ဘေးထိုင်ဘုပြောနေသူတွေကြောင့် ပရဟိတလုပ်ချင်စိတ် ပျောက်ခဲ့ရတဲ့ ခိုင်နှင်းဝေ

Celebrity Local News
ဘေးထိုင်ဘုပြောနေသူတွေကြောင့် ပရဟိတလုပ်ချင်စိတ်
ပျောက်ခဲ့ရတဲ့ ခိုင်နှင်းဝေ

ကောင်းတာလုပ်ရင် ကောင်းတာဖြစ်တယ်ဆိုပေမယ့် လူတွေရဲ့ အမြင်စောင်းပြီး ဝေဖန်ခြင်းကို မင်းသမီးကြီး ခိုင်နှင်းဝေတစ်ယောက် အခုအချိန်ထိ ခံစားနေရဆဲပါဘဲ။ပရဟိတမိခင်ကြီးလို့ အများက သတ်မှတ်ခေါ်ဝေါ်တဲ့အထိ ပရဟိတလုပ်တဲ့နေရာမှာ သူ့ရဲ့စိတ်ထားက မွန်မြတ်ဖြူစင်ခဲ့ပါတယ်။ခိုင်နှင်းဝေကတော့ ပရဟိတအလုပ်တွေကို ၂၀၁၄လောက်မှာ တဖြည်းဖြည်းချင်းစတင်လုပ်ကိုင်လာခဲ့တာ ပရိတ်သတ်တော်တော်များများသိကြမှာပါ။တစ်နိုင်တစ်ပိုင်လှူဒါန်းရင်းကနေ ကလေးတွေကို စောင့်ရှောက်ခဲ့တဲ့ ခိုင်နှင်းဝေကတော့ အခုဆိုရင် ကလေးအယောက် ၁၀၀ကျော်ရဲ့ မိခင်ဖြစ်နေပါပြီ။

စိတ်ကောင်းထားပြီး လူတကာကို ကူညီနေတဲ့ ခိုင်နှင်းဝေကိုတော့ အနောက်ကနေ ကူညီပံ့ပိုးပေးကြတဲ့ အလှူရှင်တွေကများကြပါတယ်။အဲ့ဒါကလည်း ကလေး‌တွေအပေါ်မှာထားတဲ့ သူ့ရဲ့ မှန်ကန်တဲ့ မေတ္တာကြောင့်ပါဘဲ။ခိုင်နှင်းဝေကတော့ ကလေးတွေကို အဆင့်အတန်းမြင့်မြင့်ထားကာ အကောင်းဆုံးစောင့်ရှောက်ထားတာကြောင့် တွေအကုန်လုံးနီးပါးသူ့ကိုယုံကြည်နေတာလည်းဖြစ်ပါတယ်။ဘယ်သူတွေသူ့ကိုယုံကြည်တယ် ၊ဘယ်လောက်‌ယုံကြည်မှု အတိုင်းအတာရှိတယ်ဆိုတာ ဒီတစ်ခေါက် ရေဘေးအလှူမှာ လူတိုင်းမြင်တွေ့ခွင့်ရမှာပါ။

သိန်း၃၀၀ မတည်ပြီး လှူဒါန်းလိုက်တဲ့ သူ့ရဲ့ အလှူက အခုဆိုရင် သိန်း၃၀၀၀၀ ကျော်
တဲ့အထိ လှူဒါန်းသူတွေများပြားလို့နေခဲ့တာလည်းဖြစ်ပါတယ်။ခိုင်နှင်းဝေကတော့ လှူဒါန်းတဲ့နေရာမှာ အလေအလွင့်ဘာတစ်ခုမှမရှိရလေအောင် သေချာစီစစ်ပြီးလှူဒါန်းသလို ဒုက္ခရောက်နေတဲ့ လူတွေရဲ့ လက်ထဲကိုရောက်အောင်ကိုယ်တိုင်သွားရောက်လှူဒါန်းပေးခဲ့သူလည်းဖြစ်ပါတယ်။

ပရဟိတဆိုတဲ့ စကားလုံးက ၄လုံးသာရှိပေမယ့် အခက်အခဲတွေကအများကြီးပါဘဲ။ရေဘေးသင့်တယ်နေရာတွေကို ကိုယ်တိုင်သွားရောက်လှူဒါန်းတဲ့ အခါမျိုးတွေမှာ အခက်အခဲတွေကအများကြီးပါဘဲ။ရေမကျသေးတဲ့ နေရာတွေ၊မြေပြိုတဲ့ နေရာတွေကိုသွားရတဲ့ အသက်ကိုသရဏံဂုဏ်တည်ပြီး သွားရောက်လှူဒါန်းနေရတာမျိုးပါဘဲ။
လူတွေအမြင်မှာသာ Media ‌တွေခေါ်ပြီး အေးဆေးလှူနိုင်တယ် ထင်ကောင်းထင်နိုင်ပေမယ့် လူတွေမမြင်နိုင်တဲ့ အခက်အခဲတွေက အများကြီးပါဘဲနော်။

