အလှပြင်ဆိုင်လူမဝင်လို့…ခက်နေသလား…
အခုခေတ်မှာ လုပ်ငန်းတွေကအပြိုင်အဆိုင်များလာပါပြီ။ မိမိဆိုင်က ဖောက်သည် လျော့နည်း မသွားအောင် လူဝင်မကျဲသွားအောင် နည်းပေါင်းစုံနဲ့ကြိုးစားကြရပါတယ်။ ယခုနည်းကလေးကလည်း အလှပြင်ဆိုင်များ အတွက် အဆင်ပြေစေရန် ရည်ရွယ်ပြီး ရေးသားအပ်ပါသည်။
(၁)ဆိုင်ဖွင့်ချိန်…မနက်တိုင်း…မိမိဆိုင်ရှေ့ကို ဆားအနည်းငယ်ဖြူးပေးပါ။
(၂) အုန်း ၉ညွန့်ကို ဆိုင်ဘုရားမှာ ကပ်လှုပူဇော်ပေးပါ။
(၃) ဆိုင်မှ ပစ္စည်းအနည်းငယ်ကို နေရာရွှေ့ပြောင်း ပြုလုပ်ပေးပါ။
(၄) အားလူးကိုကြော်ပြီး ဘုန်းကြီးကျောင်းကို သွားရောက် လှုဒါန်းပေးပါ။များမကြာမှီ အလှပြင်ဆိုင် လုပ်ငန်းလေးတွေ လက်မလည်အောင် စည်ကား အောင်မြင်လာ ပါလိမ့်မည်။
မူရင်းရေးသားသူ ဆရာမချစ်စုသွယ်ကိုလည်း credit ပေးပါတယ်။
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။