သင် ဘယ်ဂြိုဟ်သက်ရောက်နေသလဲ? ဘယ်လိုအကျိုးအပြစ်ရှိမလဲ?

Astrology
သင် ဘယ်ဂြိုဟ်သက်ရောက်နေသလဲ? ဘယ်လိုအကျိုးအပြစ်ရှိမလဲ?

သင်၏ မွေးဖွားခုနှစ်ကိုသိယုံဖြင့်သင့်ဂြိုလ်သက်ရောက်ကိုသိလိမ့်မည်

သင်ဟာ_
ဤမွေးသက္ကရာဇ်ခုနှစ်တွင် မွေးဖွားခဲ့ပါက
၂၀၀၅|၁၉၉၇|၁၉၈၉|၁၉၈၁|၁၉၇၃|၁၉၆၅ခုနှစ်တို့သည်
(၇ ကြွင်း)ဖြစ်ပြီး—–
တနင်္ဂနွေသားသမီးများ (ရာဟုသက်ရောက်)
တနင်္လာသားသမီးများ (သောကြာသက်ရောက်)
အင်္ဂါသားသမီးများ (တနင်္ဂနွေသက်ရောက်)
ဗုဒ္ဓဟူးသားသမီး (တနင်္လာသက်ရောက်)
ကြာသပတေးသားသမီး (ဗုဒ္ဓဟူးသက်ရောက်)
သောကြာသားသမီး (ကြာသပတေးသက်ရောက်)
စနေသားသမီး (အင်္ဂါသက်ရောက်)

၂၀၀၄| ၁၉၉၆|၁၉၈၈|၁၉၈၀|၁၉၇၂|၁၉၆၄ခုနှစ်တို့သည်
(၀ ကြွင်း)ဖြစ်ပြီး ——–

တနင်္ဂနွေသားသမီးများ (သောကြာသက်ရောက်)
တနင်္လာသားသမီးများ (တနင်္ဂနွေသက်ရောက်)
အင်္ဂါသားသမီးများ (တနင်္လာသက်ရောက်)
ဗုဒ္ဓဟူးသားသမီး (အင်္ဂါသက်ရောက်)
ကြာသပတေးသားသမီး (စနေသက်ရောက်)
သောကြာသားသမီး (ရာဟုသက်ရောက်)
စနေသားသမီး (ဗုဒ္ဓဟူးသက်ရောက်)

၂၀၀၃|၁၉၉၅|၁၉၈၇|၁၉၇၉|၁၉၇၁|၁၉၆၃ခုနှစ်တို့သည်
(၁ ကြွင်း)ဖြစ်ပြီး——–

တနင်္ဂနွေသားသမီးများ (တနင်္ဂနွေသက်ရောက်)
တနင်္လာသားသမီးများ (တနင်္လာသက်ရောက်)
အင်္ဂါသားသမီးများ (အင်္ဂါသက်ရောက်)
ဗုဒ္ဓဟူးသားသမီး (ဗုဒ္ဓဟူးသက်ရောက်)
ကြာသပတေးသားသမီး (ကြာသပတေးသက်ရောက်)
သောကြာသားသမီး (သောကြာသက်ရောက်)
စနေသားသမီး (စနေသက်ရောက်)

၂၀၀၂|၁၉၉၄||၁၉၈၆|၁၉၇၈|၁၉၇၀|၁၉၆၂ခုနှစ်တို့သည်
(၂ ကြွင်း)ဖြစ်ပြီး ——

တနင်္ဂနွေသားသမီးများ (တနင်္လာသက်ရောက်)
တနင်္လာသားသမီးများ (အင်္ဂါသက်ရောက်)
အင်္ဂါသားသမီးများ (ဗုဒ္ဓဟူးသက်ရောက်)
ဗုဒ္ဓဟူးသားသမီး (စနေသက်ရောက်)
ကြာသပတေးသားသမီး (ရာဟုသက်ရောက်)
သောကြာသားသမီး (တနင်္ဂနွေသက်ရောက်)
စနေသားသမီး (ကြာသပတေးသက်ရောက်)

