နဝပ် မီဒီယာ ရှင်းလင်းပွဲ အကျဉ်းချုပ်

Celebrity Local News
နဝပ် မီဒီယာ ရှင်းလင်းပွဲ အကျဉ်းချုပ်

⁃ သဲစုညိမ်း Crown လုံးဝ မရနိုင်တာ နားလည်ထားပါ (You must understand you are not possible to win) လို့ သဲစုညိမ်းကို ပြောသွား
– သဲစုညိမ်း ကို 2nd runner up ပေးရသည်မှာ လိုတာထက်တောင် ပိုနေသေးကြောင်း ဒါပေမဲ့ ကြိုးစားသည်ကို သဘောကျ၍ ဖြစ်နိုင်ချေများတာကို မြင်ရ၍ ဒီ rank ကို ပေးခဲ့ကြောင်း။ Beauty Queen တစ်ယောက်ရဲ့ mindset behavior မရှိကြောင်း humble ဖြစ်သည့်စိတ်လုံးဝမရှိကြောင်း

– အမှီအခိုကင်း သန်မာသည့် အမျိုးသမီးငယ်ပုံမပေါက်ဘဲ ဘေးမှာ လူအုပ်လိုက် တဝန်းရံရံနဲ့ လိုက်ဂရုစိုက်ပေးနေရတာမြင်ရကြောင့် သဲစုညိမ်းနဲ့ အေးဆေးစကားပြော အချိန်ပင်မရကြောင်း ND မှ ထပ်ချပ်မကွာလိုက်၍ အရာရာ ND ပဲ ဝင်ဆုံးဖြတ်ကြောင်း Miss တစ်ယောက်နဲ့ မတူပဲ ကလေးစာမေးပွဲဖြေတာ အိမ်က လိုက်ပို့ဝန်းရံတဲ့ပုံစံဖြစ်နေကြောင်း Crown Winner အနေနဲ့ နိုင်ငံပေါင်းစုံကို ဘေးမှ ကူဖော်ကိုင်ဖက်မပါဘဲ သွားရမည့်အခါများ ကိုယ့်အားကိုယ်ကိုး အစအဆုံး စီစဉ်ရမည်များကြောင့် မသင့်တော်ကြောင်း

– မိသားစုဖက်က ချမ်းသာသည်ကို ကြားသိရကြောင်း ဒီအချက်ကို အသုံးချ၍ crown ရကိုရရမယ် ဆိုတဲ့ ကြားခံ ကတိပေးသူ ရှိနိုင်တာကြောင့် winner ကို သူပဲလို့ မှန်းထားတာ ဖြစ်နိုင်ကြောင်း

– Myanmar ကို host country လုပ်ရာမှ ဖျက်သိမ်းခဲ့ခြင်းမှာလည်း hosting fee ကို ပထမတစ်ခါကလွဲ၍ ကျန်တာ ဆက်မပေးနိုင်ကြောင်း ပထမတခါ ငွေပေးချေမှုကိုလည်း ထိုင်းနိုင်ငံသားဆီမှ ချေးထားတာဖြစ်၍ ခုထိ အကြွေးတောင်းနေရသေးကြောင်း နိုင်ငံတွင်း အခြေအနေကြောင့် အခက်အခဲဖြစ်နေရသည့်ကိုထောက်ထား၍ ဒီကိစ္စကို အကျယ်မချဲ့ပဲ ဆက်လက်ယှဉ်ပြိုင်ခွင့်ပြုခဲ့ကြောင်း

– Country Power of Year ရလဒ်မှာ new followers ပေါ်မူတည်၍ တွက်ချက်ခဲ့ရာ Thai 1st ရသည်မှာ အမှန်ပင်ဖြစ်ကြောင်း
⁃ National Costume က ကျက်သရေရှိပြီး လှပရမယ် ၊ သဲစုညိမ်းက ဘာလို့ စိ(-/တ်)တိုတဲ့ပုံစံ ပေါက်နေလဲ ၊ ဒီအချက်ကြောင့် မရွေးဘူး

– Popular vote မှာလည်း တတိယနေရာတွင်ပင်ရောက်နေကာ ဘာလို့ ပထမ ရတာ ဆုမပေးလည်းဆိုတဲ့ တောင်းဆိုချက်တွေကို နားမလည်ကြောင်း
– ဒေါ်လာ ၂၅၀၀၀ တောင်းသည့်ကိစ္စ အဆိုးဆုံးပဲဖြစ်ကြောင်း voting မှရသည့် တစ်နိုင်ငံစာ ငွေကြေးကပင် 119 million baht ရှိကြောင်း ဘတ်ရှစ်သိန်းပမာဏ အကျီတစ်ထည်စာလောက်နဲ့ crown ရောင်းသည်လို့ပြောတာက ဟာသ ဖြစ်ကြောင်းတောင်းတာ လက်ဆုပ်လက်ကိုသ် မပြနိုင်ရင် တ ရား(-/စွ)ဲမည် ဖြစ်ကြောင်း ဘာသာစကား နားလည်မှုမရှိသည့် ပြည်သူများအပေါ် လွှဲမှားစေမည့် အမှားများပြောသည်ကို နားမလည်နိုင်ကြောင်း

– နောင်တွင်လည်း ထူးအံ့လွင် သဲဆုညိမ်း တို့နဲ့ ၁၀၀% လက်တွဲလုပ်ဆောင်ရန် ဆန္ဒမရှိကြောင်း စာချုပ်ပယ်ဖျက်ကြောင်း

– မြန်မာတွင်လည်း 1st runner up နီနီလင်းအိမ် သတင်းစာရှင်းလင်းပွဲလုပ်မယ်ဟု ကြားသိကြောင်း MGM အနေနဲ့ crown ပေးခဲ့သည်မှလွဲ၍ အစအဆုံး ငွေကြေးထောက်ပံ့မှု မရပဲ MGI ဖက်ကပေးမည့် ဆုကြေးများအပြင် ငွေကြေးထောက်ပံ့မှုများပါ နီနီလင်းအိမ်ဖက်မှ ပေးခဲ့ရကြောင်း

– စပွန်စာ အမျိုးသားများနဲ့ မူစကူဒူး ခိုင်းတာ လက်မခံ၍ ထူးအံ့လွင်ကနီနီလင်းအိမ်ကို ကျေးဇူး မ သိတတ်တဲ့ ဟာမလို့ ပို့စ်တင်တာကစလို့ နီနီဖက်တွင် A သhet chain chauk ခံခဲ့အထိ ဖြစ်ခဲ့ကြောင်း ဖုန်းဆက်ပြောကြား

– မီးမီးအောင်ထွန်းကတော့ သဲစုညိမ်းတို့နဲ့ အတူရှိနေကြောင်း မီးမီးကနေတစ်ဆင့် ဆက်သွယ်လို့ရကြောင်း
– မြန်မာမှ အဖွဲ့အစည်းတွေက ၂၀၂၅ Miss Grand Myanmar လိုင်စင်အတွက် ဝယ်ယူရန် ဆက်သွယ်လာကြောင်း မြန်မာနဲ့ ကမ္ဘောဒီးယားအတွက် စျေးပိုတိုးမည်ဖြစ်ကြောင်း

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...