အမြန်ဆုံး အကြွေးကြေယတြာ

Astrology
အမြန်ဆုံး အကြွေးကြေယတြာ

*ပေးရန်ရှိတဲ့ အကြွေးတွေ အမြန်ဆုံး ဆပ်ချင်ပါတယ်၊အမြန်ဆုံးအကြွေးကြေအောင် ဘာယတြာခြေရမလည်း? လို့ မေးတဲ့သူတွေ အများကြီး တွေ့လာရပါတယ်။
သူတို့ကို ကျွန်တော် အမြဲတမ်း ပေးနေကျ ယတြာလေး တစ်ခုရှိပါတယ်။
အရမ်းလည်း အကျိုးရှိတာကို တွေ့ရပါတယ်။ဘာနေ့သားသမီးမဆို ပြုလုပ်လို့ရပါတယ်။

တနင်္လာနေ့တွင် နီးစပ်ရာ ဆေးရုံသို့ သွား၍ နွမ်းပါးသော လူနာများကို (သို့မဟုတ်)လူနာစောင့်များကို ကြက်ဥပြုတ် ၁၅ လုံး ပြုတ်၍ (သို့မဟုတ်)ဝယ်၍ တစ်ဦးလျှင် ၂လုံး ၃လုံးခန့်စီ လှူ ပေးရမည်။
၂ပါတ်တစ်ခါ ပြုလုပ်ပေးရပါတယ်။

အိမ်တွင် မိမိ ပိုက်ဆံထည့်သော သေတ္တာ(သို့မဟုတ်)အံဆွဲ၏ အပေါ်(သို့မဟုတ်)အထဲတွင် ညောင်ရွက်တစ်ရွက်ပေါ်မှာ (အချောဘက်အခြမ်းတွင်) ‘ ဉုံ ‘ ဟု ဆော့ပင်အနီရောင်ဖြင့်ရေးပြီး ပလပ်စတစ်ကတ်လောင်း၍ တိတ်နှင့် ကပ်ထားပေးပါ။သေတ္တာအတွင်းမှာဖြစ်ဖြစ် သေတ္တာအပေါ်မှာဖြစ်ဖြစ် ကပ်ထားပါ။ကျွန်တော်ကတော့ သေတ္တာအတွင်းဘက် အဖုံးအောက်မှာ ကပ်ခဲ့ပါတယ်။

သေတ္တာမှာ စပြီးကပ်ရမယ့်ရက်က ဗုဒ္ဓဟူးနေ့ မနက် ၈ နာရီတိတိဖြစ်ပါတယ်။အတော်ကလေးကြာမှ ညောင်ရွက်ကလေးက ပုပ်လာပြီး စုတ်ပြတ်လာမှ အသစ်ထပ်လဲပေးရုံပါဘဲ။အပါတ်တိုင်းလဲပေးနေစရာမလိုပါဘူး။

ယခုလို ပြုလုပ်ပေးခြင်းအားဖြင့် တဖြည်းဖြည်းနဲ့ သေတ္တာထဲ ထည့်ရတဲ့ငွေတွေ များလာမှာဖြစ်ပြီး အကြွေးတွေ အမြန်ဆုံးဆပ်နိုင်လာမှာ ဖြစ်ပါတယ်။
သေတ္တာ မသုံးသူတွေအနေနဲ့ သေတ္တာဝယ်ပြီး ပြုလုပ်ပါ။သေတ္တာက ဘာအသားနဲ့ဖြစ်ဖြစ်ရပါတယ်။ဘီရိုအံဆွဲမှာလည်း ပြုလုပ်လို့ရပါတယ်။
ကျွန်တော်ကိုယ်တိုင်လည်း လုပ်ခဲ့ဖူးပါတယ်။

အကြွေးရစရာရှိပြီး မရသေးသူတွေ လုပ်လို့မရပါဘူး။ဒါက သီးသန့်အကြွေးကြေယတြာပါ။
အကြွေးမဆပ်နိုင်ဖြစ်နေသူတွေသာ ပြုလုပ်ရပါတယ်။
ပိုက်ဆံမရှာဘဲ ဒီယတြာလေးခြေရုံနဲ့ အကြွေးကြေမလား?ဆိုတဲ့ မေးခွန်းမျိုးတွေ မမေးစေချင်ပါဘူး။

ယုံယုံကြည်ကြည်လုပ်လေ ယတြာက စွမ်းလေဖြစ်ပါတယ်။
အခုလို ကိုဗစ်ဖြစ်နေတဲ့ ကာလမှာ ကိုယ်တိုင် ဆေးရုံသွားဖို့အခက်အခဲ ရှိရင် ကိုယ်စား ကြက်ဥလှူခိုင်းလို့ရပါတယ်။ အထူးသဖြင့်ရန်ကုန်မြို့မှာပေါ့။ အခြားမြို့တွေကတော့ ကိုယ်တိုင်လှူပါ။

ပိုက်ဆံသေတ္တာလေးတွေက ပရိဘောဂ ဆိုင်တွေနဲ့ ဖန်စီဆိုင်တွေမှာ ပေါပါတယ် ငွေလည်း လေးငါးထောင်လောက်ရှိတာပါ အကြွေးကြေချင်ရင် ဒီလောက်တော့ ရင်းသင့်ပါတယ် ခင်ဗျာ။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...