၂၀၀၁|၁၉၉၃|၁၉၈၅|၁၉၇၇|၁၉၆၉|၁၉၆၁ခုနှစ်တို့သည်
(၃ ကြွင်း)ဖြစ်ပြီး——-

တနင်္ဂနွေသားသမီးများ (အင်္ဂါသက်ရောက်)
တနင်္လာသားသမီးများ (ဗုဒ္ဓဟူးသက်ရောက်)
အင်္ဂါသားသမီးများ (စနေသက်ရောက်)
ဗုဒ္ဓဟူးသားသမီး (ကြာသပတေးသက်ရောက်)
ကြာသပတေးသားသမီး (သောကြာသက်ရောက်)
သောကြာသားသမီး (တနင်္လာသက်ရောက်)
စနေသားသမီး (ရာဟုသက်ရောက်)

၂၀၀၀|၁၉၉၂|၁၉၈၄|၁၉၇၆|၁၉၆၈|၁၉၆၀ခုနှစ်တို့သည်
(၄ ကြွင်း)ဖြစ်ပြီး—–

တနင်္ဂနွေသားသမီးများ (ဗုဒ္ဓဟူးသက်ရောက်)
တနင်္လာသားသမီးများ (စနေသက်ရောက်)
အင်္ဂါသားသမီးများ (ကြာသပတေးသက်ရောက်)
ဗုဒ္ဓဟူးသားသမီး (ရာဟုသက်သက်ရောက်)
ကြာသပတေးသားသမီး (တနင်္ဂနွေသက်ရောက်)
သောကြာသားသမီး (အင်္ဂါသက်ရောက်)
စနေသားသမီး (သောကြာသက်ရောက်)

၁၉၉၉|၁၉၉၁|၁၉၈၃|၁၉၇၅|၁၉၆၇|၁၉၅၉ခုနှစ်တို့သည်
(၅ ကြွင်း)ဖြစ်ပြီး———-

တနင်္ဂနွေသားသမီးများ (စနေသက်ရောက်)
တနင်္လာသားသမီးများ (ကြာသပတေးသက်ရောက်)
အင်္ဂါသားသမီးများ (ရာဟုသက်ရောက်)
ဗုဒ္ဓဟူးသားသမီး (သောကြာသက်ရောက်)
ကြာသပတေးသားသမီး (တနင်္လာသက်ရောက်)
သောကြာသားသမီး (ဗုဒ္ဓဟူးသက်ရောက်)
စနေသားသမီး (တနင်္ဂနွေသက်ရောက်)

၁၉၉၈|၁၉၉၀|၁၉၈၂|၁၉၇၄|၁၉၆၆|၁၉၅၈ခုနှစ်တို့သည်
(၆ ကြွင်း)ဖြစ်ပြီး ——–

တနင်္ဂနွေသားသမီးများ (ကြာသပတေးသက်ရောက်)
တနင်္လာသားသမီးများ (ရာဟုသက်ရောက်)
အင်္ဂါသားသမီးများ (သောကြာသက်ရောက်)
ဗုဒ္ဓဟူးသားသမီး (တနင်္ဂနွေသက်ရောက်)
ကြာသပတေးသားသမီး (အင်္ဂါသက်ရောက်)
သောကြာသားသမီး (စနေသက်ရောက်)
စနေသားသမီး (တနင်္လာသက်ရောက်)

တနင်္ဂနွေသက်ရောက်
………………………………………
တနင်္ဂနွေသက်ရောက်လျှင် လူလိမ်လူခိုးခံရတတ်သည်။အိုးအိမ်မ
တည်ဖြစ်တတ်သည်။သားမယားအတွက် စိတ်များရတတ်သည်။ကျွဲု နွား
ခြေလေးချောင်းစသော သတ္တဝါထွက်တတ်သည်။ရုံးပြင်ကနားရောက်
တတ်သည်။တစ်နှစ်အတွင်းအခြေမတည်နေရတတ်သည်။အနာအဆာ
လည်းရတတ်သည်။ရန်လည်းရှိသည်။တောင်အရပ်က နဖူးမောက် န
ယောင်ကောက်သောသူဝင်လျှင် လက်မခံနှင့်။မိန်းမလည်းနှောက်ယှက်
တတ်သည်။ခိုးကိန်း မီးကိန်းမြင်သည်။ဝမ်းရောဂါ လေရောဂါ စွဲကပ်
တတ်သည်။ယခုနှစ် အရှေ့မြောက်အရပ်ကို ရှောင်လေ။တနင်္ဂနွေကို
လည်းရှောင်လေ။မကျန်းမမာဖြစ်သော် အရှေ့မြောက်ထောင့်သို့ ခိုစာ
ပစ်လေ။

