ဒီဘဝမှာမဖြစ်နိုင်တော့ပေမယ့် မစားရအညှော်ခံဘဝမှာ ‌ သာယာနေပြီဖြစ်တဲ့ စစ်နိုင်ရဲ့ အချစ်ရေး

Celebrity Local News
ဒီဘဝမှာမဖြစ်နိုင်တော့ပေမယ့် မစားရအညှော်ခံဘဝမှာ ‌
သာယာနေပြီဖြစ်တဲ့ စစ်နိုင်ရဲ့ အချစ်ရေး

 


မင်းသားစစ်နိုင်နဲ့ ရွှေပိုးအိမ်တို့နှစ်ယောက်ကတော့ အရင်ကမထင်ရှားတဲ့ အနုပညာရှင်တွေဖြစ်ခဲ့ကြပေမယ့် အခုအချိန်မှာတော့ ပရိတ်သတ်ချစ်ခင်အားပေးမှုကို ရထားတဲ့အနုပညာရှင်‌တွေဖြစ်လို့နေပါပြီ။ရွှေပိုးအိမ်ကတော့ အနုပညာလောကကို ဝင်ရောက်လာတာကြာခဲ့ပေမယ့် မယ်မယ်ရရ သရုပ်ဆောင်ခွင့်မရခဲ့တာကြောင့် ပရိတ်သတ်အားပေးမှုကို ထင်သလောက်မရခဲ့ပါဘူး။ချစ်စရာကောင်းတဲ့ ရုပ်ရည်နဲ့ စွဲမက်ချင်စရာကောင်းတဲ့ body ကိုပိုင်ဆိုင်ထား ပေမယ့် ပရိတ်သတ်အချစ်ကိုမရခဲ့တဲ့ ရွေပိုးအိမ်ကတော့ စစ်နိုင်ကြောင့် လူချစ်လူခင်ပေါခဲ့ရတာလည်းဖြစ်ပါတယ်။

စစ်နိုင်ကတော့ ရွေပိုးအိမ်နဲ့ ကံမစပ်ခင်ကတည်းက လူကြိုက်များတဲ့ မင်းသားတစ်လတ်အနေနဲ့ တည်ရှိနေခဲ့တာပါ။အနုပညာလောကထဲကို ဝင်ရောက်လာခဲ့တာကြာခဲ့ပေမယ့် ထင်သလောက်လူကြိုက်မများခဲ့တဲ့ စစ်နိုင်ကတော့ အောင်မြတ်သာဇာတ်လမ်းက သူ့ဘဝအတွက်အောင်မြင်မှုတစ်ခုပါဘဲ။တစ်နိုင်ငံလုံးနီးပါးအားပေးခဲ့တဲ့ အောင်မြတ်သာဇာတ်လမ်းကြောင့် ပရိတ်သတ်ချစ်ခင်မှုကိုရခဲ့တဲ့ စစ်နိုင်ကတော့ အခုအချိန်မှာ အနုပညာအလုပ်တွေများစွာလုပ်နေရပါပြီ။ပရိတ်သတ်တွေကတော့ စစ်နိုင်ကို ပီပြင်တဲ့ သရုပ်ဆောင်ချက်တွေကြောင့် အားပေးခဲ့ကြသလို ရွေပိုးအိမ်နဲ့ ကောလဟာလတွေထွက်ချိန်မှာတော့ ပရိတ်သတ်တွေက စိတ်ဝင်စားခဲ့ကြသလို လိုက်ဖက်လွန်းတဲ့ သူတို့နှစ်ယောက်ကို အမြန်လက်တွဲစေချင်ခဲ့ကြတဲ့အထိပါဘဲ။

အမြဲ chemistry မိနေတဲ့ သူတို့နှစ်ယောက်ကို ပရိတ်သတ်တွေက သဘောတူပြီး မြန်မြန်ချစ်သူတွေဖြစ်စေချင်တဲ့အထိပါဘဲ။ဇာတ်ကားတွေအတူတူရိုက်ရင်းပြီး အစသန်တဲ့ စစ်နိုင်ကြောင့် သူတို့နှစ်ယောက်ရဲ့ အချစ်ရေးကို ပရိတ်သတ်တွေက စိတ်ဝင်စားခဲ့ကြတာလည်းဖြစ်ပါတယ်။

စစ်နိုင်ကတော့ အခုအချိန်မှာ ရွှေပိုးကို ညီမလေးတစ်ယောက်လိုသဘောထားပေမယ့် တစ်ချိန်က ကြိတ်ချစ်ခဲ့ဖူးကြောင်းပရိတ်သတ်တွေကို ပြောခဲ့ဖူးပါတယ်။စစ်နိုင်ကတော့ ရွှေပိုးအိမ်ရဲ့ ပုံစံဟာ သူကြိုက်တဲ့ ပုံစံဖြစ်ကြောင်းလည်း ပြောခဲ့ဖူးပြီး ချစ်သူတွေမဟုတ်ဘူးသာ ငြင်းနေကြပေမယ့် သူတို့ရဲ့ အပြောအဆိုနဲ့ အကြည့်တွေကြောင့် ပရိတ်သတ်တွေကော အနုပညာရှင်တွေကပါ တွဲနေကြတယ်လို့ ထင်ကြေးပေးခံနေရတာလည်းဖြစ်ပါတယ်။

