မိဘဆုံးရှုံးခဲ့ရတဲ့သမီးလေးရဲ့အနာဂတ်ကိုကောင်း မွန်စေချင်လို့ပညာရေးထောက်ပံ့သွားမယ့်မြတ်ရတနာကျော်

Celebrity Local News
မိဘဆုံးရှုံးခဲ့ရတဲ့သမီးလေးရဲ့အနာဂတ်ကိုကောင်း မွန်စေချင်လို့ပညာရေးထောက်ပံ့သွားမယ့်မြတ်ရတနာကျော်

မြတ်ရတနာ‌ကျော်ကတော့ ကလေးနှစ်‌ယောက်အမေဖြစ်ပေမယ့် အပျိုရှုံးအောင်လှနေသူတစ်ယောက်ပါ။။ချစ်စရာကောင်းပြီး ချောမောတဲ့ ရုပ်ရည်လေးကြောင့် မော်ဒယ်တစ်ယောက်အနေနဲ့ ပရိတ်သတ်တွေရဲ့ အားပေးချစ်ခင်မှုကို ရခဲ့တဲ့ မြတ်ရတာကျော်ကတော့ အားလုံးထင်မှတ်မထားလောက်အောင် တစ်ခုလတ်ဖြစ်တဲ့ အာဘွိုင်းနဲ့ လက်ထပ်ခဲ့သူလည်းဖြစ်ပါတယ်။ရုပ်ရည်ချောချောလေးနဲ့ သမီးနှစ်ယောက်အဖေ တစ်ခုလပ်နဲ့ လက်ထပ်ခဲ့ချိန်မှာ ပရိတ်သတ်တွေကြားမှာ ဂရတ်ထပြီး ဝေဖန်မှုတွေက ပြင်းထန်ခဲ့ပါသေးတယ်။

မကြာခင်ကဖြစ်ခဲ့တဲ့ ရေဘေးကြောင့် ပြည်သူအများအပြား ဒုက္ခပင်လယ်ဝေတဲ့အထိ ဖြစ်ခဲ့ရတာလည်းဖြစ်ပါတယ်။ရေဘေးမှာ လူတွေသေကြေပျက်စီးခဲ့ကြပြီး အခက်အခဲတွေကြုံတွေ့နေတာနေရာတိုင်းလိုလိုမှာပါဘဲ။ရေဘေးကယ်ဆယ်ရေးတွေမှာ ကူညီရင်း အလှူအတန်းလုပ်တာနဲ့ ပတ်သက်ရင် တိုင်ပင်တာ ဆွေးနွေးတာတွေမရှိပေမယ့် သူတို့နှစ်ယောက်တိုင်ပင်ပြီး ကူညီပေးဖို့ ဆုံးဖြတ်ခဲ့တဲ့ အရာကတော့ သူရဲကောင်းဖေဖေရဲ့ သမီးလေးအတွက်ပါဘဲ။နှစ်ယောက်လုံးက ကြိုတင်တိုင်ပင်ထားတာမရှိပေမယ့် စကားစပ်မိရာကနေ ကလေးလေးကို ကူညီပေးချင်တာကို ပြောဖြစ်ခဲ့ကြတာပါ။

“သမီးလေးကိုကြည့်ပြီးသူ့မိဘတွေကပါသွားခဲ့ကြတော့စိတ်မကောင်းဖြစ်ရတယ် ။ အဲ့အတွက်ကြောင့် သမီးလေးအတွက်သေချာစဥ်းစားပြီး သူ့အသက်အရွယ်တစ်ခုရောက်တဲ့ထိ ပညာရေးကိုထောက်ပံ့သွားမယ်လို့ဆုံးဖြတ်ခဲ့တယ် ။ မြတ်တို့ကတော့ တကယ့်မိဘဆုံးရှုံးခဲ့ရတဲ့သမီးလေးပညာတတ်ကြီး လူတော်လူကောင်းလေးဖြစ်စေချင်တယ် ။သူ့အနာဂတ်လေးကိုကောင်းမွန်စေချင်တယ်” ဆိုပြီးမြတ်ရတနာကျော်ကပြောပြလာတာပဲဖြစ်ပါတယ်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...