တနင်္လာသက်ရောက်
…………………………………………
တနင်္လာသက်ရောက်လျှင် သမီးကညာ,အခြေနှစ်ချောင်းဝင်မည်။
အရှေ့အရပ်က လာဘ်ရမည်။မောင်ကောက်ရသူဌေးအမွေရသောကိန်း
ကြုံသည်။မိဘအမွေ,လယ်ယာ,ဥယာဉ်,ရွှေ,ငွေ,ရတနာရတတ်သည်။
ရန်ကိုအောင်နိုင်မည်။အမှုအခင်းရှိလျှင် မိမိကနိုင်ကိန်းရှိ၏။ပျိုရွယ်သူပါ
က ချစ်သူရတတ်သည်။သွားလေရာမျက်နှာပွင့်လန်းမည်။အနောက်
တောင်ထောင့်အရပ်က ကိုယ်ဝန်ဆောင်မိန်းမဝင်လာတတ်သည်။လက်
မခံသင့်။ကလေးမကျန်းမမာဖြစ်လျှင် လက်ဝတ်တန်ဆာဖြင့် ခမဲပေးပါ
က ပျောက်၏။

အင်္ဂါသက်ရောက်
………………………………………………
အင်္ဂါသက်ရောက်လျှင် အမှုအခင်းဖြစ်တတ်သည်။ခိုက်ရန်ဒေါသ
ဖြစ်တတ်သည်။အရှေ့တောင်ထောင့်နှင့်အနောက်မြောက်ထောင့်အရပ်
မှ ရန်ရှိသည်။သူတစ်ပါးသားမယားနှင့်စကားများရတတ်သည်။ပျိုရွယ်သူ
များရည်းစားလုရတတ်သည်။ခိုးကိန်း,မီးကိန်းလည်းရှိသည်။အချုပ်အ
နှောင် သွေးထွက်သံယိုတွေ့ရတတ်သည်။ရုံးပြင်ကနားရောက်ရတတ်
သည်။အလုပ်အကိုင်ဆုံးရှုံးပျက်စီးတတ်သည်။အဖျားအနာလည်းဖြစ်
မည်။မျက်စိကို ဥပါဒ်ပေးတတ်သည်။စုတ်လည်းရတတ်သည်။အတွင်း
ရန်မြင်သည်။အပြောအဆို ဆင်ခြင်ပါလေ။နေရာထိုင်ခင်းပြောင်းရွှေ့ရ
တတ်သည်။ဖျားနာသော် အရှေ့တောင်အရပ်သို့ တစ္ဆေစာပစ်ပါလေ။

ဗုဒ္ဓဟူးသက်ရောက်
…………………………………………
ဗုဒ္ဓဟူးသက်ရောက်လျှင် ဗုဒ္ဓဟူးနံ လူ,ရွှေ,လှေ,လှည်း,လယ်ယာ
ဥယာဉ်ဝင်ကိန်းရှိသည်။တောင်အရပ်က အမွေအနှစ်ရတတ်သည်။စီး
ပွားလာဘ်တိုးတက်ရာ၏။ချစ်ခင်သူတွေ့ရတတ်သည်။စုတ်,ခြေနှစ်
ချောင်းရှိသော သတ္တဝါဝင်ကိန်းရှိသည်။ဝမ်း,ရင်ကို ဥပါဒ်ပေးတတ်သည်
ဝက်သား,ဖရဲစသည်တို့ကိုရှောင်လေ။အနောက်တောင်ထောင့်နှင့်အ
ရှေ့မြောက်ထောင့်အရပ်က လူဝင်လျှင် လက်မခံနှင့်။လိမ်လည်ခိုးယူ
တတ်သည်။နာဖျားလျှင် တောင်အရပ်သို့ ရုက္ခစိုး,နတ်,တစ္ဆေစသည်
တို့ကို ကျွေးမွေးလေ။

