သူဌေးမင်းဇာတာတွက်နည်း

Astrology
သူဌေးမင်းဇာတာတွက်နည်း

ကိုယ့်ရဲ့ ဇာတာဟာ သူဌေးဇာတာလား?
ချမ်းသာမည့်ကံပါလား?
ဇိမ်ရှိရှိနေထိုင်ရမည့် ဇာတာလား?
စိတ်အေးချမ်းစွာ နေရမည့် ဇာတာလား?
ဆိုတာကို မြန်မာ့ရိုးရာဗေဒင်တွက်နည်းနဲ့ လက်တွေ့ကျကျ တွက်ချက်ကြည့်ကြရအောင်…..

၁ ကြွင်း – ဂဠုန်
၃ ကြွင်း – ခြင်္သေ့
၅ ကြွင်း – သိကြားမင်း
၇ ကြွင်း – နဂါး

တွက်နည်းအရ ၁၊၃၊၅၊၇ ကြွင်းလျှင်
အိုဇာတာ ကောင်းမွန်ခြင်း ၊ နာမည်ကြီးလွယ်ခြင်း ၊
အစစအရာရာ အဆင်ပြေခြင်း ၊ မပူမပင်မကြောင့်မကျ နေရတတ်ခြင်း ၊ ငွေရလွယ်ခြင်း ၊ ငွေကံကောင်း ခြင်း ၊ ကိုယ်ပိုင်လုပ်ငန်းများ တိုးချဲ့ထွင် လုပ်ကိုင်ရတတ်ခြင်း ၊ လူသိများ ခြင်း ၊ နာမည်ဂုဏ်သတင်း ကျော်ဇောခြင်း ၊ အလှူအတန်း များ မကြာခန ပေးရတတ်ခြင်း ၊ ပစ္စည်း ဥစ္စာ မြဲ မြံ စေခြင်း ၊ အခြွေအရံ ပေါများခြင်း ၊ မကြာခနချီးမွှမ်ခံရခြင်း ၊ လက်ဆောင်ပစ္စည်းများ မကြာခန ရရှိတတ်ခြင်း စသော အကျိုးကျေးဇူး များကို မိမိတို့ ပြုမူဆောင်ရွက်သော ကံ အရ ခံစားစံစားရစေပါမည်။ ။

တွက်နည်း

မိမိ၏ မြန်မာမွေးသက္ကရာဇ်ကို ၁၂ ဖြင့်စားပါ ။
အကြွင်းကို ၇ ဖြင့် ပြန်စားပါ။
ဥပမာ ၁၃၆၄ ခုနှစ်တွင် မွေးဖွားသူဖြစ်ပါက
၁၃၆၄ ÷ ၁၂ = ၈ ကြွင်း
၈ ÷ ၇ = ၁ ကြွင်း (ဂဠုန်ဇာတာ)။

အကယ်၍ ၁၊ ၃၊ ၅၊ ၇ ကြွင်းပါက နာမည်ကြီးခြင်း ၊ ငွေရလွယ်ခြင်း၊ လူအများကချစ်ခင်ခြင်း၊ ကူညီစောင့်ရှောက်မည့်သူ ပေါများခြင်း ၊ စည်းစိမ် ဥစ္စာနှင့်ပြည့်စုံခြင်း အစရှိသော အကျိုးကျေးဇူးများကို မိမိလက်ရှိကံအလိုက် ခံစားရမည့် သူဌေးမင်းဇာတာဖြစ်ပေသည်။
CRD..

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...