အင်္ဂါ သားသမီးများအတွက် အတိုက် အဖွင့် = ရန်ရှင်း လာဘ်ပွင့်

Astrology
အင်္ဂါ သားသမီးများအတွက် အတိုက် အဖွင့် = ရန်ရှင်း လာဘ်ပွင့်

အင်္ဂါ သားသမီးများအတွက်

သင့်ဘဝခရီးလမ်းမှာ…
ငွေကြေးအကြပ်အတည်းတွေ ဖြစ်နေပြီလား…
ငွေကြေးပိုက်ဆံများ ရချင်လိုချင်နေပြီလား…
ရန် အတိုက်အခိုက်တွေ ကြုံနေရပြီလား…
မလိုမုန်းတီးမှုတွေ ရင်ဆိုင်နေရပြီလား…
အခက်အခဲ ပြသာနာတွေ တွေ့နေရပြီလား…

သူတင် ကိုယ်တင် နင်လားဟဲ့ ငါလားဟဲ့ အဖြစ်မျိုး ဖိုက်နေရပြီလား…
အကျဉ်းအကြပ်တွေနဲ့ ဖြေရှင်းမရနိုင်အောင် ဖြစ်နေပြီလား…
အောက်မှာဖော်ပြထားသော နင်းကြမ်းအရွက်များကို ခြေဖြင့်နင်းခြေထွက်သွားလိုက်ပါ..
အထူးလှို့ဝှက်ပညာခန်းဖြစ်ပါတယ်၊
(တြိစတု နင်းကြမ်းပြု)

ဖော်ထုတ်ပြောပြလို့ ပြုလုပ်ရတာ လွယ်ကူသော်လည်း..
အစွမ်းထက် ထိရောက်မှုကအံ့မခန်းပါပဲ
ရန်အတိုက်အခိုက်များကို တန်ပြန်တွန်းလှန် အောင်မြင်ပြီး အခွင့်အလမ်းကောင်းများ ပေါ်ပေါက်လာမှာဖြစ်ပါတယ်။

#အင်္ဂါ သားသမီးများအတွက်#

သီဟိုဠ်ရွက် ၂၁ ရွက်နှင့် ပျဉ်းမရွက် ၁၉ ရွက်တို့ကို မြေကြီး သို့မဟုတ် ကြမ်းခင်းပေါ်မှာ စုပုံထားပါ၊
အဲဒိစုပုံထားသောအရွက်များပေါ်မှာ ခြေစုံရပ်လျက် မိမိကိစ္စကို အာရုံပြုပါ ၊ ပြီးလျင် ဘယ်ညာ ၁၁.ချက် ဆောင့်နင်းပြီးထွက်သွားပါ၊
နင်းပြီးသား အရွက်များကို ပြန်မကိုင်ရပါ

မိမိနှင့် မွေးနံမတူသူ အခြားတစ်ယောက်မှ ဝေးရာသို့ စွန့်ပစ်ပါ။
ပြုလုပ်ရမည့် အချိန်တွေက မိမိ၏ နဝင်းချိန်မှာ ပြုလုပ်ရပါမယ်။
နင်းကြမ်း အစီအမံပြုလုပ်ပြီးလျင်
မိမိ၏ ဆောင်ပန်းကို မွေးနံထောင့်တွင် သွားရောက်ထိုးလှူခြင်း ပြုနိုင်ပါက အထူးပိုမိုကောင်းပါသည်။

သက်ဆိုင်ရာနေ့သားသမီးများ၏
နဝင်းချိန်များနှင့် သက်ဆိုင်ရာဆောင်ပန်းတို့ကို ရှေ့တွင်ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။
*နင်းကြမ်းအရွက်များ အခက်အခဲရှိသော ဒေသများနှင့် နိုင်ငံခြားတို့တွင်
သဘော်သီးကို စားလိုက်လို့ရပါတယ်.
ပန်းသီးကိုသကြားနှင့်တို့ ပြီး ဝါးစားမြိုချခြင်းပြုနိုင်ပါတယ်*

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...