ရိုးသားလွန်းတဲ့ ယောကျာ်းရဲ့ စကားကြောင့် Suprise ဖြစ်ခဲ့ရတယ်ဆိုပြီး
ကြွယ်ပြလာတဲ့ သူဌေးမကြီးပိုးကြာဖြူခင်
မုဆိုးဖိုနဲ့ လက်ထပ်လိုက်လို့ ဝေဖန်မှုတွေပြင်းထန်ခဲ့ပေမယ့် အခုအချိန်မှာတော့ ဝေဖန်မှုတွေအစား လူတိုင်းအားကျခံဘဝကိုရောက်နေပြီလည်းဖြစ်ပါတယ်။ဆိုင်းမိုင်လို့ အားလုံးက ချစ်စနိုးနဲ့ ခေါ်ကြတဲ့ မင်းသမီးချောပိုးကြာဖြူခင်ကတော့ တစ်ချိန်က နာမည်ကြီးပြီး လူကြိုက်များခဲ့တဲ့ MRTV4 က တင်မြောက်တဲ့ မင်းသမီးတစ်လတ်ပါ။မိုးကောင်းကင် အိမ်မက် ဇာတ်လမ်းတွဲနဲ့ အောင်မြင်ခဲ့တဲ့ ပိုးကြာဖြူခင်ကတော့ အောင်မြင်နေချိန်မှာ ဝါသနာပါရာအနုပညာအလုပ်ထက် တစ်သက်လုံးစားမကုန်မယ့် အိမ်ထောင်ဘက်ကို ရွေးချယ်ခဲ့သူပါ။
ရုပ်ရည်ချောမောသလို ၊အနုပညာမှာလည်း ထူးချွန်ပေမယ့် လိုက်ဖက်တဲ့အိမ်ထောင်ဘက်ကို မရွေးချယ်ဘဲ ကလေး၃ယောက်အဖေ မုဆိုးဖိုကို ရွေးချယ်လိုက်တာမို့ ပရိတ်သတ်တွေဝေဖန်တာကို ခံခဲ့ရတာလည်းဖြစ်ပါတယ်။ပိုးကြာဖြူခင်ရွေးချယ်လိုက်တဲ့ ကိုထွန်းဆိုသူကလည်း လောလောလတ်လတ်မုဆိုးဖြစ်ထားသူဖြစ်ပြီး သေသွားတဲ့ မိန်းမကို သတိရကြောင်းတွေပြောပြီး မိန်းမသေတာ ၁နှစ်မပြည့်ခင်မှာ ပိုးကြာဖြူခင်ကို ငွေလမ်းခင်းပြီး လက်ထပ်ခဲ့တာကြောင့် အားလုံးက ကြည့်မရဖြစ်ခဲ့ကြတာပါ။
ရုပ်မချောပေမယ့် ငွေရှိသလို ဘယ်သူနဲ့ ရရ ကြူးတတ်တဲ့ သူ့ရဲ့ ပုံစံကြောင့် ပိုးကြာဖြူခင်တစ်ယောက် အရည်ပျော်ခဲ့တဲ့ ပုံပါဘဲ။အိမ်ထောင်ကျပြီး ပရိတ်သတ်ဝေဖန်တာကို ခံနေရပေမယ့် အကြူးမပြတ်တဲ့ ကိုထွန်းရဲ့ ပုံစံကြောင့် ပိုးကြာဖြူခင်ကတော့ ကျေနပ်ပီတိဖြစ်နေခဲ့ရတာလည်းဖြစ်ပါတယ်။အိမ်ထောင်ကျကျချင်းမှာ ဝေဖန်မှုပြင်းထန်ခဲ့တဲ့ ပိုးကြာဖြူခင်ကတော့ အခုနောက်ပိုင်းမှာ ပရိတ်သတ်တွေရဲ့ အချစ်ကို ပြန်ရလို့နေပါပြီ။ငွေရှိပြီး လက်ညှိုးညွှန်ရာရေဖြစ်နေတဲ့ ဘဝမှာ နေနေရတဲ့ ပိုးကြာဖြူခင်ကို အားကျနေကြသလို လှူချင်တန်းချင်တဲ့ သူ့ရဲ့ စိတ်ကြောင့် အားလုံးက ပြန်လက်ခံခဲ့တာလည်းဖြစ်ပါတယ်။
အရင်က ဘာလုပ်လုပ်ဝေဖန်မှုတွေ ပြင်းထန်ခဲ့ပေမယ့် အခုနောက်ပိုင်းမှာတော့ ဒုက္ခရောက်နေတဲ့ လူတွေအပေါ်ထားတဲ့ သူ့ရဲ့ စိတ်ဓာတ်ကြောင့် ပရိတ်သတ်အမြင်ပြောင်းခဲ့ရတာလည်းဖြစ်ပါတယ်။အလှူအတန်းဆို လက်မနှေးတတ်တဲ့ ပိုးကြာဖြူခင်ကတော့ အလှူအတန်းကို စိတ်ပါတိုင်းလုပ်ပေးခဲ့တာ အားလုံးအမြင်ပါဘဲ။ထမင်းစတုဒီသာအလှူဆိုတာ ဘယ်နှစ်ကြိမ်မြောက်လည်းမသိတော့သလို၊ဒူးရင်းသီးစတုဒီသာတွေ၊တစ်ခြားအလှုတွေအပြင် ရေဘေးသင့်ပြည်သူအတွက်ပါ လှူဒါန်းပေးခဲ့ပါသေးတယ်။