သွားလှူရင်း အဆိပ်ရှိတဲ့ အကောင်ကိုက်လို့ ဆေးရုံတတ်လိုက်ရတာ အခုအချိန်ထိ အနာကမပျောက်သေးပါဘူး။ဆေးရုံကို နောက်တစ်ကြိမ်သွားပြရမှာကို အလှူတွေနဲ့ ရှုပ်နေတာမို့ သွားမပြနိုင်တာကြောင့် အနာက ခွဲရမလားမသိရသေးတဲ့ အခြေအနေပါ။ခိုင်နှင်းဝေကတော့ ဝေဒနာခံစားရလည်း မမှုနိုင်သလို ဖြစ်လာတဲ့ အရာတွေကို အကောင်းဆုံးတွေးပြီး လှူဒါန်းနေခဲ့ပေမယ့် ဝေဖန်သူတွေကြောင့် ဘာမှ မလုပ်ချင်အောင်ကို စိတ်ဓာတ်ကျနေခဲ့ပါပြီ။

သူ့ရဲ့ လုပ်ရက်ကို သဘောကျပြီး လှူဒါန်းသူတွေက များပြားနေပေမယ့် ဘေးထိုင်ဘုပြောနေတဲ့လူတွေကလည်းရှိလို့နေပါတယ်။ကိုယ်တိုင်သာအလှူအတန်းမလုပ်နိုင်ကြပေမယ့် လှူဒါန်းသူတွေ ၊အကျိုးဆောင်သူတွေကို အပစ်ပြောပြီး ဝေဖန်တာကျွမ်းကျင်တဲ့ လူတစ်စုက သက်သက်ကိုရှိပါတယ်။အလှူလုပ်တဲ့ နေရာမှ ပွင့်လင်းမြင်သာမှုရှိအောင် အကုန်လုံးချပြပြီး လုပ်ကိုင်တတ်ပေမယ့် ငွေတွေကိုခိုးတယ်ဆိုပြီး အပစ်ပြောတဲ့ လူတွေလည်းရှိသလို၊ကင်မရာကြီးတစ်ကားကားနဲ့ လူတွေကိုအရှက်ခွဲနေတယ်ဆိုပြီး ပြောဆိုနေကြသလို ၊နိုင်ငံရေးအခြေအနေမကောင်းတဲ့ နေရာတစ်ချို့က ရေဘေးသင့်ပြည်သူတွေကိုလှူဒါန်းတဲ့ အခါမှာလည်းအစိုးရနဲ့ ပူးပေါင်းနေတယ်ဆိုပြီး ထင်ရာမြင်ရာတွေ ပြောနေတာကြောင့် ခိုင်နှင်းဝေကတော့ စိတ်ဓာတ်ကျနေခဲ့တာအမှန်ပါဘဲ။

အပင်ပန်းခံပြီး လှူဒါန်းပေမယ့် ပြောနေကြတဲ့ စကားတွေကြောင့် စိတ်ဓာတ်တွေကျခဲ့ရသလို ပရဟိတတောင် လုပ်ချင်စိတ်မရှိတော့တဲ့အထိပြိုလဲခဲ့ရပါတယ်။ခိုင်နှင်းဝေကတော့ ပြိုလဲတဲ့ စိတ်တွေကို အားတင်းထားပြီး လိုအပ်သူတွေကိုလှူဒါန်းပေးနေခဲ့တာလည်းဖြစ်ပါတယ်။ဝေဖန်သံတွေရှိနေပေမယ့် သူ့ကိုယုံကြည်တဲ့ အလှူရှင်တွေနဲ့ လိုအပ်နေတဲ့လူတွေကြောင့် လဲကျတိုင်း၊ပြိုလဲသွားတိုင်း အားတင်းပြီး ပြန်ထနေအုံးမှာပါဘဲ။

ခိုင်နှင်းဝေကတော့ ဝေဖန်မှုတွေကြောင့် စိတ်ဓာတ်ကျတာမှန်ပေမယ့် သူ့ရဲ့ ကိုယ်ကျင့်သိက္ခာကို မှတ်ကျောက်တင်ခံနိုင်သူတစ်ဦးပါ။၂၀၁၄ကတည်းက ပရဟိတလုပ်လာတာမို့ ဘဝတစ်ခုလုံးရဲ့ ဂုဏ်သိက္ခာနဲ့ သစ္စာဆိုရဲတယ်ဆိုပြီး ဝေဖန်သူတွေနှုတ်ဆိတ်သွားအောင် လုပ်ပြမယ်ဆိုပြီး အသိပေးပြောကြလာခဲ့ပါတယ်။ဝေဖန်သူလူအနည်းစုကြောင့် စိတ်ညစ်စရာဖြစ်နေပေမယ့်လည်း ချီးကျူးပြီး ထောက်ခံပေးတဲ့ သူတွေကြောင့် စိတ်ချမ်းသာရမှာအမှန်ပါဘဲနော်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...