နှစ်ယောက်သားက ကံစပ်ပြီး ရိုက်ကူးရေးတွေ အတူတူတွဲလုပ်ခဲ့ကြသလို အမြဲတမ်းတပူပူးတွေ့ခဲ့ရတာကြောင့် ပရိတ်သတ်တွေက ချစ်သူတွေဖြစ်နေကြပြီလို့တောင်ထင်ခဲ့ကြတာပါ။နှစ်ယောက်သားက ချစ်သူတွေမဟုတ်ဘဲ အနုပညာမောင်နှမတွေပါလို့ ငြင်းဆန်ထားပေမယ့် အနုပညာရှင်တွေကပါ မယုံကြည်ဘဲ ခိုးတွဲနေတယ်ဆိုပြီး ပြောနေခဲ့ကြတာလည်းဖြစ်ပါတယ်။

ရွှေပိုးအိမ်ကတော့ သူတို့နှစ်ယောက်အချစ်ရေးကို အပြတ်သားပြောပြီး ချစ်သူတွေမဖြစ်နိုင်တဲ့မောင်နှမ ဆက်ဆံရေးမျိုးလို့ ပြောထားပေမယ့် စစ်နိုင်ကတော့ မပြတ်သားနိုင်သေးပါဘူးနော်။ဘယ်အင်တာဗျူးဘဲဖြေဖြေ ရွှေပိုးအိမ်အကြောင်းမဖြေရရင် ထမင်းစားမဝင်သလိုမျိုးကို ဖြေနေတော့တာပါဘဲ။စစ်နိုင်ကတော့ တစ်ချိန်က ရွေပိုးအိမ်ကို ကြိတ်ကြိုက်ခဲ့ဖူးပေမယ့် အခုအချိန်မှာတော့ မောင်နှမတွေလိုနေထိုင်နေခဲ့တာလည်းဖြစ်ပါတယ်။ရွှေပိုးအိမ်ဘက်ကသာ စစ်နိုင်နဲ့ ပတ်သက်ရင်မဖြစ်နိုင်တဲ့ ပုံစံလိုမျိုးပြောဆိုနေပေမယ့် စစ်နိုင်ကတော့ ရရင်လိုချင်တဲ့ ပုံပါဘဲ။

အခုလည်းရွေပိုးအိမ်ဘက်ကငြိမ်နေပေမယ့် အမြဲတတ်ကြွနေတဲ့ စစ်နိုင်ကတော့ ရွေပိုးအိမ်တစ်ယောက် သူ့ကိုထားပြီး ချစ်သူရနေပြီလားမသိဘူးဆိုပြီး တိတ်တဆိတ်အသဲကွဲနေတာကို အားလုံးသိအောင်အသိပေးလို့လာခဲ့ပါတယ်။စစ်နိုင်တစ်ယောက် အခုလိုဖြစ်နေရတာက ရွေပိုးတစ်ယောက် ရူတင်မှာ ဖုန်းခိုးပြောနေလို့ပါဘဲ။

သူ့ဘေးနားမှာ တိုးတိုးတိတ်တိတ်ဖုန်းခိုးပြောနေတဲ့ ရွှေပိုးအိမ်ရဲ့ ပုံစံကြောင့် စစ်နိုင်တစ်ယောက် အသဲကွဲနေရတဲ့ အဖြစ်ပါနော်။မစားရ အညှော်ခံဘဝမှာ နေနေရတဲ့ စစ်နိုင်ကတော့ ရွှေပိုးချစ်သူရသွားပြီအထင်နဲ့ တစ်ဖက်သတ် အသဲတွေကွဲနေရသလို သူတို့နှစ်ယောက်က ဒီဘဝမှာ မဖြစ်နိုင်တော့ ပါဘူးဆိုပြီး ဝမ်းနည်းစွာရင်ဖွင့်လာခဲ့ပြီလည်းဖြစ်ပါတယ်။တစ်ယောက်တည်း တစ်ဖက်သတ်အသဲကွဲနေပေမယ့် ရွှေပိုးဘေးနားကနေ မခွာနိုင်ဘဲ မစားရအညှော်ခံဘဝမှာ ပျော်မွှေ့နေတဲ့ စစ်နိုင်ကိုတော့ ပရိတ်သတ်တွေက သနားနေကြပြီလည်းဖြစ်ပါတယ်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...