မိန်းမအပေါ်သစ္စာရှိတဲ့‌နေရာမှာ သူများထက်သာတယ်ဆိုပြီး ကိုယ့်ကိုယ်ကို အမွှန်းတင်လိုက်တဲ့ နိုင်ငံကျော်မင်းသား နေတိုး

Celebrity Local News
မိန်းမအပေါ်သစ္စာရှိတဲ့‌နေရာမှာ သူများထက်သာတယ်ဆိုပြီး
ကိုယ့်ကိုယ်ကို အမွှန်းတင်လိုက်တဲ့ နိုင်ငံကျော်မင်းသား နေတိုး

အနုပညာလောကမှာ အောင်မြင်ကျော်ကြားတဲ့ မင်းသားနေတိုးကတော့ အိမ်ထောင်ကျသွားတဲ့ အထိကို ပရိတ်သတ်အားပေးမှုကို အခိုင်အမာရနေဆဲဖြစ်ပါတယ်။အနုပညာရှင်အများစုက အိမ်ထောင်ပြုရင်စန်းကျတတ်ပေမယ့် နေတိုးကတော့ အားပေးဝန်းရံတဲ့ ပရိတ်သတ်အခိုင်အမာရထားသူပါ။အချစ်ရေးမှာ ဘာသတင်းမှမကြားခဲ့တဲ့ နေတိုးတစ်ယောက် တစ်ကိုယ်တည်းလူပျိုကြီးဘဝနဲ့ အရိုးထုတ်မယ်လို့ ပရိတ်သတ်တွေထင်ခဲ့ကြတာပါ။အသက် ၄၀ ဝန်းကျင်ထိ အချစ်ရေးသတင်းဘာမှမကြားရတဲ့ နေတိုးကတော့ ရခိုင်အမျိုးသမီးလေးတစ်ဦးနဲ့ရုတ်တရက်မင်္ဂလာပွဲကျင်းပချိန်မှာတော့ ပရိတ်သတ်တွေ Suprise ဖြစ်ခဲ့ရတာ အမှန်ပါဘဲ။‌

ပရိတ်သတ်တွေကတော့ နေတိုးအိမ်ထောင်ကျသွားတဲ့ အပေါ်မှာ ဝမ်းသာဂုဏ်ပြုပေးခဲ့ကြသလို အမျိုးသမီးဖြစ်သူ သဲစုမြတ်ရွှေကိုလည်း ဝိုင်းပြီးချစ်ပေးခဲ့ကြတဲ့အထိပါဘဲ။နိုင်ငံကျော်မင်းသားတစ်ယောက်ရဲ့ ဇနီးဖြစ်လာတာမို့ ဝေဖန်မှုတွေခံနေရပေမယ့်လည်း ချစ်ပေးကြတဲ့ ပရိတ်သတ်ကများပါတယ်။

နေတိုးနဲ့ မလိုက်ဖူးရုပ်ဆိုးတယ်ဆိုပြီး ဝေဖန်ပြောဆိုနေကြတာတွေကို စိတ်မဆိုးတဲ့အပြင် ပြင်ပြင်ဆင်ဆင်နေလာခဲ့တာ အခုဆိုရင် အပျိုတုန်းကထက်ကို လှပနေခဲ့တာ အားလုံးလည်းတွေ့ရမှာပါ။ကလေးတစ်ယောက် မေမေ ဖြစ်နေပေမယ့် မင်းသမီးရှုံးအောင်လှလာတဲ့ အပြင် အခုဆိုရင် ကြေညာတွေတောင် ရိုက်ကူးခွင့်ရနေခဲ့ပါပြီ။သဲစုမြတ်ရွှေကတော့အနုပညာအလုပ်ကို အိမ်ထောင်ကျပြီးမှ စလုပ်ပေမယ့် ပရိတ်သတ်တွေက အားပေးခဲ့ကြပါတယ်။အနုပညာနဲ့ အဆက်အစပ် မရှိခဲ့ပေမယ့် ကြောင်တောင်
တောင်နိုင်မသွားဘဲ ပိုင်ပိုင်နိုင်နိုင်ရိုက်ကူးနိုင်ခဲ့တဲ့ အပေါ်မှာ ပရိတ်သတ်တွေက ချီးကျူးအားပေးခဲ့ကြတာလည်းဖြစ်ပါတယ်။

နေတိုးကတော့ ကိုယ်တိုင်ကလည်း နိုင်ငံကျော်အနုပညာရှင်တစ်ယောက်ဖြစ်သလို အမျိုးသမီးကိုလည်း ချုပ်ခြယ်မထားဘဲ မြေတောင်မြှောက်ပေးနေခဲ့တာကြောင့် သူ့ရဲ့ စိတ်ဓာတ်ကိုတော့ အားလုံးက လေးစားနေကြပါပြီ။အမျိုးသားတော်တော်များများက ကိုယ့်ရဲ့ လက်တွဲဖော်ကို သဝန်တိုရမယ့် အနုပညာအလုပ်မလုပ်ခိုင်းကြသလို အိမ်ထောင်ရှင်အမျိုးသမီးဆိုရင် ပိုလို့တောင်ဆိုးပါတယ်။အိမ်ထဲမှာဘဲ အိမ်မှုကိစ္စတွေနဲ့ လုံးပန်းခိုင်းကြပေမယ့် အပြင်ကို လှလှပပထွက်ရင်တောင် ပြသာနာရှာတတ်ကြပေမယ့် နေတိုးကတော့ အမျိုးသမီးကို ရွေးချယ်ခွင့်အပြည့်ပေးထားပါတယ်။

