ရေဘေးကြောင့် ကလေးတွေပညာသင်ဖို့အခက်ခဲဖြစ်ကြတာမြင်ရတော့ စိတ်မကောင်းဘူး ဆိုတဲ့ ခိုင်နှင်းဝေ

Celebrity Local News
ရေဘေးကြောင့် ကလေးတွေပညာသင်ဖို့အခက်ခဲဖြစ်ကြတာမြင်ရတော့
စိတ်မကောင်းဘူး ဆိုတဲ့ ခိုင်နှင်းဝေ

သရုပ်ဆောင် ခိုင်နှင်းဝေဟာ ရုပ်ရည်ရော အရည်အချင်းအရ ပြည့်စုံရုံတင်မက စိတ်ထားကောင်းတဲ့နေရာမှာလည်း သူမတူတဲ့ မင်းသမီးတစ်ဦး ဖြစ်ပါတယ်။ လေးစားဂုဏ်ယူချစ်ခင်ရတဲ့ မင်းသမီး ခိုင်နှင်းဝေက အများအကျိုးသယ်ပိုးထမ်းရွက်တဲ့ ပရဟိတအလုပ်တွေကို လုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာ အနုပညာအလုပ်တွေထက် ပြည်သူလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးပြီး ခိုင်နှင်းဝေပရဟိတ အသင်း နဲ့ ခိုင်မိသားစုဂေဟာတို့ကို ဦးစီးဆောင်ရွက်နေတာပဲ ဖြစ်ပါ တယ်။

အခုတစ်ခါမှာလည်းရေဘေးကြောင့် ကလေးတွေပညာရေးရပ်တန့်နေရတဲ့အပေါ်မှာ သူ့ရဲ့ခံစားချက်လေးတွေကိုပြောပြလာပါတယ်။”ကလေးတွေပညာသင်ဖို့အခက်ခဲဖြစ်ကြတာမြင်ရတော့ ကလေ-းတွေပညာရေးအတွက်နှစ်အကုန်ထိ ကျောင်းဆက်ထားပေးမှာပါ တစ်ယောက်ကို၁၀ သိန်းစီလှူပေးဖြစ်တယ်။ ကိုယ့်ကလေ-းတွေနဲ့ဆိုအသက်သိပ်မကွာတော့စိတ်မကောင်းဘူး။ မိဘဆုံးရှုံးသွားတဲ့ရင်သွေးလေးတွေကြည့်ပြီး သားသမီးချင်းကိုယ်ချင်းစာမိတယ်။အိမ်ပြန်ရောက်ရင် ထမင်းခူးခပ်ပြီးခွံ့ကျွေးမယ့်မိဘတွေမရှိတော့ဘူး။ သားသားမီးမီးတွေကိုဘယ်လိုတွေနှစ်သိမ့်ပေးရမလဲမသိတော့ဘူး “ဆိုတဲ့ပြီးရင်ဖွင့်လာတာပဲဖြစ်ပါတယ်။

ဆက်လက်ပြီးသူမက”ရေဘေးကြောင့် မိဘများ ဆုံးရှူံး၊အိုးအိမ်၊စီးပွါး ပျက်စီးသွားသော အထက်တန်း နှင့် အလယ်တန်း ကျောင်းသူ/သား (၂၄)ဦး ကို ကျန်ရှိနေသေး တဲ့ နှစ်ဝက် ပညာရေး အတွက် ဘော်ဒါဆောင်များ တွင် ဆက်လက်ပညာသင်ကြားနိုင်ရန် သိန်း (၂၄၀) ကျပ် ကူညီမျှဝေ ပေးဖြစ်ခဲ့ပါတယ်ရှင်.” ဆိုပြီး သူမတတ်နိုင်တဲ့ဘက်ကကူညီဖြစ်ခဲ့ပုံလေးကိုဝေမျှလာတာပဲဖြစ်ပါတယ်။

 

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...