ခုနှစ်ရက်သားသမီး ကျန်းမာရေး ယတြာ

Astrology
ခုနှစ်ရက်သားသမီး ကျန်းမာရေး ယတြာ

ခုနှစ်နေ့သားသမီအားလုံး
ငါးပါးသီလခံယူပါ။
ခင်ပွန်းကြီး(၁၀)ပါးကိုအပြစ်မှခွင့်လွတ်ပါရန်ကန်တော့ပါ။
ခင်ပွန်းကြိ်း(၁၀)ပါးရားရှိခိုးကိုဖြစ်စေ
ခင်ပွန်းကြီးစာသားကိုဖြစ်စေ အပြစ်ရှိကခွင့်လွှတ်ပါရန်
ရှိခိုးကန်တော့ပါ။
ကုသိုလ်ပြုပါ။ပြုခဲ့ပြီးသောဒါနကုသိုလ်၊သီလကုသိုလ်
ဘာဝနာကုသိုလ်များကိုမမေ့မလျှော့အောက်မေ့ကာနေပါ။

၎င်းနောက်~
တနင်္ဂနွေသားသမီး
ကျန်းမာရေးချို့တဲ့လျှင်
ရက်ရှည်လများ နေထိုင်မကောင်းဖြစ်နေလျှင်
ဆေးထိုးတိုင်းဆေးမစူးပဲဖြစိနေလျှင်
မိမိအိပ်ရာအောက်မှာ(အုန်းရွက်)နှင့်(သီဟိုရွက်)
အနည်းငယ်ခင်းအိပ်ပါ။

နံနက်တွင် အိမ်၏အရှေ့အရပ်သို့စွန့်ပစ်ပါ။
ဤကဲ့သို့(၉)ညပြုလုပ်ပါ။
ဆေးစူး၍ကျန်းမာလာပါမည်။
အကယ်၍ရောဂါကြီးလျှင်
အိပ်ယာခေါင်းရင်းတွင်
အုန်းသီတစ်လုံးထားအိပ်ပါ။
နံနက်တွင် ဘုန်းတော်ကြီးတစ်ပါးကိုလှူလိုက်ပါ။
(သို့မဟုတ်)မြစ်အရှင် ရေမျှောပါ။
တစ်ကြိမ်တည်းသာပြုလုပ်ပါ။

တနင်္လာသားသမီး
ကျန်းမာရေးချို့တဲ့လျှင်
ရက်ရှည်လများ နေထိုင်မကောင်းဖြစ်နေလျှင်
ဆေးထိုးတိုင်းဆေးမစူးပဲဖြစိနေလျှင်
မိမိ၏အိပ်ရာအာက်မှာ(ကံ့ကော်ရွက်)နှင့်(တမာရွက်)
အနည်းငယ်ခင်းအိပ်ပါ။
နံနက်တွင် အိမ်၏အရှေ့တောင်ရပ်သို့စွန့်ပစ်ပါ။

ဤကဲ့သို့(၉)ညပြုလုပ်ပါ။
ဆေးစူး၍ကျန်းမာလာပါမည်။
အကယ်၍ရောဂါကြီးလျှင်
ယောက်ျားဆိုလျှင် လက်ျာဘက်
မိန်မဆိုလျှင် လက်ဝဲဘက်တွင်
ကြံရှည်တစ်ချောင်းထား၍အိပ်ပါ။
နံနက်တွင်(၉၆)ဆစ်ပိုင်း၍
ရေရှင်တွင် မျှောပါ။
တစ်ကြိမ်တည်းသာပြုလုပ်ပါ။

အင်္ဂါသားသမီး
ကျန်းမာရေးချို့တဲ့လျှင်
ရက်ရှည်လများ နေထိုင်မကောင်းဖြစ်နေလျှင်
ဆေးထိုးတိုင်းဆေးမစူးပဲဖြစိနေလျှင်
မိမိ၏အိပ်ရာအောက်မှာ(ဇီးရွက်)နှင့်(အုန်းရွက်)
အနည်းငယ်ခင်းအိပ်ပါ။
နံနက်တွင် အိမ်၏တောင်ရပ်သို့စွန့်ပစ်ပါ။

ဤကဲ့သို့(၉)ညပြုလုပ်ပါ။
ဆေးစူး၍ကျန်းမာလာပါမည်။
အကယ်၍ရောဂါကြီးလျှင်
ဆန်(၉)ဆုပ်ကိုအိပ်ရာခေါင်းရင်းတွင်ထားအိပ်ပါ။
နံနက်တွင်ကုန်းသတ္တဝါ၊ရေသတ္တဝါများကိုကျွေးပါ။
တစ်ကြိမ်တည်းသာပြုလုပ်ပါ။