အိမ်မှုကိစ္စနိုင်နင်းပြီး အိမ်ထောင်ရေးကို ‌အကောင်းဆုံးထိန်းသိမ်းနိုင်တဲ့ အမျိုးသမီးတစ်ယောက်ဖြစ်စေချင်တာမှန်ပေမယ့် မိန်းမဖြစ်သူရဲ့သဘောထားကိုလည်း ဦးစားပေးတွေးပေးတတ်သူပါ။နေတိုးကတော့ မိန်းမဖြစ်သူကို မင်းသမီးလုပ်ရမယ်ဆိုပြီးပြောဆိုတာတွေမရှိသလို သူလုပ်ချင်တာလေးတွေကို တတ်နိုင်သလောက်ဖြည့်ဆည်းပေးနေခဲ့တာကြောင့် ပရိတ်သတ်တွေက အားကျနေကြရပါပြီ။လက်ရှိမှာတော့ သဲစုမြတ်ရွှေရည်က ဇာတ်ကားတွေရိုက်ကူးတာမတွေ့ရပေမယ့် ကြေညာတွေရိုက်ကူးနေရသလို Live sale တစ်ချို့တွေမှာပါ မြင်တွေ့ခွင့်ရနေခဲ့တာလည်းဖြစ်ပါတယ်။

သဲစုမြတ်ရွှေကတော့ အိမ်ထောင်ရေးကံကောင်းသူတစ်ယောက်လို့ဆိုရမှာပါ။အိမ်ထောင်ကျမှ အနုပညာအလုပ်တွေ လုပ်ကိုင်ခွင့်ရခဲ့သလို ယောကျာ်းရဲ့ အချစ်တွေကိုလည်း အပြည့်အဝရရှိထားသူတစ်ယောက်လည်းဖြစ်ပါတယ်။နေတိုးကတော့ ဖောက်ပြန်တတ်တဲ့ ဇာတ်ကားတွေရိုက်ရင်း နာမည်ကျော်နေပေမယ့် လက်တွေ့မှာတော့ ဖောက်ပြန်ဖို့နေနေသာသာ သစ္စာရှိ‌တဲ့ နေရာမှာ သူများထက်သာအောင် ကြိုးစားနေခဲ့သူပါ။နိုင်ငံကျော်မင်းသားမို့ ကောင်မလေးတွေ ဝိုင်းဝိုင်းလည်နေပေမယ့် အမျိုးသမီးစိတ်ချယုံကြည်အောင် နေထိုင်ပေးတတ်တာသူလည်းဖြစ်ပါတယ်။

ပါးစပ်ကနေ ချစ်တယ်၊ယုံကြည်ပါဆိုပြီး ပြောမနေဘဲ သူ့ရဲ့ လုပ်ရက်တွေက မိန်းမဖြစ်သူ ယုံကြည်အောင် နေထိုင်ပြတတ်တာကြောင့် သူတို့နှစ်ယောက်ရဲ့ အိမ်ထောင်ရေးကသာယာနေတာလို့ဆိုပါတယ်။အပြောတစ်မျိုးအလုပ်တစ်မျိုးမလုပ်တတ်တဲ့ နေတိုးကတော့ မိန်းမအပေါ်သစ္စာရှိတဲ့ နေရာမှာ သူများထက်သာတယ်ဆိုပြီး သူ့ကိုယ်သူ အမွှန်းတင်နေခဲ့ပြန်ပါတယ်။


မိသားစုဘဝလေးစိုပြေဖို့ ဘဝနဲ့ ရင်းပြီး အနေအထိုင် အသွားအလာဆင်ခြင်ကာ မိန်းမယုံကြည်အောင်နေထိုင်နေတယ်ဆိုပြီး အရမ်းချစ်တတ်ပြီး သစ္စာရှိတဲ့ ယောကျာ်းတစ်ယောက်ဆိုတာကို ပရိတ်သတ်တွေသိအောင်ပြောပြလာခဲ့ပါတယ်။မင်းသားတစ်ယောက်ရဲ့ ဇနီးတစ်ယောက်ဖြစ်လာရင် စိတ်မချဖြစ်တာ၊စိတ်ညစ်စရာတွေ များလာပြီး အိမ်ထောင်ရေးမှာထိခိုက်နိုင်တာကြောင့် နေတိုးကတော့ အိမ်ထောင်ရေးသာယာအောင််အစွမ်းကုန်ကြိုးစားနေတာကြောင့် ပရိတ်သတ်ချီးကျူးတာခံနေရပြီလည်းဖြစ်ပါတယ်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...