စီးပွားရေး အဆင်ပြေ၍ လာဘ်လာဘ ပွင့်ရန်

Astrology
စီးပွားရေး အဆင်ပြေ၍ လာဘ်လာဘ ပွင့်ရန်

တနင်္ဂနွေ သားသမီးများ
အိမ်ဘုရားမှာ အနောက်အရပ်ကို လှည့်၍ ပန်းသီး (၃)လုံး၊ (၃)စိပ် ဒါမှမဟုတ် (၃)ပန်းကန်၊ သောက်တော်ရေ (၃)ခွက်၊ ဖယောင်းတိုင် (၃)တိုင်နှင့် အမွှေးတိုင် (၃)တိုင်တို့ လှူပြီး စီးပွားရေး အဆင်ပြေ၍ လာဘ်လာဘ ပွင့်စေရန် ဆုတောင်းပါ။

တနင်္လာ သားသမီးများ

အိမ်ဘုရားမှာ မြောက်အရပ်ကို လှည့်၍ တယ်သီ၊ ထန်းသီး၊ နှင်းသီးနှင့် နာနတ်သီး တို့ထဲက ကြိုက်ရာတစ်မျိုး (၃)လုံး၊ (၃)စိပ် ဒါမှမဟုတ် (၃)ပန်းကန်၊ သောက်တော်ရေ (၃)ခွက်၊ ဖယောင်းတိုင် (၃)တိုင်နှင့် အမွှေးတိုင် (၃)တိုင်တို့ လှူပြီး စီးပွားရေး အဆင်ပြေ၍ လာဘ်လာဘ ပွင့်စေရန် ဆုတောင်းပါ။

အင်္ဂါ သားသမီးများ

အိမ်ဘုရားမှာ အနောက်တောင်အရပ်ကို လှည့်၍ အုန်းနဲနှင့် အုန်းနို့ တို့ထဲက ကြိုက်ရာတစ်မျိုး (၃)ဗူး ဒါမှမဟုတ် (၃)ပန်းကန်၊ သောက်တော်ရေ (၃)ခွက်၊ ဖယောင်းတိုင် (၃)တိုင်နှင့် အမွှေးတိုင် (၃)တိုင်တို့ လှူပြီး စီးပွားရေး အဆင်ပြေ၍ လာဘ်လာဘ ပွင့်စေရန် ဆုတောင်းပါ။

ဗုဒ္ဓဟူး သားသမီးများ

အိမ်ဘုရားမှာ အရှေ့မြောက်အရပ်ကို လှည့်၍ အီကြာကွေး (၃)ချောင်း ဒါမှမဟုတ် (၃)ပန်းကန်၊ သောက်တော်ရေ (၃)ခွက်၊ ဖယောင်းတိုင် (၃)တိုင်နှင့် အမွှေးတိုင် (၃)တိုင်တို့ လှူပြီး စီးပွားရေး အဆင်ပြေ၍ လာဘ်လာဘ ပွင့်စေရန် ဆုတောင်းပါ။

ကြာသပတေး သားသမီးများ

အိမ်ဘုရားမှာ အရှေ့အရပ်ကို လှည့်၍ ကညွှတ်ကြော်၊ ကန်စွန်းကြော်၊ ကြာဇံကြော်နှင့် ခေါက်ဆွဲကြော် တို့ထဲက ကြိုက်ရာတစ်မျိုး (၃)ပန်းကန်၊ သောက်တော်ရေ (၃)ခွက်၊ ဖယောင်းတိုင် (၃)တိုင်နှင့် အမွှေးတိုင် (၃)တိုင်တို့ လှူပြီး စီးပွားရေး အဆင်ပြေ၍ လာဘ်လာဘ ပွင့်စေရန် ဆုတောင်းပါ။

သောကြာ သားသမီးများ

အိမ်ဘုရားမှာ အရှေ့တောင်အရပ်ကို လှည့်၍ စောင်းလျားယို၊ ရှားစောင်းယိုနှင့် ဇီးယို တို့ထဲက ကြိုက်ရာတစ်မျိုး (၃)ပန်းကန်၊ သောက်တော်ရေ (၃)ခွက်၊ ဖယောင်းတိုင် (၃)တိုင်နှင့် အမွှေးတိုင် (၃)တိုင်တို့ လှူပြီး စီးပွားရေး အဆင်ပြေ၍ လာဘ်လာဘ ပွင့်စေရန် ဆုတောင်းပါ။

စနေ သားသမီးများ

အိမ်ဘုရားမှာ တောင်အရပ်ကို လှည့်၍ ဖရဲသီး(၃)စိပ်၊ ဖရုံယို၊ ပဲလှော်နှင့် လက်ဖက် တို့ထဲက ကြိုက်ရာတစ်မျိုး (၃)ပန်းကန်၊ သောက်တော်ရေ (၃)ခွက်၊ ဖယောင်းတိုင် (၃)တိုင်နှင့် အမွှေးတိုင် (၃)တိုင်တို့ လှူပြီး စီးပွားရေး အဆင်ပြေ၍ လာဘ်လာဘ ပွင့်စေရန် ဆုတောင်းပါ။

မှတ်ချက်။ ။ ရာဟု သားသမီးများအတွက် ဗုဒ္ဓဟူး သားသမီးများမှာ ဖတ်ပါ အတူတူပါပဲ။ မည်သည့် နေ့သားသမီးမဆို လုပ်လို့ရပါတယ်။ စျေးရောင်းကောင်းချင်းလျှင်လဲ လုပ်လို့ရပါတယ်။ အမျိုးသမီးများ အနေဖြင့် အထက်ပါ ယတြာကို ဓမ္မတာရာသီ လာလျှင် ပြုလုပ်လို့ မရပါ။ ရာသီလာတဲ့ ရက်မှ စ၍ (၇)ရက်မြှောက်နေ့ ရောက်လျှင် ဤယတြာကို ပြုလုပ်လို့ ရမှာ ဖြစ်သည်။

✡ရက်ကတော့ နေ့တိုင်း လှူရပါမယ်။ ဘယ်ရက်မဆို လှူလို့ရပါတယ်။ အချိန်ကတော့ မနက်တိုင်း ၆နာရီမှ ၇နာရီခွဲ အတွင်း လှူရပါမယ်။ ပြောထားတဲ့ အချိန်အတွင်း အဆင်မပြေလျှင် မနက် ၆နာရီမှ နေ့လည် ၁၂နာရီအတွင်း ကြိုက်တဲ့ချိန် လှူပါ။ နေလည် ၁၂နာရီ မကျော်ပဲ လှူရပါမည်။ စွန့်ရမည့် အချိန်ကတော့ နေ့တိုင်း နေ့လည် ၁၂ကျော်မှ စွန့်၍ ကိုယ်ကိုယ်တိုင် စားလဲရ သူများကို ကျွေးလဲ ရပါတယ်။ နေ့တိုင်း လှူနိုင်လျှင်တော့ အရမ်းကောင်းပါတယ်။ နေ့တိုင်း မလွယ်ဘူးဆိုရင် မွေးနေ့အပတ်တိုင်း လှူပါ။

(၇)ရက် သားသမီးများ စိတ်၏ချမ်းသာ၊ ကိုယ်၏ကျန်းမာခြင်း တို့ဖြင့် ပြည့်စုံကြပါစေ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...