ဗုဒ္ဓဟူးသားသမီး(ရာဟု)
ကျန်းမာရေးချို့တဲ့လျှင်
ရက်ရှည်လများ နေထိုင်မကောင်းဖြစ်နေလျှင်
ဆေးထိုးတိုင်းဆေးမစူးပဲဖြစိနေလျှင်
မိမိ၏အိပ်ရာအောက်မှာ(ဝါးရွက်)နှင့်(ရဲယိုရွက်)
အနည်းငယ်ခင်းအိပ်ပါ။
မနက်တွင် အိမ်၏အနောက်တောင်ရပ်သို့စွန့်ပစ်ပါ။

ဤသို့(၉)ညပြုလုပ်ပါ။
ဆေးစူး၍ကျန်းမာလာပါမည်။
အကယ်၍ရောဂါကြီးလျှင်
ဆန်(၉)ဆုပ်ကိုအိပ်ရာခေါင်းရင်းတွင်ထားအိပ်ပါ။
နံနက်တွင်ကုန်းသတ္တဝါ၊ရေသတ္တဝါများကိုကျွေးပါ။
တစ်ကြိမ်တည်းသာပြုလုပ်ပါ။

ကြာသပနေးသားသမီး
ကျန်းမာရေးချို့တဲ့လျှင်
ရက်ရှည်လများ နေထိုင်မကောင်းဖြစ်နေလျှင်
ဆေးထိုးတိုင်းဆေးမစူးပဲဖြစိနေလျှင်
မိမိ၏အိပ်ရာအောက်မှာ(ငှက်ပျောရွက်)နှင့်
(ပေါက်ပန်းဖြူရွက်)အနည်းငယ်ခင်းအိပ်ပါ။
နံနက်တွင် အိမ်၏အနောက်တောင်ရပ်သို့စွန့်ပစ်ပါ။

ဤကဲ့သို့(၉)ညပြုလုပ်ပါ။
ဆေးစူး၍ကျန်းမာလာပါမည်။
အကယ်၍ရောဂါကြီးလျှင်
အနာအဆာမပါသော ငှက်ပျောတစ်ဖီးကို
အဝတ်ဖြူတစ်တောင်နှင့်ပတ်ပြီး
အိပ်ရာခေါင်းရင်းတွင်ထားအိပ်ပါ။
နံနက်တွင်ဘုန်းတော်ကြီးတစ်ပါ(သို့မဟုတ်)
အမှန်တကယ်စားမည့်သူကိုလှူပါ။
အဝတ်ဖြူကိုလည်းလှူပါ။
တစ်ကြိမ်တည်းသာပြုလုပ်ပါ။

သောကြာသားသမီး
ကျန်းမာရေးချို့တဲ့လျှင်
ရက်ရှည်လများ နေထိုင်မကောင်းဖြစ်နေလျှင်
ဆေးထိုးတိုင်းဆေးမစူးပဲဖြစိနေလျှင်
မိမိ၏အိပ်ရာအောက်မှာ(သီဟိုတစ်ရွက်)နှင့်
(မဲဇလီရွက်)အနည်းငယ်ခင်းအိပ်ပါ။
နံနက်တွင် အိမ်၏အရှေ့မြောက်အရပ်သို့စွန့်ပစ်ပါ။

ဤကဲ့သို့(၉)ညပြုလုပ်ပါ။
ဆေးစူး၍ကျန်းမာလာပါမည်။
အကယ်၍ရောဂါကြီးလျှင်
နှမ်းဆီ(၃)ကျပ်သားကို
အိပ်ရာခေါင်းရင်းတွင်ထားအိပ်ပါ။
နံနက်တွင်ဘုရားမီးပူဇော်ပါ။
တစ်ကြိမ်တည်းသာပြုလုပ်ပါ။

စနေသားသမီး
ကျန်းမာရေးချို့တဲ့လျှင်
ရက်ရှည်လများ နေထိုင်မကောင်းဖြစ်နေလျှင်
ဆေးထိုးတိုင်းဆေးမစူးပဲဖြစိနေလျှင်
မိမိ၏အိပ်ရာအောက်မှာ(တမာရွက်)နှင့်
(ငှက်ပျောရွက်)အနည်းငယ်ခင်းအိပ်ပါ။
နံနက်တွင် အိမ်၏အနောက်အရပ်သို့စွန့်ပစ်ပါ။

ဤကဲ့သို့(၉)ညပြုလုပ်ပါ။
ဆေးစူး၍ကျန်းမာလာပါမည်။
အကယ်၍ရောဂါကြီးလျှင်
အုန်းသီးတစ်လုံးကိုအဝတ်န်ီပတ်ထားပါ။
အိပ်ရာခေါင်းရင်းတွင်ထားအိပ်ပါ။
နံနက်တွင်ရေရှင်မှာ မျှောပါ။
သို့မဟုတ် ဘုန်းတော်ကြီတစ်ပါးပါးကိုလှုပါ။
တစ်ကြိမ်တည်းသာပြုလုပ်ပါ။
၇ရက်သားသမီးများ ကျန်းမာချမ်းသာကြပါစေ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...