ပိုးကြာဖြူခင်တို့ လင်မယားကတော့ ကြူးတာတွေရပ်ထားပြီး အလှူအတန်းတွေလုပ်ရင်း ပရိတ်သတ်အချစ်ကို အရယူနေခဲ့တာလည်းဖြစ်ပါတယ်။အခုတော့သူတို့မျှော်လင့်ထားတဲ့ ပရိတ်သတ်အချစ်ကို ပြန်ရချိန်မှာတော့ အရင်လို ပြန်ကြူးတာတွေ စတင်ခဲ့ပါပြီ။ပရိတ်သတ်တွေကတောင် အရမ်းကြူးတတ်လွန်းတဲ့ သူ့ဆီကနေ ပညာပြန်သင်ရမယ့် အခြေအနေပါ။အရင်က စကားလုံးတွေ နဲ့ အပိုင်ချုပ်တတ်တဲ့ ကိုထွန်းတစ်ယောက် မကြူးတာကြာလို့ မေ့နေပြီလားထင်ရလောက်အောင် လက်ရည်တွေကျနေခဲ့ပါပြီ။
ကိုထွန်းကတော့ ဇနီးဖြစ်သူ ပိုးကြာဖြူခင်ကို Suprise လုပ်ပေးခဲ့ပေမယ့် ရိုးသားလွန်းတဲ့ သူ့ရဲ့ အပြုအမှုကြောင့် ပိုးကြာဖြူခင်ကတော့ Suprise အကြီးကြီးရခဲ့ပြီလို့ဆိုပါတယ်။အမြဲတမ်းတန်ဖိုးကြီး လက်ဆောင်တွေရနေတတ်တဲ့ ပိုးကြာဖြူခင်တစ်ယောက် အခုလည်း သူကြိုက်တဲ့ အရာတွေနဲ့ Suprise တိုက်ခံခဲ့ရပါပြီ။နောက်ဆုံးပေါ် iPhone ရယ်၊လက်ဝတ်ရတနာမျိုးစုံနဲ့ တန်ဖိုးကြီးစိန်လက်စွပ်အပြင် သူကြိုက်တဲ့ မုန့်လေးတွေပေးပြီး Suprise တိုက်ခံခဲ့ရတာပါ။ပိုးကြာဖြူခင်ကတော့ လိုချင်တာရနေတဲ့ သူဌေးမကြီးတစ်ယောက်မို့ လက်ဆောင်တွေရလို့ Suprise ဖြစ်တာမဟုတ်ဘဲ ရိုးသားတဲ့ ယောကျာ်းရဲ့ စကားကြောင့် Suprise အကြီးကြီးရခဲ့ရတာလည်းဖြစ်ပါတယ်။
ကိုထွန်းကတော့ Suprise မတိုက်ခင်မှာ မိန်းမဖြစ်သူကို နှုတ်ခမ်းနီဆိုပြီး နားကပ်ဝတ်ကာ လှလှလေးနေဖို့ မှာနေခဲ့တာပါ။အထူးအဆန်းတွေလုပ်ပြီး အလှပြင်ခိုင်းနေတာကြောင့် ပိုးကြာကတော့ ယောကျာ်းဖြစ်သူကို စပြီး surprise လုပ်မလို့လားဆိုပြီး မေးလိုက်ပေမယ့် ရိုးသားတဲ့ ကိုထွန်းကတော့ ” အေး ခနတော့ စောင့်ဦး ပန်းစည်းမှာထားတာ မရောက်သေးလို့ဆိုပြီး Suprise လုပ်မယ့် အစီအစဉ်ကိုပြောပြခဲ့တာမို့ ပိုးကြာဖြူခင်ကတော့ အရမ်း Suprise ဖြစ်နေပြီဆိုပြီး သူယောကျာ်းရဲ့ ရိုးသားကြောင်းကို အားလုံးသိပြီး အတုယူရအောင် ပြောလာခဲ့ပါတယ်။ပရိတ်သတ်တွေကတော့ ပိုးကြာဖြူခင်ကို အရင်ကလို ဝေဖန်မနေကြတော့ဘဲ အရမ်းရင်ခုန်သွားမှာဘဲနော်ဆိုပြီး ပြန်လည်စနှောက်နေခဲ့ကြပါတယ်။
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။