မြန်မာအငွေ့အသက်တွေကို နှစ်သက်တတ်တဲ့ ဖခင်ဖြစ်သူအကြောင်း ပြောပြလာတဲ့ သရုပ်ဆောင် မေဂရေစ့်

Celebrity Local News
မြန်မာအငွေ့အသက်တွေကို နှစ်သက်တတ်တဲ့ ဖခင်ဖြစ်သူအကြောင်း
ပြောပြလာတဲ့ သရုပ်ဆောင် မေဂရေစ့်

သရုပ်ဆောင် မေဂရေစ့်ကတော့ ချစ်စရာမျက်နှာလေးနဲ့ နိုင်ငံခြားသူဆန်တဲ့ မျက်နှာပေါက်လေးကြောင့် လူချစ်လူခင်ပေါများတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားတွေမှာပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်ရင်ထဲနေရာတစ်နေရာယူထားတဲ့ မင်းသမီးချောလေးတစ်ယောက်ပဲဖြစ်ပါတယ်။ အခုချိန်မှာတော့ အနုပညာလှုပ်ရှားမှုတွေ ရပ်နားထားပြီး ကြော်ညာတချို့တလေကိုပဲ ရိုက်ကူးရင်း ဘဝကိုအေးအေးဆေးဆေးဖြတ်သန်းနေတာပဲဖြစ်ပါတယ်။ သူမရဲ့ ဖေ့ဘုတ်စ် စာမျက်နှာကနေ သူမကိုချစ်တဲ့ ပရိသတ်ကြီးနဲ့ အဆက်သွယ်မပြတ် ပုံလေးတွေ တင်ပေးနေတာပဲဖြစ်ပါတယ်။

မြန်မာ့ရိုးရာကိုချစ်မြတ်နိုးသူတစ်ယောက်ဖြစ်တဲ့ မေဂရေစ့်က အရင်တခေါက်ကလည်း မြန်မာစကားကို ပိုလေးလေးနက်နက်သိချင်တဲ့အတွက် မြန်မာစာကျူရှင်တက်ပြီး သေသေချာချာလေ့လာဖြစ်နေတဲ့အကြောင်းပြောပြပေးခဲ့တာဖြစ်ပါတယ်။ အခုတစ်ခါမှာလည်း ဖခင်ဖြစ်သူက မြန်မာအငွေ့အသက်တွေကို နှစ်သက်တတ်သူဖြစ်ကြောင်းပြောပြခဲ့တာဖြစ်ပါတယ်။

မေဂရေစ့်က “ဖေဖေ က မြန်မာအငွေ့အသက်တွေကို နှစ်သက်လို့ မြန်မာပြည်မှာ နေလာတာ နှစ် (၃၀) ကျော်ပါပြီ။ ဖေဖေ က အနုပညာကို ဝါသနာပါတဲ့ အတွက် မေ့ အလုပ်တွေကိုလည်း အားပေးတယ်’ လို့ ပြောပြပေးလာတာပဲဖြစ်ပါတယ်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...