လမ်းကြောင်းကြီးများအပေါ်မှ သေမင်းခေါ်သံ မှဲ့များ

Astrology
လမ်းကြောင်းကြီးများအပေါ်မှ သေမင်းခေါ်သံ မှဲ့များ

လက္ခဏာပညာ၌ လက်ဝါးပြင်မှ မှဲ့များသည်
ကောင်းကျိုးထက် မကောင်းအကျိုးကိုသာ
ပေးစွမ်းသည်ကများသည်။

တစ်ချို့က ထိုမှဲ့များကို အစိုးရိမ်လွန်ကာ ဖျက်ပစ်လေ့ရှိသည်။ ကျွန်ုပ်ကတော့ မှဲ့က သတိပေး
အချက်ပြခြင်းဟုသာ ယူဆထားသည်။
တစ်ခါက သူခိုးတစ်ယောက် ကျွန်ုပ်အား မေးမြန်းဖူးသည်။
သူ၏ ညာဘက်လက် ကြာသပတေးဂြိုလ်ခုံတွင်
မှဲ့တစ်လုံး ပေါ်လိုက် ပျောက်လိုက်နဲ့ ဆရာ ဟု
ပြသဖူးသည်။ ထိုအကြောင်းအား ရေးတင်ဖူးပါသည်။

” အေး အဲဒီမှဲ့လေးပေါ်လာရင် ဘာမှမလုပ်နဲ့ မင်းငြိမ်ငြိမ်ကလေးသာနေလိုက်” ဟု မှာဖူးခဲ့သည်။
ထိုသူခိုးလေးမှာ မှဲ့ပေါ်လာသည့်အချိန်တွင်
ထောင် အချုပ်ကျလိုက်၊ ခိုးနေချိန် လူမိလိုက်နှင့်
ရှိနေခဲ့သည်။ ထို့ကြောင့် မှဲ့ကို ဖျက်နေတာထက်
မှဲ့ပေါ် သည့် နေရာအလိုက် ဆင်ခြင်သတိထားပါက
ပိုကောင်းလေသည်။

၁။ အသက်လမ်းကြောင်းပေါ်တွင် မှဲ့အမှတ်အသား
ပါရှိနေရင် ထိုမှဲ့အထင်ရှားဆုံးအချိန်တွင်
ပြင်းထန်သော ရောဂါ ဝေဒနါကို ကြုံတွေ့ရမည်။

၂။ ဦးခေါင်းလမ်းကြောင်းပေါ်တွင် မှဲ့အမှတ်အသား
ပါရှိနေရင် ထိုမှဲ့အထင်ရှားဆုံးအချိန်ကာလတွင်
မျက်စိ၊ နား၊ နှာခေါင်း၊လည်ချောင်း၊ သွား
ဦးခေါင်းတို့တွင် ရောဂါ ဝေဒနါ ကြုံရမည်။

၃။ နှလုံးလမ်းကြောင်းအပေါ်တွင် မှဲ့အမှတ်အသား
ပါရှိနေရင် ထိုမှဲ့အထင်ရှားဆုံးအချိန်ကာလတွင်
အချစ်ရေး၊ အိမ်ထောင်ရေးတို့နှင် ပတ်သတ်၍
သောကကြုံရမည်။ ဒုက္ခများမည်။ သံယောဇဥ်နှင့်
ပတ်သတ်ပြီး ကံဆိုးခြင်းများ ကြုံရမည်။

၄။ ကျန်းမာရေးလမ်းကြောင်းပေါ်တွင်
မှဲ့အမှတ်အသား ပါရှိနေရင် ထိုမှဲ့အထင်ရှားဆုံး
အချိန်ကာလတွင် အစာအိမ်ရောဂါဝင်မည်။
ခွဲစိပ်မှုတစ်ခုခု ကြုံရမည်။

၅။ ကံလမ်းကြောင်းပေါ်တွင် မှဲ့အမှတ်အသား
ပါရှိနေရင် ထိုမှဲ့အထင်ရှားဆုံး ကာလတွင်
စီးပွားရေးလုပ်ငန်းများ ဆုံးရှူံးမည်။ ငွေကြေးဆုံး
ရှုံးမှုများကြုံမည်။ နာမည်ပျက်မည်။

၆။ အောင်မြင်ရေးလမ်းပေါ်တွင် မှဲ့အမှတ်အသား
ပါရှိနေရင် ထိုမှဲ့အထင်ရှားဆုံး ကာလတွင်
နာမည်ပျက်ခြင်း၊ အစွပ်စွဲခံရခြင်း၊ အထင်အမြင်
လွဲခံရခြင်း ကြုံရမည်။ အရှက်ကွဲအကျိုးနည်း
ဖြစ်မည်။

၇။ အိမ်ထောင်ရေးလမ်းပေါ်တွင် မှဲ့အမှတ်အသား
ပါရှိနေရင်ထိုမှဲ့အထင်ရှားဆုံး ကာလတွင်
အိမ်ထောင်ရေးအဆင်မပြေမှုများကြုံမည်။
အိမ်ထောင်ဖက်ကျန်းမာရေးညံ့ခြင်း၊သေဆုံးခြင်း
အိမ်ထောင်ရေးပြိုကွဲခြင်းများ ကြုံရမည်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...