရပ်)။
၂။(အရှေ့အရပ်) = အာယု – အသက်ရှည်ခြင်း(အသက်နှင့်ဆိုင်သော အရပ်)။
၃။(အရှေ့တောင်အရပ်) = နဂရ – မြို့ပြပြည်ရွာ တည်ဆောက်ရာအရပ်။
၄။(တောင်အရပ်) = ဘုမ္မိ – သင်္ချိုင်း အညစ်အကြေးတို့ စွန့်ရာ သွန်ရာအရပ်။
၅။(အနောက်အရပ်) = တေဇ – ဘုန်းကံတန်ခိုး ပွင့်လင်းရာအရပ်။
၆။(မြောက်အရပ်) = သီရိ – ကျက်သရေမင်္ဂလာနှင့်ဆိုင်သော အရပ်။
၇။(အနောက်တောင်) = ဂဟပတိ – ကျီကြ ဘဏ္ဍာဥစ္စာထားသောအရပ်။
၈။(အနောက်မြောက် အရပ်) = ဌာန – တည်ရာ၊စွဲမြဲရာ အရပ်… ဆိုပြီး ထွက်လာပါလိမ့်မယ် ။

ဒါကြောင့် တနင်္ဂနွေသမားအတွက် တောင်အရပ်သည် ဘုမ္မိကိုကျတဲ့အတွက်ကြောင့် ရှောင်သင့်တဲ့အရပ်ဖြစ်ပါတယ် ။ မတွက်ချက်ဘဲ ရွေးခဲ့ရင်တော့ စီးပွားမတက်တာ ၊ အိမ်ခိုက်တာတွေ၊အိမ်သူအိမ်သားတွေအလှည့်ကျ ကျန်းမာရေးအညံ့အခိုက်တွေ ဖြစ်တတ်ပါတယ် ။ (တကယ်လို့ ဖြစ်လာခဲ့ရင် ဘုမ္မိအညံ့အခိုက်ပြေစေရန် ယတြာများ ပြုလုပ်ပေးလျက်ရှိနေပါတယ် ။ သာထက်ဇော်(မကွေး) )

ယေဘုယျအားဖြင့် ဘယ်နေ့နံသားမဆို ရှောင်သင့်တဲ့အရပ်ဟာ “#ဘုမ္မိအရပ်”ဖြစ်ပြီး ဆောင်သင့်တဲ့အရပ်ကတော့ “#တေဇ နဲ့ “#သီရိအရပ်” တို့ ဖြစ်ပါတယ် ။

တနင်္လာသား ၊ သမီး
**
ဘုမ္မိ – အနောက်တောင်အရပ်။
တေဇ – အနောက်မြောက်ထောင့်အရပ်။
သီရိ – အရှေ့မြောက်ထောင့်အရပ်။

အင်္ဂါသား ၊ သမီး
****
ဘုမ္မိ – အနောက်အရပ်။
တေဇ – မြောက်အရပ်။
သီရိ – အရှေ့အရပ်။

ဗုဒ္ဓဟူးသား ၊ သမီး
**
ဘုမ္မိ – အနောက်မြောက်အရပ်။
တေဇ – အရှေ့မြောက်အရပ်။
သီရိ – အရှေ့တောင်အရပ်။

စနေသား ၊ သမီး
**
ဘုမ္မိ – မြောက်အရပ်။
တေဇ – အရှေ့အရပ်။
သီရိ – တောင်အရပ်။

ကြာသပတေးသား ၊ သမီး
****
ဘုမ္မိ – အရှေ့မြောက်အရပ်။
တေဇ – အရှေ့တောင်အရပ်။
သီရိ – အနောက်တောင်အရပ်။

ရာဟုသား ၊ သမီး
*
ဘုမ္မိ – အရှေ့အရပ်။
တေဇ – တောင်အရပ်။
သီရိ – အနောက်အရပ်။

သောကြာသား ၊ သမီး
****
ဘုမ္မိ – အရှေ့တောင်အရပ်။
တေဇ – အနောက်တောင်အရပ်။
သီရိ – အနောက်မြောက်အရပ်။

ဈေးကွက်ထဲမှာတော့ အရှေ့၊အနောက် ၊တောင်၊ မြောက် အရပ်လေးမျက်နှာလုံး သူ့အကြိုက်နဲ့သူပါ။ အရှေ့လှည့်ကို လူကြိုက်အများဆုံးဖြစ်ပေမယ့် အနောက်လှည့်မှ ရွေးဝယ်တဲ့သူလည်း ရှိပါတယ်..။ တောင်လှည့်မှ လူကြိုက်များသလိုရှိပေမယ့် မြောက်လှည့်မှ ရွေးဝယ်သူလည်း ရှိပါတယ် ။

ဒါပေမယ့် ကိုယ့်အိမ်နဲ့ ကိုယ့်မိသားစု ၊ ကိုယ့်စီးပွားကို မထိခိုက်စေဖို့ ဉာဏ်နဲ့ယှဉ်ပြီး ရွေးချယ်တွက်ချက်သင့်ကြောင်း ပြောပြလိုပါတယ်ခင်ဗျာ ။

( မှတ်ချက် ။ ။ အရပ်မျက်နှာယူရာတွင် နေထွက်ရာ အရပ်ကို အရှေ့အရပ် ၊ နေ၀င်ရာ အရပ်ကို အနောက်အရပ် ဟု ယူကြရပါမည်။)

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...