ငွေကံကောင်းစေရန် …

Astrology
ငွေကံကောင်းစေရန် …

ငွေရရှိစေရန် လွယ်ကူဆုံးနှင့် အထိရောက်ဆုံးဖြစ်သည့် လာဘသိဒ္ဓိဝိဇ္ဇာ အစီအရင်လေးတစ်ခုကို ဗဟုသုတရစေရန် ရေးသားတင်ပြအပ်ပါသည်။ မြေအိုး အသစ်တလုံးကို ထုံးသုတ်ပါ။ ရေထည့်ပါ။ ထို့နောက် လန်းဆန်းလတ်ဆတ်သော ကန်စွန်းညွန့် ၉ညွန့်ထည့်ပြီး အမြင့်တစ်နေရာတွင် တင်ထားပါ။တနင်္လာနေ့ မနက် ၉နာရီ ၄၅မိနစ်တွင် ပြုလုပ်ရမှာ ဖြစ်ပါသည်။

ထိုင်ဖုံကလေးများအကြောင်း

လူတိုင်းလူတိုင်းက မိမိရဲ့ ကောင်းမွန်တဲ့ လက်ရှိဘဝအခြေအနေ ခိုင်မြဲချင်တာကတော့ အားလုံးရဲ့တူညီတဲ့ ဆန္ဒတစ်ခုပါပဲ။ ဒီတော့ အတိုက်အခိုက်တွေ ကင်းပြီး စီးပွားတွေကောင်းမွန် အခြေခိုင်မာစေရန် ဖုံကလေးတွေ လိုအပ်လာပါတယ်။ ဖုံကလေးတွေကို ဘယ်နေရာတွေမှာ အသုံးပြုမလဲဆိုတော့ ဘုရားရှိခိုး ပုတီးစိတ် သောအခါ ၊ကုလားထိုင်မှာ ထိုင်ပြီးအလုပ် လုပ်တဲ့သူတွေ ထိုဖုံလေးပေါ်မှာ ထိုင်ပြီး အလုပ်ကိစ္စများကို ပြုမူဆောင်ရွက်နိုင်ပါတယ်။

လောကီပညာရှင်တွေက “တြိစတု ထိုင်ဖုံပြု” လို့ဆိုထားပါတယ်။ ထိုင်ဖို့အတွက် ဖုံကလေး၁ခု ချုပ်ရပါမယ် သို့မဟုတ် supermarket တွေမှာ ထိုင်ခင်းလေးတွေဝယ်ပါ ။ ထိုဖုံလေးထဲ ဆီလီကွန် /ဂွမ်း/မှို့ လုံးဝမထည့်ရပါဘူး ။ အောက်မှာပေးထားသော နေ့နာမ်သားအလိုက် အရွက်ကလေးတွေ အပြည့်ထည့်ပြီး အသုံးပြုနိုင်ပါတယ်။

တနင်္ဂနွေသားသမီး- စောင်းလျားရွက်
တနင်္လာသားသမီး-လက်ပံရွက်
အင်္ဂါသားသမီး-သပြေရွက်
ဗုဒ္ဓဟူးသားသမီး-သနပ်ရွက်
ကြာသပတေးသားသမီး-အုန်းနှဲရွက်
သောကြာသားသမီး-အင်ကြင်းရွက်
စနေသားသမီး-ကြက်ဆူရွက်
အထက်ပါ ဖုံကလေးတွေ နေ့စဉ်အသုံးပြုပြီး ကောင်းမွန်တဲ့ ဘဝအခြေခိုင်မြဲ ကြပါစေလို့ ဆန္ဒပြု ရေးသားအပ်ပါသည်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...