ကြာသပတေးသက်ရောက်
……………………………………………………
ကြာသပတေးသက်ရောက်လျှင် ခရီးအသွားအလာများတတ်သည်။
ချစ်သူခင်သူပေါတတ်သည်။မိဘအမွေအနှစ်ရတတ်သည်။အရပ်လေး
မျက်နှာ၌ စန်းပွင့်တတ်၏။လယ်ယာမိုးမြေ အရှေ့အရပ်နှင့်တောင်အ
ရပ်မှ ရတတ်သည်။ဒါနလည်းပြုရတတ်သည်။ခြေနှစ်ချောင်းစုတ်လည်း
ဝင်ကိန်းရှိသည်။အရှေ့တောင်အရပ်ကို အသွားအလာဆင်ခြင်ရမည်။
၎င်းအရပ်က မုဆိုးမ အသားဖြူ ညို ဝင်လျှင် လက်မခံသင့်ပေ။သူငယ်မ
မာဖြစ်သော် လူကြီးမိဘမှ ကလေးအား ခမဲပေးက ပျောက်သည်။

သောကြာသက်ရောက်
………………………………………………
သောကြာသက်ရောက်လျှင် ခရီးများများသွားရကိန်းရှိသည်။ယော
က်ျားဖြစ်လျှင် မယားကညာရတတ်သည်။မိန်းမဖြစ်လျှင် လင်ကောင်းရ
တတ်သည်။စီးပွားချမ်းသာတိုးတက်မည်။အလုပ်ထူး အကိုင်ထူးရမည်။
မြောက်အရပ်က လယ်ယာမိုးမြေ,ဆန်ရေစပါးကျွဲ နွားဆင်မြင်းရတတ်
သည်။အလှူ ဒါနပြု လျှင် ကောင်းသည်။နာဖျားလျှင် မြောက်အရပ်သို့
ရုက္ခစိုးနတ်အား ပူဇော်ပသတင်မြှောက်ပါလေ။

စနေသက်ရောက်
………………………………………………
စနေသက်ရောက်လျှင် ရပ်ဝေးရပ်ခြား ခရီးသွားရတတ်သည်။ပစ္စ
ည်းဥစ္စာ ပျက်စီးဆုံးရှုံးတတ်သည်။ခရီးအဝေးကို မသွားအပ်။သွားမိပါက
ဥပါဒ်ဖြစ်တတ်သည်။မိန်းမနှင့်ပတ်သက်၍ စိတ်ညစ်ရတတ်သည်။အမှု
အခင်းလည်း ဖြစ်တတ်သည်။ရုံးပြင်ကနားလည်းရောက်ရတတ်သည်။
သွေးထွက်သံယိုမြင်သည်။သူတစ်ပါးစွပ်စွဲုခြင်းခံရတတ်သည်။အနောက်
တောင်ထောင့်ကိုရှောင်ပါလေ။မကျန်းမမာဖြစ်လျှင် အနောက်တောင်
ထောင့်အရပ်သို့ စုန်း,နတ်တို့အား အစာကျွေးပါလေ။

ရာဟုသက်ရောက်
…………………………………………
ရာဟုသက်ရောက်လျှင် လူကြီးမိဘ မုန်းထားတတ်သည်။လင်မ
ယားသော်လည်း စကားများ၍ ကွာရှင်းရတတ်သည်။နေရာထိုင်ခင်းမမြဲ
ဘဲ ပြောင်းရွှေ့ရတတ်သည်။လူလိမ်,သူခိုး,မင်းစိုးရာဇာ နှောက်ယှက်
တတ်သည်။အသားထဲကလောက်ထွက်ဆိုသကဲ့သို့ ကိုယ့်အထဲကလူ
မကောင်းကြံတတ်သည်။စွပ်စွဲခြင်းကို ခံရတတ်သည်။အနောက်တောင်
အရပ်ကို ရှောင်လေ။ဝမ်း,ရင်ကိုလည်း ဥပါဒ်ပေးတတ်သည်။ရာဟုနံကို
ရှောင်လေ။မကျန်းမာသည်ရှိခဲ့သော် သုသာန်တစပြင်သို့ အမဲဟင်းလျာပစ်လေ။
ပြီးပါပြီ။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...